အခုနောက်ပိုင်းမှာ အိမ်တွေ ငှားရမ်းရာမှာ လချင်းပေး ၊ လချုပ်ပုံစံတွေ မ ဟုတ်တော့ဘဲ နှစ်ချုပ်စနစ်တွေနဲ့ ငှားရမ်းတာတွေ ပိုပြီး များလာတယ်လို့ သိရပါတယ် ။
‘အခုနောက်ပိုင်း အိမ်ငှားတဲ့ပုံစံတွေက ပြောင်းလာတယ် ၊ လချင်းပေးတွေလဲ မငှားကြတော့ဘူး ၊ လချုပ်တွေနဲ့ ငှားတာလဲ နည်းသွားတယ် ၊ နှစ်ချုပ်နဲ့ ဆိုေ တာ့ အဆင်လဲပြေတယ် ၊ နှစ်ချုပ်ဆိုတာလဲ ၁ နှစ် ၊ ၂ နှစ်ကို ပြောတာ မ ဟုတ်ဘူး ၊ နှစ်အရှည်ကြီးကို ပြောတာ ၊ အဲဒီလိုငှားတာများလာတာ ၊ နှစ် ရှည် ငှားတာဆိုတော့ အိမ်လခတွေတက်လာရင်လဲ လိုက်ပြီး တက်စရာ မလိုတော့ဘူးဆိုတော့ အဆင်ပြေနိင်တယ်’ လို့ အိမ်ခြံမြေ အကျိုးဆောင် ကိုမျိုးမင်းက ပြောပါတယ် ။
သည်လို နှစ်ရှည်စာချုပ်ချုပ်ငှားရမ်းတာတွေက မြို့ကြီးတွေမှာ ပြုလုပ်တာနည်းသေးပေမဲ့ နယ်မြို့ တော်တော်များများမှာတော့ လုပ်ကိုင်နေတယ်လို့ သိရပါတယ် ။
နှစ်ရှည်တွေ ငှားရမ်းနေထိုင်နိုင်တာကြောင့် ငှားရမ်းသူတွေ အနေနဲ့လည်း ပိုပြီး အဆင်ပြေကြသလို အိမ်ရှင်တွေအနေနဲ့လည်း နှစ်ရှည်အတွက် ဝင်ငွေ ရရှိနိုင်တာကြောင့် အလုပ်အကိုင်တွေအတွက် ရင်းနှီးဖို့ အဆင်ပြေနိုင် မှာ ဖြစ်တယ်လို့ သိရပါတယ် ။
အရင်တုန်းက အိမ်ငှားတဲ့ပုံစံတွေက စရန်ပေးပြီး လချင်းပေးတဲ့ ပုံစံတွေ ၊ ခြောက်လချုပ် ၊ သုံးလချုပ်ပုံစံတွေနဲ့ ငှားကြတာဖြစ်ပြီး အခုနောက်ပိုင်း နယ်မြို့တွေမှာတော့ ငါးနှစ် ၊ ၁၀ နှစ် စတဲ့ နှစ်ရှည်ငှားတဲ့ ပုံစံတွေနဲ့ ငှားရမ်းလာကြတာလို့ သိရပါတယ် ။
Credit: The Modern