ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ပေါင်း ၂၀ဝ၀ ကျော်နှင့် မြို့ပြဆက် သွယ်ရေးလမ်းများကို သုံးနှစ်အ တွင်း အပြီးတည်ဆောက်ရန် ဦးစား ပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားလိုက် သည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းသည် ပြည်သူ
လူထုနှင့်တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က လှည်းကူးမြို့၊ မိုးလုံ လေလုံအားကစားရုံ၌ ပြုလုပ်စဉ်
အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ""ရန်ကုန်စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်တည်း ဖွံ့ဖြိုးတိုးတက်နေ လို့မရပါဘူး။ စည်ပင်သာယာနယ်နိ မိတ်ပြင်ပမှာရှိတဲ့ ကျေးရွာပေါင်း ၂၂၀ဝ ကျော်ရှိပါတယ်။ ကျေးရွာ တိုင်းဟာ မြို့ပြကိုလွယ်ကူစွာဆက် သွယ်နိုင်တဲ့ လမ်းတွေကိုသုံးနှစ်အ တွင်းမှာအပြီးတည်ဆောက်ဖို့အတွက် ဦးစားပေး နံပါတ် (၁) အနေနဲ့လမ်း ကိုဦးစားပေးသွားမှာ ဖြစ်ပါတယ်"" ဟု ပြောသည်။
ကုန်စည်စီးဆင်းမှုမြန်ဆန်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်
နိုင်ရန်အတွက် လမ်းတည်ဆောက် ရေးကိုဦးစားပေး လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းကပြော သည်။
ဦးဖြိုးမင်းသိန်းက ""လမ်းတွေ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲနဲ့ ကုန်စည် စီးဆင်းမှုမဖြစ်နိုင်ဘူး။ ဒေသဖွံ့ဖြိုး တိုးတက်ရေးကို မဆောင်ရွက်နိုင်ဘူး။ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင် ရွက်နိုင်ဖို့ဆိုရင် လမ်းပန်းဆက်သွယ် ရေးကို စတင်မြှင့်တင်ရမှာဖြစ်ပါတယ်""ဟု ပြောသည်။
လက်ရှိအစိုးရသက်တမ်း ၁၁ လတာကာလအတွင်း စီမံကိန်းပေါင်း ၇၀ဝ ကျော်ကို စတင်အကောင်အ ထည်ဖော်နေပြီး လမ်း၊ တံတားစီမံ ကိန်း၊ မီးရရှိရေး၊ ရေကောင်းရေသန့် ရရှိရေး စီမံကိန်းများကိုဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
လမ်း၊တံတားစီမံကိန်းများ တည်ဆောက်ရာတွင် အရည်အသွေးကို ဝန်ကြီးဌာနမဟုတ်သည့် Third party ဖွဲ့စည်းစစ်ဆေးသွားရန်ရှိပြီး အရည်အချင်းမပြည့်မီပါက ကုမ္ပဏီ များကို အမည်မည်းစာရင်းသွင်းခြင်း၊ ဘတ်ဂျက်ထုတ်ပေးမှု ကန့်သတ် ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ် ကြောင်းဝန်ကြီးချုပ်က ပြောသည်။
အဆိုပါဆွေးနွေးပွဲသို့ တက် ရောက်လာသည့် လှည်းကူးမြို့နယ် မှ ကိုအောင်မြတ်သိန်းက""ဒီအစိုးရ လက်ထက်မှာ ကိုယ်စားလှယ်တွေ အနေနဲ့ကျေးရွာတွေကို ပိုဆင်းတယ်။ လွှတ်တော် အတွေ့အကြုံတွေရှင်း တယ်။ ဒါပေမယ့်လိုအပ်နေတဲ့အပိုင်း တွေတော့ရှိသေးတယ်။ ဌာနဆိုင်ရာ တွေနဲ့ ညှိနှိုင်းလုပ်ဆောင်ရတာတွေ ရှိတဲ့အတွက် တချို့အပိုင်းတွေမှာ တော့ ကြန့်ကြာတာမျိုးလေးတွေ တော့ရှိနေသေး
တယ်""ဟု ပြောသည်။
ပြည်သူလူထုက အခက်အခဲ များကိုတင်ပြဆွေးနွေးရာတွင် အရည်အသွေးပြည့်မီခြင်းမရှိသည့် လမ်း၊ တံတားများ၊ ရေကောင်းရေသန့်ရရှိ ရေး၊ သန်းခေါင်စာရင်းနှင့်မှတ်ပုံတင် အလွယ်တကူရရှိရေး စသည့်အချက် များပါဝင်ပြီး စာဖြင့်တင်ပြမှုများ လည်းရှိကြောင်းသိရသည်။
Crdit: Democracytoday