မလေးရှားနိုင်ငံ အက်စကင်တာ (Iskandar) မြို့လယ်ခေါင်ရှိ ကွန်ဒိုတွေကို မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေ ဝယ်ယူမှု များပြားလာတယ်လို့ သိရပါတယ်။
ကွန်ဒိုအမြင့်က ၃၅ထပ် အထိ ရှိပြီး အခန်းတွေကတော့ အကျယ်ဆုံး ၁၄၇၅ စတုရန်းပေကနေ အနိမ့်ဆုံး ၆၉၆ စတုရန်းပေ အထိ ရှိပါတယ်။ အိပ်ခန်းတွေကတော့ သုံးခန်းပါတာနဲ့ လေးခန်းပါတာတွေ ရှိတယ်။ ကွန်ဒိုမှာ ကားပါကင်တွေ ရှိတယ်။ လူသွားများတဲ့ နေရာတွေမှာ စောင့်ကြည့်တဲ့ စီစီတီဗီတွေ တပ်ထားမှာပါ။ ကွန်ဒိုအ နီးတစ်ဝိုက်မှာ စင်္ကာပူ နိုင်ငံရဲ့ နံပါတ်(၁) Gleneagles Hospital ရှိပါတယ်။ ကွန်ဒိုဝယ်ယူသူတွေအတွက် သီး သန့် Shutter Bus တွေ စီစဉ်ထားပြီး ကျောင်းဝင်ခွင့်အတွက် အများထက် ဦးစားပေးလျှောက်နိုင်မယ့် အခွင့်အ ရေးတွေ ရှိတယ်လို့ သိရပါတယ်။
“Paradiso ကွန်ဒိုနားမှာ အင်္ဂလန်ကျောင်းတွေ ရှိတယ်၊ အမေရိကန်ကျောင်းတွေ ရှိတယ်။ အဲ့မှာ ကျောင်းတတ် ဖို့ လွယ်ကူအောင် ဝယ်ယူသူတွေလဲ ရှိတယ်။ ပြီးတော့ အမတို့ ရောင်းချနေတဲ့ ကွန်ဒိုဈေးနှုန်းက ကွာလာလမ်ပူ ထက် ဈေးသက်သာတယ်၊ အရည်အသွေးလဲ ကောင်းတယ်၊ စင်္ကာပူနိုင်ငံကိုလဲ ၁၅မိနစ်လောက်ဆို ရောက်နိုင် တယ်။ ကွန်ဒိုတွေကို ဝယ်ယူသူတွေအနေနဲ့လဲ မလေးရှားနိုင်ငံကို ၁၀ နှစ် ဗီဇာမလိုဘဲ မိသားစုလိုက် စီးပွားရေး ပညာရေး ကျန်းမာရေးအတွက် ဝင်ထွက်သွားလာနိုင်ခွင့် ကူညီပေးမယ်” လို့ KAE ALLIANCE Co.,Ltd ကုမ္ပဏီ အထွေထွေ မန်နေဂျာ မအိအိက ပြောပါတယ်။
Credit: The Kumudra