ပြည်တွင်း၌ တရားဝင်လိုင်စင်ဖြင့်တင်ပြထားခြင်းမရှိဘဲ အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေကြသူများအား ထိရောက်စွာအရေးယူနိုင်ရန်အတွက်ရင်းနှီးမြုပ်နှံမှုဥပဒေပေါ်ပေါက်ရန်
လိုအပ်ကြောင်းပြည်တွင်းအိမ် ခြံ မြေ အကျိုးဆောင်များကပြောဆိုသည်။
""ပြည်ပနိုင်ငံသားတွေ ဒီမှာလာပြီးလုပ်ငန်းလုပ်နေကြတာတွေရှိတယ်။အဲဒီလူတွေက လုံးဝစည်းကမ်းမရှိကြဘူး။ကျွန်တော်တို့နိုင်ငံရဲ့စည်းကမ်းဥပဒေကို လုံးဝလေးစားလိုက်နာမှုမရှိဘူး။သူတို့ကိုအရေးယူဖို့တိုင်ကြားရင်လည်း ရင်းနှီးမြုပ်နှံမှုကော်မရှင်ကနေသတိပေးတာလောက်ပဲရှိတယ်။
အရေးယူလို့မရဘူး။ဘာကြောင့်လဲဆိုတော့ ရင်းနှီးမြုပ်နှံမှုဥပဒေ ပေါ်မလာသေးလို့ ။အဲဒါကြောင့်ပါ"""ဟု ရန်ကုန်တိုင်းဒေသကြီး အိမ် ခြံ မြေ လုပ်ငန်းရှင်များဥက္ကဌ ဦးစိုင်းခွန်နောင် ပြောပြသည်။
လက်ရှိပြည်တွင်း၌ လာရောက်လုပ်ကိုင်နေကြသော လိုင်စင်မဲ့နိုင်ငံခြားသားအကျိုးဆောင်လုပ်ငန်းပေါင်း တစ်ရာကျော်ရှိသည်။ယင်း လိုင်စင်မဲ့ပြည်ပအကျိုးဆောင်များအား သက်ဆိုင်ရာသံရုံးများ အနေဖြင့် မလုပ်ကိုင်ရန်သတိပေးထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။သို့သော်လည်း ဆက်လက်လုပ်ကိုင်မှုများရှိနေခြင်းကြောင့် ပြည်တွင်းအိမ်ခြံမြေလုပ်ငန်းရှင်များအတွက် ထိခိုက်မှုရှိကြောင်းလည်း အကျိုးဆောင်များကဆိုသည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com