လချုပ်ဖြင့် အိမ်ခန်းဌားရမ်းခြင်းစာချုပ် နမူနာပုံစံ

လချုပ်ဖြင့် အိမ်ခန်းဌားရမ်းခြင်းစာချုပ် နမူနာပုံစံ - Property Knowledge in Myanmar from iMyanmarHouse.com
26 Jan 2018 12:44 pm တွင် တင်ခဲ့သည်
5407 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

လချုပ်ဖြင့်အိမ်ခန်းဌားရမ်းခြင်း နှစ်ဦးသဘောတူကတိစာချုပ်

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ.တွင် အောက်ပါအမည်ပါသူတို.သည်ဤအိမ်ခန်းကို နှစ်ချုပ်ဖြင့်ဌားရမ်းခြင်းကတိစာချုပ်တစ်ရပ်ကို ရန်ကုန်မြို.၌ ပြုလုပ်ချုပ်ဆိုကြပါသည်။

အိမ်ရှင် ။ ။ ဦးပြုံး (မှတ်ပုံတင် ……………)
အမှတ်( …..) အနောက်မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကဆံရပ်ကွက်၊
ဗဟန်းမြို.နယ်၊ ရန်ကုန်မြို.။

အိမ်ဌား ။ ။ ဒေါ်ရီ (မှတ်ပုံတင် …………..)
အမှတ် (……….) ၊ ဦးချစ်မောင်လမ်း၊ ဆရာစံတောင်ရပ်ကွက်၊
ဗဟန်းမြို.နယ်၊ ရန်ကုန်မြို.။

(အထက်အမည်ပါ အိမ်ရှင်နှင့် အိမ်ဌားဟုဆိုရာ၌ ထိုစကားရပ်၏အဓိပ္ဗာယ်တွင် ၎င်းတို.အသီးသီးကိုယ်တိုင်အပြင် ၎င်းတို.၏ အမွေခံများ၊ တရားဝင်ကိုယ်စားလှယ်များနှင့် လွှဲပြောင်းခြင်းခံရသူ အားလုံးပါဝင်သည်ဟု မှတ်ယူကြပါသည်)

၁။ အထက်အမည်ပါ အိမ်ရှင်နှင့်အိမ်ဌားတို.သည် အိမ်ရှင်ဥပဒေနှင့်အညီ တရားဝင်ပိုင်ဆိုင်ပြီး ဌားရမ်းပိုင်ခွင့်ရှိသည့် အောက်အညွှန်းဇယားတွင် တိကျစွာ ဖော်ပြထားသည့် နေအိမ်ခန်းအား လချုပ်စနစ်ဖြင့် အထက်အမည်ပါ အိမ်ဌားအား အောက်ပါစည်းကမ်းများနှင့်အညီ ဌားရမ်းရန် နှစ်ဦးသဘောတူညီကြပါသည်။

အိမ်ခန်းဌားရမ်းခြင်း စည်းကမ်းချက်များ

(၁) ဌားရမ်းသည့်အိမ်ခန်းကို တစ်လချင်းပေးစနစ်ဖြင့် တစ်လလျှင် ၂၀၀၀၀၀ (ကျပ် နှစ်သိန်းတိတိ) ဖြင့် (၁၅.၇.၂၀၁၅) မှ (၁၅.၇.၂၀၁၆) ထိ (၁၂)လ တိတိ ဌားရမ်းပါသည်။ ဌားရမ်းခများကို အိမ်ဌား၏ဆန္ဒအရ အိမ်ရှင်သို. ကြိုတင်၍ အပြီးပေးချေပါမည်။

(၂) နေအိမ်ခန်းအား လူနေထိုင်ရန် အိမ်ရှင်မှ သဘောတူပါသည်။ လူဦးရေ (……..) ဦးသာ နေထိုင်ခွင့်ရှိပါသည်။

(၃) အိမ်ဌားဖြစ်သူသည် အခြားသူအားထပ်ဆင့်ဌားရမ်းခြင်း၊ အခမဲ့ထားရှိခြင်း မပြုလုပ်ရပါ။

(၄) အိမ်ဌားသည် အိမ်ရှင်၏ ခွင့်ပြုချက်မဘဲ နေအိမ်အား ပြင်ဆင်ခြင်း၊ တိုးချဲ.ခြင်း၊ တစ်ဆင့်ဌားရမ်းခြင်း မပြုလုပ်ရပါ။
(၅) အိမ်ဌားမှ ဥပဒေနှင့်မညီသောကိစ္စများ မပြုလုပ်ပါဟု ဝန်ခံကတိပြုပါသည်။

(၆) အိမ်ဌားမှ ဌားရမ်းသည့်ကာလအတွင်း မိမိသုံးစွဲ.သည့် လျှပ်စစ်မီတာခများ၊ ရေခွန်တို.ကို ပေးဆောင်ရန် သဘောတူညီပါသည်။

(၇) အိမ်ဌား၏ ပေါ့ဆမှုကြောင့် ဌားရမ်းသည့်နေအိမ်အိမ်ခန်း၊ ရေပိုက်၊ လျှပ်စစ်ပစ္စည်းများ ပျက်စီးပါက တန်ဖိုးကိုပေးလျှော်ခြင်း (သို.) ပြန်လည်ပြုလုပ်ပေးရန်

(၈) အိမ်ရှင်မှ ဌားရမ်းထားသည့် ဖော်ပြပါအိမ်ခန်းအတွင်းသို. ဝင်ရောက်စစ်ဆေးလိုပါက အိမ်ဌားမှနံနက် ၆ နာရီမှ ည ၆ နာရီအတွင်း ခွင့်ပြုရန်။

(၉) အိမ်ဌား၏ ဥပဒေနှင့်မညီညွတ်သော လုပ်ဆောင်မှုကြောင့် အိမ်ရှင်၌ နစ်နာဆုံးရှုံးမှု ပေါ်ပေါက်က ပြန်လည်၍ ပေးလျှော်ပါမည်ဟု အိမ်ဌားမှ သဘောတူဝန်ခံကတိပြုပါသည်။

(၁၀) အိမ်ဌားမှ ဆက်လက်မနေလို၍သော်လည်းကောင်း၊ အိမ်ရှင်မှ ဆက်လက်၍ မဌားရမ်းလို၍သော်လည်းကောင်း၊ တစ်ဦးကိုတစ်ဦး ဌားရမ်းကာလ မစေ့ရောက်မီ (၁)လကြိုတင်၍ အသိပေး အကြောင်းကြားရန်။

(၁၁) အိမ်ရှင်နှင့် အိမ်ဌားတို.သည် ဖေါ်ပြပါ နေအိမ်ခန်းအား ဆက်လက်၍ ဌားရမ်းလိုပါက နှစ်ဦးညှိနှိုင်း၍ စာချုပ်အသစ် ထပ်မံချုပ်ဆိုရမည် ဖြစ်ပါသည်။

(၁၂) အိမ်ဌားသည် ဌားရမ်းကာလ စေ့ရောက်သည့် (၁၅.၇.၂၀၁၆) နေ.ရက်မှ နောက်ဆုံးထား၍ ဖော်ပြပါနေအိမ်ခန်းအား အိမ်ရှင်သို. အေးချမ်းသာယာစွာဖြင့် စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်၍ ဖယ်ရှားထွက်ပေးရပါမည်။ အိမ်ရှင်မှ မိမိသော့ဖြင့်ခတ်၍ အခန်းလက်ရောက်ရယူရန် သဘောတူပါသည်။

(၁၃) ဌားရမ်းကာလစေ့ရောက်၍ အိမ်ဌားသည် နေအိမ်ခန်းမှ ဖယ်ရှားသည့်အခါ အပိုငွေကြေးတစ်စုံတစ်ရာ မတောင်းခံပါဟုဝန်ခံကတိပြုပါသည်။

(၁၄) ဌားရမ်းကာလ မစေ့ရောက်မီ အိမ်ဌားမှ အိမ်ပြန်အပ်က ငွေပြန်မအမ်းပါ။

(၁၅) အိမ်ဌားမှ ပတ်ဝန်ကျင်အားဆူညံခြင်း၊ နှောက်ယှက်ခြင်းမပြုလုပ်ပါဟု ဝန်ခံကတိပြုပါသည်။ ၎င်းအပြင် အိမ်ဌားစည်းကမ်းချက်နှင့်အညီ နေထိုင်ပါမည်ဟု ဝန်ခံကတိပြုပါသည်။ဌားရန်သည့် အိမ်ခန်းစာရင်းဇယား

ရန်ကုန်မြို.၊ ဗဟန်းမြို.နယ်၊ ဆရာစံတောင် (စံပြ) ရပ်ကွက်၊ ငွေလရောင်းလမ်း ၊ အမှတ် (……) (၆)ထပ်တိုက်၊ မြေညီထပ်၊ (၂၀’ x ၄၀’) ပေရှိ ရေးမီးစုံ တိုက်ခန်း (၁)ခန်း

၂။ သို.ဖြစ်ရာ အိမ်ဌားမှ (၁၂)လအတွက် ဌားရမ်းခငွေ စုစုပေါင်း ကျပ် ၂၄၀၀၀၀၀ိ/- (ကျပ်နှစ်ဆယ့်လေးသိန်းတိတိ) ကို ကနေ.တွင် ကြိုတင်၍ပေးချေရာ အိမ်ရှင်မှ အပြည့်အဝ လက်ခံရရှိပါကြောင်းဤစာချုပ်ဖြင့် ဝန်ခံပါသည်။

၃။ ထိုနည်းတူ အိမ်ဌားဖြစ်သူမှလည်း မိမိဌားရမ်းသည့် အထက်ဖော်ပြပါ နေအိမ်ခန်းအား နေအိမ်ခန်းအား လွှဲပြောင်းလက်ခံရရှိကြောင်း ဝန်ခံပါသည်။

၎။ အထက်စာချုပ်ပါ စကားရပ်များကို မိမိကိုယ်တိုင် သေချာစွာ ဖတ်ရှု၊ သိရှိ၊ နားလည်းသဘောပေါက်ကြပြီး အောက်ပါအသိသက်သေများ၏ ရှေ.တွင် လက်မှတ်ရေးထိုး ချုပ်ဆိုကြပါသည်။

(ဦးပြုံး) (ဒေါ်ရီ)
အိမ်ရှင် အိမ်ဌား

အသိသက်သေများ

၁။ အမည် …………
မှတ်ပုံတင် …………
နေရပ် …………………..

၂။ အမည် …………………
မှတ်ပုံတင် …………………
နေရပ် …………………..

Credit : U Myint Lwin ( Lawyer )

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service