အထူးစီးပွားရေးဇုန်များနှင့် လူ့အခွင့်အရေးများ ကာကွယ်ရန် ICJ အစီရင်ခံစာ ထုတ်ပြန်

အထူးစီးပွားရေးဇုန်များနှင့် လူ့အခွင့်အရေးများ ကာကွယ်ရန် ICJ အစီရင်ခံစာ ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
28 Feb 2017 10:08 am တွင် တင်ခဲ့သည်
818 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရမည့် နိုင်ငံတော် ၏ တာဝန်ဝတ္တရား အစီရင်ခံစာကို အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မရှင်(ICJ) က ယနေ့ ဖေဖော်ဝါရီ ၂၇ တွင် ထုတ်ပြန်လိုက်သည်။

အစီရင်ခံစာတွင် ထားဝယ်၊ ကျောက်ဖြူ နှင့် သီလဝါ အထူးစီးပွားရေးဇုန်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင့်ထက်စီးနင်းပြုမှုများ ဖြစ်ပေါ်နေပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် လူ့အခွင့် အရေးနှင့် အသိမ်းဆည်းခံလယ်ယာမြေကိစ္စများ အဆိုးဝါးဆုံးဖြစ်သည်ဟုဟု ဖော်ပြထားသည်။

“ကျောက်ဖြူဇုန်မှာဆိုရင် မြေယာသိမ်းဆည်းမှုတွေဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလလောက်ကတည်းက စတင်ခဲ့ တာမျိုးရှိပါတယ်။ ဒါပေမယ့် ကျောက်ဖြူဒေသခံတွေက သူတို့ရဲ့မြေယာတွေ အသိမ်းခံရမယ်။ အဲဒီနေရာတွေက ထွက်ခွာပေးရမယ်ဆိုတာ မသိကြရပါဘူး” ဟု ICJ မှ Mr.Sean J Bain (Legal Consultant) က ပြောသည်။

ICJ အနေဖြင့် အထူးစီးပွားရေးဇုန် ၃ ခုကို သွားရောက်ခဲ့ပြီး ဒေသခံလူမှုအသိုင်းအဝန်းများ၊ စီးပွားရေးကဏ္ဍမှ ပုဂ္ဂိုလ်များနှင့် အစိုးရအရာရှိများအပါအဝင် လူပေါင်း ၁၀၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ကာ အစီရင်ခံစာကို ဥပဒေရေးရာအချက်အလက်များနှင့် သုတေသနပြု ထည့်သွင်းထားသည်ဟု သိရသည်။

ထို့ပြင် အထူးစီးပွားရေးဇုန်များတွင် အခွင့်အရေးထပ်မံချိုးဖောက်မှုများ ကာကွယ်ရန်အတွက် အစိုးရအနေနှင့် မြေသိမ်းဆည်းမှုများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ သဘောတူစာချုပ်များကို ဥပဒေများပြင်ဆင်ပြီးသည်အထိ ဆိုင်းငံ့ထားသင့်ကြောင်း စသဖြင့် အကြံပြုထားသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ခွင့် တင်ဒါအောင်ထားသည့် CITIC ဆောက်လုပ်ရေးကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ ဖရန့်မာ က စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် ပထမဆုံး ဦးစားပေး စဉ်းစားထားကြောင်း ၂၀၁၅ ခုနှစ်တွင် မီဒီယာများကို ပြောထားခဲ့သည်။

၂၀၁၄ ခုနှစ် အထူးစီးပွားရေးဇုန်ဥပဒေသည် လူ့အခွင့်အရေးကို ကာကွယ်ပေးရန်အတွက် နိုင်ငံတကာ ဥပဒေအတိုင်းလိုက်နာရန် ကတိကဝတ်ပြုထားချက်များနှင့် ကိုက်ညီမှုမရှိကြောင်း အစီရင်ခံစာက ထပ်လောင်းဆိုထားသည်။

အစီရင်ခံစာထုတ်ပြန်ခဲ့သည့် အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မရှင်(ICJ) သည် ကမ္ဘာ့ဒေသ အသီးသီးမှ အထင်ကရ တရားသူကြီးများနှင့် ရှေ့နေများ စုစုပေါင်း (၆၀) ဦးဖြင့် ဖွဲ့စည်းထားပြီး ယခုနှစ် ထုတ်ပြန်သည့် အစီရင်ခံစာကို အစိုးရထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

Villa Shukhinthar
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service