ကိုယ္ပိုင္လုပ္ငန္းတစ္ခု ေအာင္ျမင္ဖို႔

ကိုယ္ပိုင္လုပ္ငန္းတစ္ခု ေအာင္ျမင္ဖို႔ - Property Knowledge in Myanmar from iMyanmarHouse.com
28 Mar 2018 1:16 pm တွင် တင်ခဲ့သည်
3246 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Zawgyi]

ကိုယ္ပိုင္စီးပြားေရးတစ္ခုကို ေအာင္ျမင္ေအာင္လုပ္ကိုင္ဖို႔ဆိုရင္ လိုအပ္ခ်က္ေတြအျပင္ သတိျပဳရမယ့္ အရာေတြလည္းရွိပါတယ္။ ေရွးဦးစြာ စီးပြားေရးဆိုင္ရာဗ်ဴဟာသုံးစြဲမႈကြၽမ္းက်င္ဖို႔၊ စီးမံခန႔္ခြဲမႈနည္းနာေတြကို ေသခ်ာက်နစြာ သေဘာေပါက္ နားလည္ဖို႔လိုအပ္ပါမယ္။ ဒါ့ျပင္ မိမိလုပ္ ကိုင္မယ့္ ကိုယ္ပိုင္စီးပြားေရးတစ္ခုအတြက္ ရင္းႏွီးျမႇဳပ္ႏွံႏိုင္မႈအတိုင္းအတာကိုသိရွိႏိုင္မႈ၊ လက္ေအာက္ကဝန္ထမ္းေတြကို ေနရာက်နစြာ စီမံခန႔္ခြဲႏိုင္မႈကို လိုအပ္သလို လုပ္ငန္းမွထြက္ ေပၚလာမယ့္ကုန္စည္ (Product)၊ ဝန္ေဆာင္မႈ (Service) တို႔ကို သုံးစြဲသူ (Customer) ေတြဆီ လ်င္ျမန္စြာျဖန႔္ျဖဴး ဖို႔လည္း လိုအပ္ပါတယ္။ လုပ္ငန္းတစ္ခုေအာင္ျမင္ဖို႔ ႀကိဳးပမ္းရာမွာ လုပ္ငန္းလည္ပတ္ေနတဲ့ေဒသရွိေဒသခံေတြရဲ႕ဘဝကို တိုးတက္ေစဖို႔ တျခားအဖြဲ႕အစည္းေတြနဲ႔ လက္တြဲၿပီး ေဆာင္႐ြက္ေပးျခင္း၊ မိမိတာဝန္ေတြရဲ႕အက်ိဳး စီးပြား ေတြကို ေဆာင္႐ြက္ေပးျခင္းတို႔ လုပ္ေဆာင္ေပးရမယ္။ အဲဒီလိုေဆာင္႐ြက္ေပးျခင္းအားျဖင့္ ေဒသခံ ေတြနဲ႔ ဝန္ထမ္းေတြကို ေက်နပ္ေပ်ာ္႐ႊင္ေစၿပီး ပိုမိုေကာင္းမြန္တဲ့လုပ္ငန္းတစ္ခုကို ရရွိေစမွာျဖစ္ပါတယ္။ လုပ္ငန္းစတင္ၿပီဆိုရင္ ကိုယ့္လုပ္ငန္းရဲ႕ အားသာခ်က္ အားနည္းခ်က္ေတြကို အၿမဲမျပတ္ေလ့လာေစာင့္ၾကည္ေနရမွာျဖစ္ပါတယ္။ ဒါမွသာ အားသာခ်က္ေတြကို အေကာင္းဆုံးအသုံးခ်ႏိုင္မွာျဖစ္သလို အားနည္းခ်က္ ေတြကိုလည္းသိရွိၿပီး ျပဳျပင္ႏိုင္မွာျဖစ္ပါတယ္။ အမ်ိဳးမ်ိဳးေသာေဖာက္သည္ေတြ၊ ယွဥ္ၿပိဳင္မႈနယ္ပယ္ေတြ၊ မတည္ၿငိမ္တဲ့ပတ္ဝန္းက်င္နဲ႔ သက္ေရာက္မႈေတြ အတြက္လည္း ျပင္ဆင္ ထားရပါမယ္။ ကိုယ့္လုပ္ငန္းနဲ႔ လုပ္ငန္းအမ်ိဳးအစားတူေနသူေတြရွိေနတယ္ဆိုရင္ အဲဒီလုပ္ငန္းေတြရဲ႕ လုပ္ ေဆာင္ခ်က္ေတြနဲ႔ မိမိလုပ္ငန္းကို ေလ့လာႏႈိင္းယွဥ္ၿပီး မိမိလုပ္ငန္းကို လက္ရွိအေျခအေနထက္ ပိုမို ေကာင္းမြန္ေအာင္ ဖန္တီးတည္ေဆာက္ႏိုင္ရမွာျဖစ္ပါတယ္။ အဓိကလုပ္ေဆာင္ရမွာ ကေတာ့ တျခားသူေတြ အတြက္ ထူးျခားတဲ့အႀကံဉာဏ္ေတြ၊ ဝန္ေဆာင္မႈေတြကို ထပ္ျဖည့္ရမွာ ျဖစ္တယ္။ ဒါ့ျပင္ သင့္ရဲ႕ကုန္စည္နဲ႔ ဝန္ေဆာင္မႈေတြအေပၚစိတ္ခ်ယုံၾကည္ၿပီး ေရရွည္ သုံးစြဲမယ့္အမာခံ သုံးစြဲသူေတြရွိလာေအာင္ႀကိဳးစားပါ။ အဲဒီအခါ အဲဒီသူေတြကတစ္ဆင့္ တျခားသူေတြဆီ သင့္ရဲ႕ထုတ္ကုန္ ေတြဘယ္လိုေကာင္း ေၾကာင္းျပန႔္ သြားပါလိမ့္မယ္။ ကိုယ့္လုပ္ငန္းကထြက္လာမယ့္ထုတ္ကုန္ဟာ လူအမ်ားလိုအပ္တဲ့ကုန္ပစၥည္း၊ လူအမ်ားစိတ္ဝင္ စားမႈရွိမယ့္ပစၥည္းျဖစ္ရမယ္။ လူအမ်ားစိတ္ဝင္စားမႈမရွိတဲ့ ကုန္ပစၥည္းကိုထုတ္လုပ္မယ္ဆိုရင္ စြန႔္စားသလိုျဖစ္ေနသလို အရႈံးေပၚဖို႔လည္း ရာခိုင္ႏႈန္းမ်ားပါတယ္။ ဒါ့ျပင္ ကိုယ့္လုပ္ငန္းကထြက္လာမယ့္ ကုန္ပစၥည္းကို သုံးစြဲမယ့္ Customer ေတြရဲ႕အသက္ အ႐ြယ္က်ား၊ မကြဲျပားမႈ၊ ဝင္ေငြ၊ ကုန္ပစၥည္းအေပၚဝယ္လိုအား၊ Customer ေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ ခံစားမႈစတဲ့ အခ်က္အလက္ေတြကိုလည္း ေလ့လာထားဖို႔လိုပါတယ္။ ဥပမာ- မိမိလုပ္ငန္းဟာ စာေရးကိရိယာလုပ္ငန္းဆိုပါရင္ ေက်ာင္းေနအ႐ြယ္ကေလးေတြ သုံးဖို႔လား၊ လူလတ္ပိုင္း၊ လူႀကီးပိုင္းေတြသုံးဖို႔အတြက္လားဆိုတာကို စဥ္းစားၿပီး ထုတ္လုပ္ရပါမယ္။ ေနာက္ၿပီးကိုယ့္ပစၥည္းရဲ႕ ေစ်းႏႈန္းဟာ ဘယ္ေလာက္ဝင္ေငြရွိတဲ့ Customer ေတြနဲ႔ကိုက္ညီသလဲ ဆိုတာကိုလည္း သိထားရ ပါမည္။ လုပ္ငန္းက ကုန္ပစၥည္းထြက္လာၿပီဆိုရင္ အဲဒီကုန္ပစၥည္းကိုလူအမ်ားသိေအာင္ေၾကာ္ျငာဖို႔၊ ေစ်း ကြက္ကိုထိုးေဖာက္ႏိုင္ဖို႔လိုအပ္လာၿပီျဖစ္ပါတယ္။ ဒီေနရာမွာ သုံးစြဲသူ Customer ေတြ အက်ိဳးစီးပြား ကိုေရွးရႈၿပီး ေစ်းကြက္ကိုထိုးေဖာက္ရမွာျဖစ္ပါတယ္။ က်င့္ဝတ္နဲ႔မညီတဲ့နည္းလမ္းေတြနဲ႔ ေစ်းကြက္ကိုျခယ္ လွယ္ ၿပီးေစ်းကစားတာ၊ မမွန္ကန္တဲ့ ေၾကာ္ျငာနည္းလမ္းေတြ နဲ႔ ဆြဲေဆာင္တာေတြ ကိုလည္း ေရွာင္ရွားဖို႔လိုအပ္လွပါတယ္။ ႐ိုးရွင္းတဲ့နည္းလမ္းေတြျဖစ္တဲ့ ေၾကာ္ျငာဆိုင္းဘုတ္ေတြေထာင္ျခင္း၊ သတင္းစာ၊ ဂ်ာနယ္၊ လက္ကမ္းစာ ေစာင္စတာေတြကို အသုံးျပဳႏိုင္သလို အြန္လိုင္းေပၚ မွာ ဝက္ဘ္ဆိုက္ ဖန္တီးၿပီး Customer ေတြနဲ႔ဆက္သြယ္တာ၊ Facebook Twitter တို႔လို Social Media ေတြကိုအသုံးျပဳတာ၊ တီဗီအစီ အစဥ္ေတြ၊ FM Radio စတဲ့႐ုပ္သံလိုင္းေတြကိုအသုံးျပဳၿပီး ေစ်းကြက္ကိုထိုးေဖာက္ ႏိုင္ပါတယ္။   ေနာက္ဆုံးအေနနဲ႔မွာခ်င္တာကေတာ့ကိုယ္ပိုင္လုပ္ငန္း၊ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းတစ္ခုကိုစတင္ ေဆာင္႐ြက္ရာတြင္စတင္ျခင္းအေပၚကိုသာ အာ႐ုံထားပါ။ အၿပီးသတ္ဖို႔ကို အာ႐ုံမစိုက္မိပါေစနဲ႔။ အႀကီး မားဆုံးစိန္ ေခၚမႈမွာပထမေျခလွမ္းကို လွမ္းျခင္းနဲ႔ လုပ္ငန္းစတင္ေဆာင္႐ြက္ျခင္းျဖစ္ပါတယ္။ ကိုယ္လုပ္ကိုင္မယ့္ လုပ္ငန္း ပေရာဂ်က္တစ္ခုကိုဦးတည္ၿပီး လုပ္ေဆာင္ျခင္းအတြက္ ေျခလွမ္းတိုင္း ေျခလွမ္းတိုင္းအေပၚမွာ အသစ္စတင္ျခင္းအေနနဲ႔ျမင္ၿပီးလုပ္ေဆာင္သြားပါ။ ဒါမွသာ ရႈပ္ေထြးမေန ဘဲ လက္ရွိအေျခအေနကို အေကာင္းဆုံးစြမ္းေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။ ကိုယ္ပိုင္လုပ္ငန္း၊ ကိုယ္ပိုင္စီးပြားေရးတစ္ခုကိုေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္ၾကပါေစ။။ Credit: Myanmarb2bmagazine

[Unicode] 

ကိုယ်ပိုင်လုပ်ငန်းတစ်ခု အောင်မြင်ဖို့

ကိုယ်ပိုင်စီးပွားရေးတစ်ခုကို အောင်မြင်အောင်လုပ်ကိုင်ဖို့ဆိုရင် လိုအပ်ချက်တွေအပြင် သတိပြုရမယ့် အရာတွေလည်းရှိပါတယ်။

ရှေးဦးစွာ စီးပွားရေးဆိုင်ရာဗျူဟာသုံးစွဲမှုကျွမ်းကျင်ဖို့၊ စီးမံခန့်ခွဲမှုနည်းနာတွေကို သေချာကျနစွာ သဘောပေါက် နားလည်ဖို့လိုအပ်ပါမယ်။ ဒါ့ပြင် မိမိလုပ် ကိုင်မယ့် ကိုယ်ပိုင်စီးပွားရေးတစ်ခုအတွက် ရင်းနှီးမြှုပ်နှံနိုင်မှုအတိုင်းအတာကိုသိရှိနိုင်မှု၊ လက်အောက်ကဝန်ထမ်းတွေကို နေရာကျနစွာ စီမံခန့်ခွဲနိုင်မှုကို လိုအပ်သလို လုပ်ငန်းမှထွက် ပေါ်လာမယ့်ကုန်စည် (Product)၊ ဝန်ဆောင်မှု (Service) တို့ကို သုံးစွဲသူ (Customer) တွေဆီ လျင်မြန်စွာဖြန့်ဖြူး ဖို့လည်း လိုအပ်ပါတယ်။

လုပ်ငန်းတစ်ခုအောင်မြင်ဖို့ ကြိုးပမ်းရာမှာ လုပ်ငန်းလည်ပတ်နေတဲ့ဒေသရှိဒေသခံတွေရဲ့ဘဝကို တိုးတက်စေဖို့ တခြားအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ဆောင်ရွက်ပေးခြင်း၊ မိမိတာဝန်တွေရဲ့အကျိုး စီးပွား တွေကို ဆောင်ရွက်ပေးခြင်းတို့ လုပ်ဆောင်ပေးရမယ်။ အဲဒီလိုဆောင်ရွက်ပေးခြင်းအားဖြင့် ဒေသခံ တွေနဲ့ ဝန်ထမ်းတွေကို ကျေနပ်ပျော်ရွှင်စေပြီး ပိုမိုကောင်းမွန်တဲ့လုပ်ငန်းတစ်ခုကို ရရှိစေမှာဖြစ်ပါတယ်။ လုပ်ငန်းစတင်ပြီဆိုရင် ကိုယ့်လုပ်ငန်းရဲ့ အားသာချက် အားနည်းချက်တွေကို အမြဲမပြတ်လေ့လာစောင့်ကြည်နေရမှာဖြစ်ပါတယ်။ ဒါမှသာ အားသာချက်တွေကို အကောင်းဆုံးအသုံးချနိုင်မှာဖြစ်သလို အားနည်းချက် တွေကိုလည်းသိရှိပြီး ပြုပြင်နိုင်မှာဖြစ်ပါတယ်။ အမျိုးမျိုးသောဖောက်သည်တွေ၊ ယှဉ်ပြိုင်မှုနယ်ပယ်တွေ၊ မတည်ငြိမ်တဲ့ပတ်ဝန်းကျင်နဲ့ သက်ရောက်မှုတွေ အတွက်လည်း ပြင်ဆင် ထားရပါမယ်။

ကိုယ့်လုပ်ငန်းနဲ့ လုပ်ငန်းအမျိုးအစားတူနေသူတွေရှိနေတယ်ဆိုရင် အဲဒီလုပ်ငန်းတွေရဲ့ လုပ် ဆောင်ချက်တွေနဲ့ မိမိလုပ်ငန်းကို လေ့လာနှိုင်းယှဉ်ပြီး မိမိလုပ်ငန်းကို လက်ရှိအခြေအနေထက် ပိုမို ကောင်းမွန်အောင် ဖန်တီးတည်ဆောက်နိုင်ရမှာဖြစ်ပါတယ်။ အဓိကလုပ်ဆောင်ရမှာ ကတော့ တခြားသူတွေ အတွက် ထူးခြားတဲ့အကြံဉာဏ်တွေ၊ ဝန်ဆောင်မှုတွေကို ထပ်ဖြည့်ရမှာ ဖြစ်တယ်။ ဒါ့ပြင် သင့်ရဲ့ကုန်စည်နဲ့ ဝန်ဆောင်မှုတွေအပေါ်စိတ်ချယုံကြည်ပြီး ရေရှည် သုံးစွဲမယ့်အမာခံ သုံးစွဲသူတွေရှိလာအောင်ကြိုးစားပါ။ အဲဒီအခါ အဲဒီသူတွေကတစ်ဆင့် တခြားသူတွေဆီ သင့်ရဲ့ထုတ်ကုန် တွေဘယ်လိုကောင်း ကြောင်းပြန့် သွားပါလိမ့်မယ်။

ကိုယ့်လုပ်ငန်းကထွက်လာမယ့်ထုတ်ကုန်ဟာ လူအများလိုအပ်တဲ့ကုန်ပစ္စည်း၊ လူအများစိတ်ဝင် စားမှုရှိမယ့်ပစ္စည်းဖြစ်ရမယ်။ လူအများစိတ်ဝင်စားမှုမရှိတဲ့ ကုန်ပစ္စည်းကိုထုတ်လုပ်မယ်ဆိုရင် စွန့်စားသလိုဖြစ်နေသလို အရှုံးပေါ်ဖို့လည်း ရာခိုင်နှုန်းများပါတယ်။ ဒါ့ပြင် ကိုယ့်လုပ်ငန်းကထွက်လာမယ့် ကုန်ပစ္စည်းကို သုံးစွဲမယ့် Customer တွေရဲ့အသက် အရွယ်ကျား၊ မကွဲပြားမှု၊ ဝင်ငွေ၊ ကုန်ပစ္စည်းအပေါ်ဝယ်လိုအား၊ Customer တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုစတဲ့ အချက်အလက်တွေကိုလည်း လေ့လာထားဖို့လိုပါတယ်။

ဥပမာ- မိမိလုပ်ငန်းဟာ စာရေးကိရိယာလုပ်ငန်းဆိုပါရင် ကျောင်းနေအရွယ်ကလေးတွေ သုံးဖို့လား၊ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေသုံးဖို့အတွက်လားဆိုတာကို စဉ်းစားပြီး ထုတ်လုပ်ရပါမယ်။ နောက်ပြီးကိုယ့်ပစ္စည်းရဲ့ ဈေးနှုန်းဟာ ဘယ်လောက်ဝင်ငွေရှိတဲ့ Customer တွေနဲ့ကိုက်ညီသလဲ ဆိုတာကိုလည်း သိထားရ ပါမည်။ လုပ်ငန်းက ကုန်ပစ္စည်းထွက်လာပြီဆိုရင် အဲဒီကုန်ပစ္စည်းကိုလူအများသိအောင်ကြော်ငြာဖို့၊ ဈေး ကွက်ကိုထိုးဖောက်နိုင်ဖို့လိုအပ်လာပြီဖြစ်ပါတယ်။ ဒီနေရာမှာ သုံးစွဲသူ Customer တွေ အကျိုးစီးပွား ကိုရှေးရှုပြီး ဈေးကွက်ကိုထိုးဖောက်ရမှာဖြစ်ပါတယ်။ ကျင့်ဝတ်နဲ့မညီတဲ့နည်းလမ်းတွေနဲ့ ဈေးကွက်ကိုခြယ် လှယ် ပြီးဈေးကစားတာ၊ မမှန်ကန်တဲ့ ကြော်ငြာနည်းလမ်းတွေ နဲ့ ဆွဲဆောင်တာတွေ ကိုလည်း ရှောင်ရှားဖို့လိုအပ်လှပါတယ်။

ရိုးရှင်းတဲ့နည်းလမ်းတွေဖြစ်တဲ့ ကြော်ငြာဆိုင်းဘုတ်တွေထောင်ခြင်း၊ သတင်းစာ၊ ဂျာနယ်၊ လက်ကမ်းစာ စောင်စတာတွေကို အသုံးပြုနိုင်သလို အွန်လိုင်းပေါ် မှာ ဝက်ဘ်ဆိုက် ဖန်တီးပြီး Customer တွေနဲ့ဆက်သွယ်တာ၊ Facebook Twitter တို့လို Social Media တွေကိုအသုံးပြုတာ၊ တီဗီအစီ အစဉ်တွေ၊ FM Radio စတဲ့ရုပ်သံလိုင်းတွေကိုအသုံးပြုပြီး ဈေးကွက်ကိုထိုးဖောက် နိုင်ပါတယ်။

  နောက်ဆုံးအနေနဲ့မှာချင်တာကတော့ကိုယ်ပိုင်လုပ်ငန်း၊ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင် ဆောင်ရွက်ရာတွင်စတင်ခြင်းအပေါ်ကိုသာ အာရုံထားပါ။ အပြီးသတ်ဖို့ကို အာရုံမစိုက်မိပါစေနဲ့။ အကြီး မားဆုံးစိန် ခေါ်မှုမှာပထမခြေလှမ်းကို လှမ်းခြင်းနဲ့ လုပ်ငန်းစတင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကိုယ်လုပ်ကိုင်မယ့် လုပ်ငန်း ပရောဂျက်တစ်ခုကိုဦးတည်ပြီး လုပ်ဆောင်ခြင်းအတွက် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းအပေါ်မှာ အသစ်စတင်ခြင်းအနေနဲ့မြင်ပြီးလုပ်ဆောင်သွားပါ။ ဒါမှသာ ရှုပ်ထွေးမနေ ဘဲ လက်ရှိအခြေအနေကို အကောင်းဆုံးစွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ပိုင်လုပ်ငန်း၊ ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုအောင်မြင်အောင် လုပ်ဆောင်နိုင်ကြပါစေ။။

Credit: Myanmarb2bmagazine

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service