အရစ်ကျစနစ်ဖြင့်အိမ်ရာရောင်းချမှုများမှာ နိုင်ငံတကာ၌ကြာမြင့်ပြီဖြစ်သော်လည်း ပြည်တွင်း၌မူ ဆယ်စုနှစ်တစ်ခုမျှသာအချိန်ရှိနေသေးသောကြောင့် ပိုမိုရင့်ကျက်ရန်လိုအပ်ကြောင်း ပြည်တွင်းအိမ် ခြံ မြေ ရေးရာစောင့်ကြည့်သူများမှဆိုသည်။
""အရစ်ကျ နှစ်ရှည်စနစ်နဲ့သွားတာက နိုင်ငံတကာမှာတော့ အရမ်းကြာနေပြီ။ဒီမှာကတော့ စတာ ရှစ်နှစ်လား ၊ ဆယ်နှစ်လားပဲရှိသေးတယ်။ဒီလို နှစ်ရှည်စနစ်နဲ့သွားတာက
နိုင်ငံတော်ရဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဝင်ငွေပေါ်အများကြီးမူတည်နေတာပေါ့လေ။နောက်တစ်ခါ ဘဏ်နဲ့လည်း ဆက်နွယ်ရတာဆိုတော့ဘဏ်ရဲ့ကြားခံပေးနိုင်တဲ့
ငွေကြေးအင်အားပေါ်လည်းအများကြီးမူတည်တာပေါ့လေ။"""ဟု
အိမ် ခြံ မြေ အရေးလေ့လာစောင့်ကြည့်နေသူတစ်ဦးမှဆိုသည်။
ချေးငွေနှစ်ရှည်စနစ်ဖြင့် အရစ်ကျရောင်းချမှု အောင်မြင်မှုရှိ ၊
မရှိသည် ဘဏ်နှင့်သာ အများဆုံးသက်ဆိုင်၍ ဘဏ်ပေါ်မူတည်၍သာ ဆုတ်ယုတ်မှု၊ တိုးတက်မှုရှိနိုင်ကြောင်းလည်း၎င်းမှသုံးသပ် ပြောဆိုခဲ့သည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com