တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း တန်ဖိုးနိမ့်မှ အ လယ်အလတ်တန်းစားအိမ်ခန်းများအား အဝယ်လိုက်ခဲ့သဖြင့် အိမ်သစ်ေ ရာင်းအားသည် သုံးပတ်မြောက်ဆက်တိုက်အဖြစ် ဆက်လက်မြင့်တက်ခဲ့သည်။
အစိုးရမတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ အိမ်သစ်ဧရိယာ စတုရန်း မီတာ ၁၂၅,၀၀၀ ကို ပြီးခဲ့သည့် တနင်္ဂနွေ (ဖေဖော်ဝါရီ ၂၆) တွင် ကုန်ဆုံးခဲ့ သည့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရောင်းချခဲ့ရကြောင်း၊ ယင်းသည် ယင်းမတိုင်မီ သီတင်းပတ်ထက် ၃၄ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်ြး ဖစ်ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai Centaline Property Consultants Co က ယခုသီတင်းပတ် တနင်္လာနေ့(ဖေဖော်ဝါရီ ၂၇) တွင် ထုတ်ပြန်ခဲ့သည်။
ယင်းအိမ်သစ်များကို ၁ စတုရန်းမီတာလျှင် ပျှမ်းမျှ ၄၃,၀၄၈ ယွမ် (အမေရိ ကန်ဒေါ်လာ ၆,၂၄၀) ဖြင့် ရောင်းချခဲ့ရသည်။ ထိုဈေးနှုန်းသည် အဓိက အားဖြင့် ဈေးကွက်ဖွဲ့စည်းလည်ပတ်ပုံအပြောင်းအလဲကြောင့် ယင်းမတိုင်မီ သီတင်းပတ်အောက် ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
အရောင်းရဆုံးဖြစ်ခဲ့သည့် စီမံကိန်း ၁၀ ခု၏ ထက်ဝက်ခန့် တည်ရှိရာ နန်ဟွေ ခရိုင်နှင့် ဆုန်ကျန်းခရိုင်တို့တွင် စတုရန်းမီတာ ၂ သောင်းကျော် စီ ရောင်းချခဲ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရှန်ဟိုင်း၌ အိမ်သစ်ရောင်းလိုအားသည်
လည်း စတုရန်းမီတာ ၃၉,၀၀၀ သာ ရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်အောက်
၆၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းလည်း Centaline က ထုတ်ပြန်ခဲ့သည်။
"developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသူ များ) တွေဟာ အများအားဖြင့် နှစ်ကူးကာလပြီးနောက် နှစ်တစ်နှစ်ရဲ့ ပထမ ဆုံးကြီးကြီးမားမား ပြန်လည်မြင့်တက်မှုအနေနဲ့ ဖေဖော်ဝါရီလကုန်လောက် မှာ ရောင်းလိုအားကို တိုးမြှင့်တတ်ကြပါတယ်" ဟု Centaline ၏ အကြီး တန်း သုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။
ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်လျှော့ချရန် စီမံချက်များ ဆက်လက်တင်း ကျပ် အကောင်အထည်ပေါ်နေသဖြင့် developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသူ) များ၏ ယုံကြည်မှုယိုင်နဲ့ခဲ့သဖြင့် ပြီးခဲ့သည့်သီတင်းပတ်က ထိုသို့ရောင်းလိုအား ကျဆင်းခဲ့ခြင်းဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com