3B / ၃ (ခ) မြေ အကြောင်း

3B / ၃ (ခ) မြေ အကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
3 May 2018 12:17 pm တွင် တင်ခဲ့သည်
7528 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ အမှတ် ၇၅ ကို ၁၉၅၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။

၁၉၅၄ ခုနှစ် ၊လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး (ပြင်ဆင်ချက်) ၊ အက်ဥပဒေအမှတ် ၂၂ ၊ ၁၉၅၅ ခုနှစ် ၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး (ပြင်ဆင်ချက်) အက်ဥပဒေအမှတ် ၅၄ ၊ ၁၉၅၇ ခုနှစ် ၊လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး (ပြင်ဆင်ချက်) အက်ဥပဒေအမှတ် ၄၉ တို့ကိုထုတ်ပြန်ခဲ့သည်။

၁၉၅၃ ခုနှစ် ၊လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ အခန်း ၁ အမှတ် ၃ (ခ) တွင် လယ်ယာမြေ ဆိုသည်မှာ နိုင်ငံတော်က အလိုရှိသည့်အတိုင်းသုံးစွဲနိုင်သည့် လယ်ယာလုပ်ကိုင်နိုင်သော မြေရိုင်းများနှင့် လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်စိုက်ပျိုးမှု သို.တည်းမဟုတ် လယ် ၊ ယာ ၊ ကိုင်း ၊ကျွန်းဖြင့် အသက်မွေးမှု ကိစ္စများအတွက်ဖြစ်စေ ၊ ယင်းသို့ စိုက်ပျိုးမှု နှင့် အသက်မွေးမှု ၏ အထာက်အပံ့ဖြစ်သော အမှုကိစ္စများအတွက်ဖြစ်စေ ၊ လက်ရှိထားသည့် ၊ သို့တည်းမဟုတ် ၊ သာမန်လုပ်ကိုင်သည့် သို့တည်းမဟုတ် အငှားချထားပြီး ဖြစ်သည့် မြေကိုဆိုလိုသည့်အပြင် ထိုစကားရပ်တွင် ထိုမြေပေါ်ရှိ လူနေအိမ်များနှင့် တခြား အဆောက်အအုံးများ ၊ တည်ရာမြေများလည်း ပါဝင်သည်။ သို့ရာတွင် မြို့ရွာအတွင်းတည်ရှိသော လူနေအိမ်ရာအဖြစ် လက်ရှိထားသည့်မြေ မပါဝင်ချေ။

၁၉၅၃ ခုနှစ် ၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃ (ခ) နှင့် အကျုံးမဝင်တော့မှ လူနေရပ်ကွက် (မြို့မြေ) အဖြစ် သတ်မှတ်၍ရသည်။ မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာန သည် ပုဒ်မ ၃ (ခ) ၏ နောက်ဆုံးစကားရပ်ပါ လယ်ယာမြေနှင့် အကျုံးအဝင်မြေများ တစ်နည်းအားဖြစ် အိမ်ရာမြေအဖြစ် အသုံးပြုထားသော မြေများကို လယ်ယာမြေနှင့် အကျုံးမဝင်ကြောင်း အတည်ပြုစာ ထုတ်ပေးနိုင်သည်။

အတည်းပြုစာ ထုတ်ပေးရန် လျှောက်ထားလာပါက ၁၉၅၃ ခုနှစ် ၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၃(ခ) အရ လယ်ယာမြေဟူသောစကားရပ်တွင် အကျုံးမဝင်ကြောင်း ဝန်ခံလက်မှတ်ထုတ်ပေးရေး ၊ အတည်ပြုအဖွဲ့သို့ စိစစ်တင်ပြရသည်။ အတည်ပြုအဖွဲ့က စိစစ်ပြီး မှန်ကန်ပါက လျှောက်ထားသူများကို လယ်ယာမြေနှင့် အကျုံးမဝင်ကြောင်း ဝန်ခံလက်မှတ် ထုတ်ပေးသည်။

၁၉၅၃ ခုနှစ် ၊လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေအခန်း ၁၆ နှင့် လယ်ယာမြေကို အသုံးချခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၃၉ တွင် ဤ အက်ဥပဒေပါ တခြားပြဌာန်းချက်များတွင် မည်သို့ ရှိစေကာမူ နိုင်ငံတော်သမ္မတသည် သို.တည်းမဟုတ် ဤကိစ္စအလိုဌာ နိုင်ငံတော်သမ္မတက ခန့်အပ်သော အာဏပိုင်သည် လိုအပ်သည်ဟု ထင်မြင်ယူဆလျှင် မည်သည့် လယ်ယာမြေကိုမဆို မိမိသတ်မှတ်သည့် နည်းလမ်းအတိုင်း အသုံးချရန် ဆင့်ဆိုနိုင်သည်။ ( လ/န ၃၉ )

လယ်ယာမြေက မြို့မြေသတ်မှတ်နိုင်သော ပုဒ်မမှာ လ/န ၃၉ ဖြစ်သည်။ လ/န ၃၉ မှ ရောင်းချခြင်း ၊ ဝယ်ယူခြင်း ၊ပေါင်းနှံခြင်းပြုလုပ်၍ ရရှိပေသည်။

Credit : ဇော်မြင့်ဦး (အိမ်ခြံမြေ လမ်းညွှန်)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...

ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service