- ဂရန်လျှောက်ခွင့်ရလို့တော့ လျှောာက်ကြတာချည်းပါပဲ။ သို့သော် စည်းကမ်းနဲ.မညီညွတ်လျှင်တော့ လျှောက်တိုင်းလဲ မကျနိုင်ပါ။
- အရှုတ်အရှင်းရှိနေတဲ့ပါမစ်၊ စလစ်တွေနဲ့ဂရန်လျှော့တာ
- ဘေးဘယ်ညာ မြေကွက်တွေနဲ့ အငြင်းပွားနေတာ
- မြေပိုတွေထည့်ပြီး ဂရန်လျှောက်တာမျိုးတွေကစလို့တစ်ခုခုအမှားအယွင်းနဲ့ဂရန်လျှောက်မယ်ဆိုရင်တော့ လွယ်လွယ်နဲ့ ဂရန်ကျလာမယ် မဟုတ်ပါဘူး။
- ပါမစ်ဝယ်ယူထားသည့် ဆက်စပ်စာချုပ်များမမှန်ကန်ခြင်း။ ထိုအဆက်အစပ်တွင်ပိုင်ရှင်အမည်လွဲမှားနေခြင်းများ ဖြစ်နေလျှင်သော်လည်းကောင်း
- ဖန်တီးထားသောစာချုပ်တို့ဖြင့် တင်ခြင်း(သို့)မတင်ပြနိုင်ခြင်းဖြစ်နေလျှင်သော်လည်းကောင်း
- ပါမစ်ရှိသော်လည်း၊ မြေခွန်ဆောင်ခွင့်မရှိဖြစ်နေသော မြေကွက်တို့နှင့် ပါမစ်အဝယ်စာချုပ်တွင် (၂)ဦးအမည်ပေါက်ပြီး ဂရန်လျှောက်ထားရာတွင်တစ်ဦးတည်းအမည်ဖြင့်လျှောက်ထားလျှင်သော်လည်းကောင်း
- ပါမစ်မှ ရရှိသောမြေအတိုင်းအတာနှင့် ဂရန်လျှောက်ထားသောမြေအတိုင်းအတာတို့ ကွဲလွဲနေလျှင်သော်လည်းကောင်း၊
- မခိုင်လုံသော ကျမ်းကျိန်လွှာ ၊ အမွေဆက်ခံလွှာတို့ဖြင့် လျှောက်ထားလျှင်သော်လည်းကောင်း၊
- နိုင်ငံပိုင်မြေပေါ်တွင်ကျူးကျော်နေခြင်းနှင့် အမှုအခင်းဖြစ်ပွားနေသော မြေကွက်များကိုသော်လည်းကောင်း ဂရန်လျှောက်ထားခဲ့ပါလျှင် အလွယ်တကူဂရန်ကျလာမည် မဟုတ်ကြောင်း မြို့တော်စည်ပင်မှ ပညာပေးထုတ်ပြန်ကြေညာခဲ့ဖူးပါသည်။
Credit : Kyi Soe (I.C)