သီလဝါစီးပွားရေးဇုန် အပိုင်း (ခ)က မြေနေရာတွေကို သည် ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ငှားရမ်းမယ်လို့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီက သိရပါတယ် ။
သီလဝါအထူးစီးပွားရေးဇုန် အပိုင်း (ခ)က စုစုပေါင်း မြေအကျယ် ၇၀၀ ဟက်တာရှိပြီး ပထမဆုံးဖြစ်တဲ့ first fact အဖြစ် ၁၀၁ ဟတ်တာနဲ့ စတင် တည်ဆောက်မှာဖြစ်ပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဖို့အ တွက် မြေ ငှား ရမ်းတာတွေကို သည်နှစ်ကုန်ပိုင်းမှာ စတင်ငှားရမ်းမှာဖြစ်ပါတယ် ။ သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (ခ)ကို သည်လ ၂၄ ရက်နေ့ကစတင် ဖွင့်လှစ်ခဲ့ တာ ဖြစ်ပါတယ် ။
လက်ရှိ အပိုင်း (ခ) စီမံကိန်းအတွက် တည်ဆောက်ရေးလုပ်ငန်းတွေ စတ င်နေပြီး အပိုင်း (ခ) တည်ဆောက်ရေးနဲ့ မလွတ်တဲ့ ကျေးရွာနှစ်ရွာကိုလည်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)ရဲ့ စံသတ်မှတ်ချက်နဲ့ မြေလျော်ကြေးတွေ ပေးနေတာဖြစ်ပါတယ် ။
ဂျိုက်ကာရဲ့ စံနှုန်းသတ်မှတ်ချက်အရ မြေလျော်ကြေး အပြင် မြေပေါ် စိုက် ထားတဲ့ ကောက်ပဲသီးနှံတွေအတွက် ခြောက်နှစ်စာ တန်ဖိုးလျော်ကြေး ၊ မြေရာနဲ့ အိမ်တည်ဆောက်ပေးတာ (အိမ်တန်ဖိုးနဲ့ ညီမျှတဲ့ငွေပေးတာ)၊ အိမ်ထောင်ဦးစီး အမျိုးသမီးဖြစ်တဲ့ မိသားစုတွေ ၊ ကျောင်းသားရှိတဲ့ မိသားစု နဲ့ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုရှိတဲ့ မိသားစုတွေ ၊ မသန်စွမ်းသူ ရှိတဲ့ မိသားစုတွေကို လျော်ကြေးထပ်ဆောင်းပေးတာတွေရှိတယ်လို့ သိရ ပါတယ် ။
သီလဝါအထူးစီးပွားရေးဇုန် အပိုင်း(ခ)ကို လာမယ့် ၂၀၁၈ ခုနှစ်အ ကုန်ေ လာက်မှာ first fact အဖြစ် ၁၀၁ ဟက်တာကို အပြီးတည်ဆောက်နိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ် ။
သီလဝါအထူးစီးပွားရေးဇုန်ကို ဂျပန် - မြန်မာ သီလဝါဖွံ့ဖြိုးမှု ကုမ္ပဏီ လီမိ တက်ကို ၂၀၁၄ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး သီလဝါအထူးစီးပွားရေးဇုန် အ ပိုင်း (က)နဲ့ (ခ)ကို တည်ဆောက်နေတာ ဖြစ်ပါတယ် ။
သီလဝါအထူးစီးပွားရေးဇုန် အပိုင်း (က)ကတော့ စုစုပေါင်း အကျယ်အဝန်း ဟက်တာ ၂၄၀၀ ကျယ်ဝန်းပြီး မြေနေရာ ၉၅ ရာခိုင်နှုန်းကို ငှားရမ်းထား တာဖြစ်ပါတယ် ။ နိုင်ငံပေါင်း ၁၆ နိုင်ငံက ကုမ္ပဏီ ၇၈ ခုက စက်ရုံများ ၊ ကုန်ထုတ်လုပ်ငန်း ထုတ်လုပ်ဖို့အတွက် မြေနေရာ ငှားရမ်းထားတာ ဖြစ်ပါ တယ် ။
သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဆက်အောင်က ‘ဇုန်အေက တစ်နှစ်ခွဲမှာ တစ်ဘီလျံကျော်ဝင်တယ် ၊ အလုပ်အကိုင် အခွင့်အ လမ်း ပိုပေးနိုင်တာတွေ ၊ အိတ်စပို့များများလုပ်နိုင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေ ၊ ဇုန်အပြင်ဘက်က ပြည်တွင်းလုပ်ငန်းတွေနဲ့ ပေါင်းစပ်လုပ်နိုင်မယ့် ရင်းနှီြး မှုပ်နှံသူတွေကို ဦးစားပေးမယ်’ လို့ ပြောပါတယ် ။
ကုန်ထုတ်လုပ်မှုစက်ရုံ ၊ အလုပ်ရုံတွေ တည်ဆောက်ပြီး လုပ်ငန်းစတင် လည်ပတ်နေပြီဖြစ်တဲ့ သီလဝါအထူးစီးပွားရေးဇုန် အပိုင်း (က)မှာ အလုပ် သမား ၇၇ ရာခိုင်နှုန်းကို သန်လျင် ၊ ကျောက်တန်း က ဒေသခံတွေကို အ လုပ်အကိုင်ပေးထားတာ ဖြစ်တယ်လို့ သိရပါတယ် ။
Credit: The Kumudra