ယခုနှစ် ပထမသုံးလပတ် (၂၀၁၇ ခုနှစ် ဇန်န၀ါရီ၊ ဖေဖော်ဝါရီနှင့် မေ) တွင် စင်္ကာပူရှိ ပုဂ္ဂလိကအိမ်များ၏ ဈေးနှုန်းများသည် ပြီးခဲ့သည့် စတုတ္ထသုံးလပတ် (၂၀၁၆ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ) အောက် ၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ထိုနှုန်းသည် ၂၀၁၆ တတိယသုံးလ
ပတ် (၂၀၁၆ ဇူလိုင်၊ သြဂုတ်နှင့် အောက်တိုဘာ) အောက် စတုတ္ထသုံးလပတ်တွင်ကျဆင်းနှုန်းနှင့်အတူတူပင်ဖြစ်ကြောင်း
စင်္ကာပူမြို့ပြပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်
အဖွဲ့ (URA) က ယမန်နေ့ (ဧပြီ ၃) တွင် ထုတ်ပြန်ခဲ့သည်။
ယခုနှစ် ပထမသုံးပတ်တွင် ပုဂ္ဂလိကအိမ်ဈေးများ ကျဆင်းခြင်းသည် သုံးလပတ် ၁၄ ပတ်ဆက်တိုက်မြောက် ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ဒုတိယသုံးလပတ် (၂၀၁၆ ဧပြီ၊ မေနှင့် ဇွန်) အောက် တတိယသုံးလပတ်တွင် ကျဆင်းနှုန်းက
၁ ဒသမ ၅ ရှိခဲ့ရာမှ သုံးလပတ်နှစ်ခုဆက်တိုက် ကျဆင်းနှုန်း
ပြန်လည်လျော့ကျလာခြင်းလည်း ဖြစ်သည်။
ထို့သို့ ကျဆင်းနှုန်းပြန်လည်လျော့ကျလာသော်လည်း အိမ်ခြံမြေဈေးကွက်တွင် မြန်ဆန်သော အလှည့်အပြောင်းတစ်ခုဖြစ်လာရန် မျှော်မှန်း၍ မရပါ။ စိန်ခေါ်မှုများနေသည့် စီးပွားရေး၊ မြင့်တက်
နေသော အတိုးနှုန်းများနှင့် အလုပ်အကိုင်ဈေးကွက်တွင်
မရေရာမှုများကြောင့် ဖြစ်သည်။
အစိုးရက အိမ်ခြံမြေစည်းမျဉ်းများကို တဖြည်းဖြည်းဖြေလျှော့လာနေပြီး ဆက်လက်လျှော့ချလာနိုင်
သည့်တိုင် စင်္ကာပူရှိ အိမ်ဈေးများသည် ဆက်လက်ကျဆင်းနိုင်ဖွယ်
ရှိကြောင်း Fitch Ratings ကမ္ဘာ့အကဲဖြတ်ကုမ္ပဏီက ပြီးခဲ့သည့်လက ခန့်မှန်းချက်ထုတ်ပြန်ထားခဲ့သည်။
ထိုအကဲဖြတ်ကုမ္ပဏီက စင်္ကာပူ၏ အိမ်ခြံမြေကောလဟလများ
ကို လျှော့ချထိန်းချုပ်ရန် ကြိုးပမ်း
ချက်များသည် ထိရောက်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
အစိုးရက အခွန်များ တိုးမြှင့်လိုက်ပြီး ချေးငွေစည်းမျဉ်းအား ပိုမိုတင်းကျပ်ခဲ့
သဖြင့် ဈေးကစားသော ၀ယ်ယူမှုများသည် ၂၀၀၉ ခုနှစ်ကတည်းက ကျဆင်းလာခဲ့သည်။
ထို့ကြောင့် ပြီးခဲ့သည့်သုံးနှစ်အတွင်း အိမ်ဈေးများ ကျဆင်းလာခဲ့ပြီး အိမ်ချေးငွေဖွံ့ဖြိုးမှုသည်လည်း ၂၀၁၁ ခုနှစ်ကတည်းက နှေးကွေးလာသည်။
သို့ဖြစ်ရာ Fitch က အိမ်ဈေးများသည် လာမည့်နှစ်နှစ်အတွင်း နောက်ထပ် ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း ထပ်မံကျဆင်းနိုင်ပြီး အတိုးနှုန်းများသည် လက်ရှိအဆင့်မှ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းခဲ့ခြင်းဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com