သီလဝါဇုန်ဘီ အကောင်အထည်ဖော်ရန် ရှယ်ယာသစ် ထုတ်မရောင်း

သီလဝါဇုန်ဘီ အကောင်အထည်ဖော်ရန် ရှယ်ယာသစ် ထုတ်မရောင်း - Property News in Myanmar from iMyanmarHouse.com
28 Feb 2017 10:00 am တွင် တင်ခဲ့သည်
1016 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ်ချိန်းဝင် မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) က အထူးစီးပွားရေးဇုန် (ဇုန်ဘီ) စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ရှယ်ယာသစ် ထုတ်ရောင်းမည် မဟုတ်ကြောင်း MTSH ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

သီလဝါ အထူးစီးပွားရေးဇုန် (ဘီ) အကောင်အထည်ဖော်ရန် အတွက် အရင်းအနှီး လိုအပ်ချက် မရှိသေးသည့်အတွက် ကုမ္ပဏီများနှင့် လက်ရှိရောင်းချထားသော အစုရှယ်ယာများဖြင့်သာ အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လုပ်ငန်း စတင်လည်ပတ်နေပြီ ဖြစ်သော သီလဝါ အထူးစီးပွားရေးဇုန် (ဇုန်အေ) စီမံကိန်းတစ်ခုလုံး၏ မြေဧက ၈၆ ဒသမ ၃၆ ရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများကို မြေနေရာ ပြန်လည်ငှားရမ်းထားပြီ ဖြစ်၍ ဇုန်ဘီစီမံကိန်းကို စတင်အကောင်အထည်ဖော်ရန် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖွင့်ပွဲပြုလုပ်ခဲ့သည်။

အဆိုပါဇုန်ဘီ စီမံကိန်း၏ ပထမအဆင့်ကို မြေဧက ၂၅၀ (ဟက်တာ ၁၀၁) တွင် ဦးစွာ အကောင်အထည်ဖော်မည် ဖြစ်ပြီး တစ်နှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်ကာ တစ်နှစ်အတွင်းတွင် လုပ်ငန်းများရင်းနှီးမြှုပ်နှံနိုင်မည် ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

လက်ရှိ အကောင်အထည်ဖော်ထားပြီ ဖြစ်သော သီလဝါ အထူးစီးပွားရေးဇုန် (အေ) စီမံကိန်းတွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ လုပ်ငန်းပေါင်း ၇၉ ခုအထိ ရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် ရှိကြောင်း MTSH ကုမ္ပဏီထံမှ သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန်ကို မြန်မာနှင့် ဂျပန်နိုင်ငံ နှစ်နိုင်ငံမှ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများ ပူးပေါင်းအကောင်အထည်ဖော်ခြင်း ဖြစ်ပြီး ဇုန်အေတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသော လုပ်ငန်းအများစုမှာ ဂျပန်နိုင်ငံမှ ဖြစ်သည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

CarsDB
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service