လက်တလော အိမ်ခြံမြေဈေးကွက်မှာ အိမ်တွေ ၊ တိုက်ခန်းတွေကို ငှားရမ်း တာထပ် ရောင်းချတာတွေ ပိုပြီးများလာတယ်လို့ သိရပါတယ် ။
‘အခုနောက်ပိုင်းကျတော့ တိုက်ခန်းတွေ ၊ အိမ်တွေကို ငှားရမ်းတာထက်ေ ရာင်းဝယ်တာတွေကို ပိုပြီး လုပ်လာကြတာများတယ် ၊ ဘာလို့လဲဆိုတော့ ဝယ်ထားတယ်ဆိုရင် ဈေးတက်တဲ့အချိန် ၊ ငွေလိုနေတဲ့ အချိန်တွေဆိုရင် ပြို ပီးကောင်းတယ်လေ ၊ ရောင်းဝယ်လုပ်ရတာ ၊ အဲဒီလိုဆိုတော့ ပြန် ဝယ်ြ ပီးပြန်ရောင်းတဲ့ သူတွေအတွက်ကလဲ တွက်ခြေကိုက်တယ် ၊ မြတ်တယ် ၊ အဲဒီလိုပေါ့ ၊ အဲဒါတွေကြောင့် အခုနောက်ပိုင်းမှာ ရောင်းချတာတွေ ပိုများ လာတာ’ လို့ အိမ်ခြံမြေအကျိုးဆောင် ကိုမျိုးမင်းက ပြောပါတယ် ။
အခုနောက်ပိုင်း ဝယ်ယူသူတွေက ကိုယ်တိုင်နေဖို့ထက် ပြန်ရောင်းဖို့ ၊ ပြန် ငှားဖို့အတွက်ကိုပဲ ဝယ်ယူနေကြတာဖြစ်ပါတယ် ။ ဈေးကျနေချိန်ဆို ငှားရမ် ထားကြပြီး ဈေးတက်ချိန်ဆိုရင် ပြန်လည်ရောင်းချကြတာ ဖြစ်ပါတယ် ။
‘အဲဒါကို ဝယ်ရောင်းလုပ်တာလို့ ခေါ်ကြတာပေါ့နော် ၊ အများဆုံးကတော့ အကျိုးဆောင်တွေပေါ့ ၊ ပွဲစားတွေ လုပ်ကြတာ ၊ အဲဒီတော ငှားချင်တယ် ဆို ရင်လဲ သူတို့ရမယ့်ပွဲခတွေလဲ ရမယ်ဆိုတော့ သူတို့အတွက်ကတော့ အ ဆင်ပြေတယ် ၊ တချို့တွေကတာ့ ငွေများများရှိတယ် ၊ ငွေကိုလက်ထဲ မထား ချင်ဘူး ၊ အဲဒီလိုလူတွေက ဝယ်ရောင်းပြန်လုပ်တာတွေလဲ ရှိတယ်’ လို့ အိမ်ြ ခံမြေအကျိုးဆောင် ဒေါ်ဝင်းဝင်းမော်က ပြောပါတယ် ။
Credit: The Kumudra