ယခု ၂ဝ၁၇ ခုနှစ်အတွင်း အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်များ ပုံမှန်အ တိုင်း ပြန်လည်ဖြစ်လာနိုင်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း လက်ရှိအချိန် အထိအရောင်းအဝယ်များ အေးစက်နေဆဲဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အိမ်ခြံမြေအသိုင်းအဝိုင်းထံမှ သိရသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၈ ရက်ကပြုလုပ်ခဲ့သော ဒုတိယသမ္မတနှင့် စီးပွားေ ရး လုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်း ရန်ကုန်တွင် မြေဈေးများ တဖြည်းဖြည်းကျဆင်းအောင် လုပ် ဆောင်သွား မည်ဖြစ်ကြောင်းပြောကြားခဲ့ပြီးယင်းအချက်ကြောင့်လည်းအိမ်ခြံမြေ ဈေးကွက်အပေါ်သက်ရောက်မှုများရှိလာနိုင်ပြီး ဈေးကွက်တွင်လည်းအိမ်ခြံမြေ ဈေးနှုန်းများကျဆင်းလာနိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိသည်။ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း ဒု-ဥက္ကဋ္ဌဦးသန်းဦးက''အခု တောင်မှ အိမ် ခြံမြေဈေးတွေက တအိအိနဲ့ကျလာတာ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က
ဈေးထက်ကို ၃ဝ ရာခိုင်နှုန်းလောက်ကျလာခဲ့တယ်။
အိမ်ခြံမြေဈေးကွက်သည် အရောင်းအဝယ်ဖြစ်ရင်တောင် တော်တော်လေး ရှားလိမ့်မယ်။ ဈေးကလည်း ဒီထက်မက ဆက်ကျဖို့လည်း ရှိတယ်။ သေချာ တာကတော့ အရင်တုန်း ကလိုမျိုး သွက်သွက်လက်လက်နဲ့တော့ ဈေးကွက် မဖြစ်နိုင်လောက်တော့ဘူး။ အိမ်ခြံမြေဝယ်မယ့်သူတွေကလည်း အစိုးရ ရဲ့မူဝါဒတွေ ပေါ်လစီတွေကိုပဲ စောင့်ကြည့်နေရတဲ့အခြေအနေမှာပဲ ဒီဈေး ကွက်ကလည်း အေးသွားလိမ့်မယ်''ဟု ဖေဖော်ဝါရီ ၂၆ ရက်က ဒီမိုကရေစီ တူဒေးသို့ပြောသည်။
ယခု ဖေဖော်ဝါရီလကုန်တွင် ကြည့်မြင်တိုင်တစ်ဖက်ကမ်းမြို့သစ်စီမံကိန်းကို စတင်အကောင်အထည်ဖော်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်က တရားဝင်ကြေညာထားခဲ့သော်လည်း ယင်းစီမံကိန်းကြောင့် အိမ် ခြံမြေဈေးကွက်အပေါ်တစ်စုံတစ်ရာ အကျိုးသက်ရောက်မှုမှာ ချက်ချင်ြး ဖစ် ပေါ်လာနိုင်ဖွယ်မရှိကြောင်းလည်း သုံးသပ်မှုများရှိသည်။ စိုင်းခွန်နောင် အိမ်ခြံမြေနှင့် ဥပဒေအကြံပေးလုပ်ငန်းမှ ဦးစိုင်းခွန်နောင် က''ကြည့်မြင်တိုင် တစ်ဖက် ကမ်းမြို့သစ်စီမံကိန်းစရင်လည်း ချက်ချင်းကြီးတော့ ဘာမှဖြစ် လာဦးမှာ မဟုတ်ဘူး။ မြို့သစ်ကလည်း ဧက ၃၃ဝဝဝ ဆိုတော့ တအားကြီး တယ်။ ချက်ချင်းလက်ငင်းကြီးတော့ အိမ်ခြံ မြေဈေးကွက်အပေါ် ဘာမှ သက် ရောက်ဦးမှာတော့ မဟုတ်သေးဘူး'' ဟု ဒီမိုကရေစီတူဒေးသို့ ပြော သည်။
မြို့သစ်စီမံကိန်းများနှင့် မြေဈေး လျော့ကျအောင် လုပ်ဆောင်သွား မည် ဟူသော သတင်းများကြောင့် မြေဈေးများကျဆင်းလာနိုင်သော်လည်း ရန် ကုန် မြို့တွင်းရှိ မြေဈေးနှုန်းများမှာ သိသိသာသာ ကျဆင်း လာနိုင်ခြင်း မရှိကြောင်းလည်း သုံးသပ်မှုများရှိသည်။
ခိုင်မာလာအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှဒေါ်ခင်ခင်သက်က ''မြို့သစ် စီမံကိန်းတွေကလည်း နောင်ငါးနှစ် လောက်မှ စတင် အသက်ဝင်လာနိုင် မှာ ဖြစ်တယ်။ နောက်ပြီးတော့ ဈေးကွက်ထဲမှာအရောင်းအဝယ်ဖြစ်တယ်ဆိုတာ ကလည်း Location ပ်ါမူတည်ပြီးမှ အရောင်းအဝယ်က အဖြစ်များတဲ့ အတွက်ရန်ကုန်မြို့တွင်းမှာရှိနေတဲ့မြေဈေး ကတော့ကျလာနိုင်စရာ အကြောင်း တော့မရှိဘူး။ အခုချိန်မှာတော့ ဈေးကွက်ကအေးနေတယ်။ သင်္ကြန်ပြီးတဲ့အထိ ဆက်အေးနေမှာကတော့ ကျိန်း သေတယ်။ သင်္ကြန် ပြီးသွားတဲ့အချိန်မှာ နောက်ဘဏ္ဍာနှစ်ရောက်ပြီဖြစ်တဲ့အတွက်လည်း အခွန် တို့ တခြားဟာတွေနဲ့ပတ်သက်တဲ့မူဝါဒတွေကလည်းစတင် အကျိုး သက်ရောက်တော့မှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအချိန်ကျရင်တော့တစ်ချက်စောင့်ကြည့်ရမယ်''ဟုပြောသည်။ မြန်မာနိုင်ငံ၏ အိမ်ခြံမြေလုပ်ငန်းသည် ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၂ ခု နှစ်အထိ အရောင်းအဝယ် အများဆုံးအနေအထား တစ်ရပ်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး အိမ်ခြံမြေဈေးနှုန်းများမှာလည်း အမြင့်ဆုံး အနေအထားတစ်ရပ်အထိရောက်ရှိခဲ့ကြောင်း သိရသည်။
Credit: Democracy Today