ဆယ်လီနာ ဂိုးမက်စ်ဟာ တက္ကဆက်ပြည်နယ် Fort Worth မြို့ရှိ စတုရန်းပေ တစ်သောင်းကျယ်တဲ့ သူ့ရဲ့အိမ်ကြီးကို ရောင်းချနေတယ်လို့ သိရပါတယ်။
အဲဒီအိမ်ကြီးက အိပ်ခန်း ၅ ခန်းနဲ့ ရေချိုးခန်း ၆ ခန်း ပါဝင်ပြီး ဒေါ်လာ ၂.၉၉၉ သန်းနဲ့ Briggs Freeman Sotheby’s International Real Estate ကနေ အခု ရောင်းနေပါပြီ။
ကျယ်ပြောလှတဲ့ နောက်ဘေးကွင်းပြင်ကြီးမှာ ကျောက်တုံးတွေနဲ့ အလှဆင်ထားတဲ့ ရေပူစမ်းနဲ့ ရေကူးကန်အပြင် မီးလင်းဖိုလည်း ပါရှိပါတယ်။အပြာရောင် အခင်းခင်းထားတဲ့ တန်းနစ်ကွင်းတစ်ကွင်းလည်း ရှိနေပြီး အိမ်အပြင်ဘက်မှာ ဧည်ခန်းတစ်ခုရှိသလို မီးလင်းဖိုတစ်ခုနဲ့အတူ တစ်ခန်းလုံးကို ကျောက်သားနံရံတွေနဲ့ စီခြယ်ထားပါတယ်။
အိမ်ထဲမှာလည်း မီဒီယာခန်းတစ်ခန်းရှိသလို ပန်းရောင်တွေနဲ့ အလှစင်ထားတဲ့ ဘီလီးယက်ကစားခန်းတစ်ခန်းကိုလည်းထားရှိပါတယ်။စကျင်ကျောက်တွေနဲ့
ပြုလုပ်ထားတဲ့ လျှောက်လမ်း၊ ကျောက်သားနံရံ
တွေနဲ့ အလှစင်ထားတဲ့ အိမ်ကြီးနဲ့ ကျယ်ဝန်းပြီး စိမ်းစိုလှတဲ့ ခြံကြီးကို တကယ့်ကို နေချင်စရာအတိပါပဲ။
ဆယ်လီနာဟာ ယင်းအိမ်ကြီးကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလက ဒေါ်လာ ၃.၅ သန်းနဲ့ ဝယ်ယူခဲ့တယ်လို့ Zillow က အချက်အလက်များအရသိရပါတယ်။ သူမဟာ ဒီအိမ်ကြီးမှာ လာမနေနိုင်တဲ့အတွက် အခုလို ပြန်ရောင်းဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောာင်း သိရပါတယ်။
“အားလပ်ရက်တွေရှိမှသာဒီမှာလာနေနိုင်တာ။သူ့ရဲ့အလုပ်ကြောင့်
ကမ္ဘာအနှံ့လျှောက်သွားနေရတယ်လေ။
မီဒီယာခန်းထဲမှာ မိသားစုနဲ့အတူ အပန်းဖြေရတာ သူတကယ်သဘောကျပါတယ်” လို့ သူမရဲ့ အိမ်ခြံမြေအကျိုးဆောင် အက်ရှလေကွတ်ခ်က ပြောခဲ့ပါတယ်။
Credit: Daily Mail