တရုတ်အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ချောင်ချွန်ချိုက လန်ဒန်ရှိ "ဒိန်ခဲခြစ်ခုံ" မိုးမျှော်တိုက်ကိုပေါင် ၁ ဒသမ ၁၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ) ဖြင့် ၀ယ်ယူတော့မည်ဖြစ်ကြောင်း ထိုအဆောက်အအုံ၏ လက်ရှိပိုင်ရှင် လန်ဒန်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ British Land က ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (မတ် ၁ )တွင် ထုတ်ပြန်ခဲ့သည်ကို တရုတ်သတင်းမီဒီယာများ၌ ယမန်နေ့ (မတ် ၂ )က ဖော်ပြခဲ့သည်။ ပေါင်ငွေတန်ဖိုး ကျဆင်းနေစဉ် နိုင်ငံခြားဝက်လက်များ၏ အမြတ်ထွက်မှုများအနက် တစ်ခုဖြစ်သည်။
ချောင်၏ ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ CC Land ကဒိန်ခဲခြစ်ခုံနှင့်ဆင်တူသော The Leadenhall Building ကို ထိုဂုဏ်သတင်းကြီးသည့်နေရာ၏ ပူးတွဲပိုင်ရှင်များဖြစ်သည့် British Land နှင့် Oxford Properties တို့နှင့်သဘောတူညီမှု ရရှိပြီးနောက် ၀ယ်ယူတော့မည်ဖြစ်သည်။
လန်ဒန်စီးပွားရေးခရိုင်၏ အမြင့်ဆုံးသော၊ ၄၆ ထပ်ရှိသည့် ထိုအဆောက်အအုံကို၂၀၁၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး စတုရန်းပေ ၁ ပေလျှင် ငှားရမ်းခ ပေါင် ၁၀၀ကျော်ဖြင့် စံချိန်တင်ထားသည်။
ငှားရမ်းသူများတွင် အာမခံကုမ္ပဏီများဖြစ်သည့် Aon နှင့် MS Amlin၊ ယင်းအဆောက်အအုံ၏ ဗိသုကာ ပညာရှင်များဖြစ်သည့် ရော်ဂျာစတာ့က်ဟာဘာနှင့် မိတ်ဖက်များ ပါဝင်သည်။
"လန်ဒန်မှာ အဆင့်အတန်းရှိပြီး နေရာအကွက်အကွင်းကောင်းတဲ့ အိမ်ခြံမြေတွေကိုရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်အားကောင်းနေတယ်ဆိုတာကို ဒီအရောင်းအ၀ယ်ကပြနေပါတယ်" ဟု British Land ၏ ရုံးခန်နှင့် လူနေအခန်းများဆိုင်ရာ အကြီးအကဲတင်မ်ရောဘတ်က ပြောကြားခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com