အာရှနိုင်ငံတွေအနေနဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ဖို့၊ စီးပွားရေး
ဖွံ့ဖြိုးမှု တွန်းအားပေးဖို့၊ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့အတွက်
လာမယ့် ၂၀၃၀ မတိုင်ခင် အခြေခံအဆောက်အအုံပိုင်းမှာ
အမေရိကန်ဒေါ်လာ ၂၆ ထရီလီယံအထိ သုံးစွဲရမယ်လို့
အာရှဖွံ့ဖြိုးရေးဘဏ် ADB က သတိပေးသွားပါတယ်။
" အာရှအခြေခံအဆောက်အအုံလိုအပ်ချက် ဖြည့်ဆည်းရေး"
အစီရင်ခံစာမှာတော့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေတစ်ချို့အပါအ၀င်
အာရှဒေသအစိုးရတွေအနေနဲ့ သယ်ယူပို့ဆောင်ရေး၊
ဆယ်သွယ်ရေး၊ လျှပ်စစ်၊ ရေနဲ့ မိလ္လာစနစ် စတဲ့ အခြေခံ
အဆောက်အအုံပိုင်းမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်သင့်ပါတယ်လို့
ADB ဘဏ်က သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေတုန်းက အခြေခံအဆောက်အအုံပိုင်းမှာ
သိသာတဲ့ တိုးတက်မှုတွေ မြင်ထားရပေမယ့်လည်း လူပေါင်း
သန်း ၄၀၀ ကျော်လောက်ဟာ လျှပ်စစ်မီးမရတဲ့အခြေအနေမှာ
ရှိနေသေးပြီး လူပေါင်း သန်း ၃၀၀ လောက်ဟာ သန့်ရှင်းတဲ့
သောက်သုံးရေ ရမနေဘဲ လူပေါင်း ၁ ဒသမ ၅ ဘီလီယံဟာ
အခြေခံမိလ္လာစနစ်တို့ ရှိမနေဘူးလို့ ယင်းက ထုတ်ပြန်သတိ
ပေးထားပါတယ်။
" အာရှ-ပစိဖိတ်ဒေသအတွင်း အခြေခံအဆောက်အအုံပိုင်း
လိုအပ်ချက်က လက်တစ်လောမှာ ကြီးမားနေပါတယ်" လို့
ADB ဥက္ကဌ Takehiko Nakao က အစီရင်ခံစာမှာ
ပြောထားပါတယ်။
" အာရှဒေသမှာ အသစ်အသစ်သော အဆင့်မြင့် အခြေခံအဆောက်
အအုံ လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါတွေကနေတဆင့်
စီးပွားရေးတိုးတက်မှုကို အားပေးနိုင်ပါလိမ့်မယ်၊ ဒီအပြင်
ရာသီဥတု ပြောင်းလဲမှုလိုမျိုး ကမ္ဘာ့စိန်ခေါ်မှုတွေကို
တုန့်ပြန်ဖြေရှင်းနိုင်ပါလိမ့်မယ်" လို့ ၎င်းက ပြောသွားပါတယ်။
မနီလာအခြေစိုက် ဘဏ်က အကြံပြုထားရာမှာတော့ ဒေါ်လာ
၁၄ ဒသမ ၇ ထရီလီယံလောက်ကို လျှပ်စစ်စွမ်းအင်လုပ်ငန်းပိုင်းမှာ
သုံးသင့်ပြီး ဒေါ်လာ ၈ ဒသမ ၄ ထရီလီယံကိုတော့ သယ်ယူ
ပို့ဆောင်ရေးနဲ့ ဒေါ်လာ ၂ ဒသမ ၃ ထရီလီယံကို တယ်လီကွန်းနဲ့
ဒေါ်လာဘီလီယံ ၈၀၀ ကို ရေနဲ့ မိလ္လာစနစ်တို့မှာ သုံးစွဲသင့်တယ်
လို့ ပြောထားပါတယ်။
Credit: Business Times