အခွန် မကျသင့်စေသည့် ဝန်ဆောင်မှုလုပ် ငန်းများထဲမှ နေအိမ်ငှားရမ်းခြင်း ဝန် ဆောင်မှုလုပ်ငန်းနှင့် အလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းတို့ ပယ်ဖျက်ခြင်းကို ပြည်ထောင်စုလွှတ် တော်က အတည်ပြုလိုက်သဖြင့်
အ ဆိုပါလုပ်ငန်းများ အခွန်ဆောင်ရ တော့မည်ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၄ ရက်ကကျင်းပ သည့် ဒုတိယအကြိမ်ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏အခွန်ကောက် ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ယင်းကဲ့ သို့ ထည့်သွင်းအတည်ပြုခဲ့ခြင်းဖြစ် သည်။ မူလဥပဒေကြမ်း၌ ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရမည့် ဝန်ဆောင်မှုလုပ်ငန်းထဲတွင် စီးပွား ရေးလုပ်ငန်းအဖြစ် နေအိမ်ငှားရမ်း ခြင်း ဝန်ဆောင်မှုလုပ်ငန်းမှအပဖြစ် သည့် နေအိမ်ငှားရမ်းခြင်းဝန်ဆောင် မှုလုပ်ငန်းနှင့် အလုပ်အကိုင်ရှာဖွေ ရေးဝန်ဆောင်မှုလုပ်ငန်းတို့ကို ထည့် သွင်းထားသည်။
ယင်းအပေါ်ပြည်ထောင်စုလွှတ် တော်ဥပဒေကြမ်းပူးပေါင်းကော်မ တီကိုယ်စားကော်မတီအတွင်းရေး မှူး ဒေါက်တာမြတ်ဥာဏစိုးက ""မူလ အဆိုပြုချက်မှာပါတဲ့ အပိုဒ်၁၄(ဃ) အမှတ်စဉ်(၁)ပါ စီးပွားရေးလုပ်ငန်း အဖြစ် နေအိမ်ငှားရမ်းခြင်းဝန် ဆောင်မှုလုပ်ငန်းမှအပ နေအိမ်ငှား ရမ်းခြင်းဝန်ဆောင်မှုလုပ်ငန်းကို အခွန်မကျသင့်စေတဲ့ ဝန်ဆောင်မှု အမျိုးအစားအဖြစ် ထည့်သွင်းထား ခြင်းကိုပယ်ဖျက်အတည်ပြုပေးပါ ရန် တင်ပြအပ်ပါတယ်""ဟု ပြော ကြားတင်သွင်းခဲ့သည်။
ထို့အတူ အလုပ်အကိုင်ရှာဖွေ ရေးဝန်ဆောင်မှုလုပ်ငန်းကို အခွန် မကျသင့်စေသည့် ဝန်ဆောင်မှုလုပ် ငန်းအမျိုးအစားမှပယ်ဖျက်ပေးရန် တင်ပြခဲ့ရာ လွှတ်တော်က ကန့်ကွက် သူမရှိသည့်အတွက် အတည်ပြု ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကမှကြေညာခဲ့သည်။
အဆိုပါလုပ်ငန်းနှစ်ခုမှာ ကုန် သွယ်လုပ်ငန်းခွန်မကျသင့်စေမည့် စာရင်းထဲမှပယ်ဖျက်လိုက်သဖြင့် အဆိုပါဥပဒေကို နိုင်ငံတော်သမ္မတ မှ အတည်ပြုလက်မှတ်ရေးထိုးပြီးပါ က ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင် ရမည်ဖြစ်ကြောင်းသိရပြီး အဆိုပါ ၂၀၁၇ ခုနှစ် ပြည်ထောင်စုအခွန်
ကောက်ဥပဒေမှာ ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်အသက်ဝင်
မည် ဖြစ်ကြောင်းသိရသည်။
လက်ရှိကျင့်သုံးနေသည့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်ကောက် ဥပဒေတွင် အဆိုပါလုပ်ငန်းနှစ်ခု ကို ကုန်သွယ်လုပ်ငန်းခွန်မကျသင့် စေမည့် စာရင်းထဲတွင်ထည့်သွင်း ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
Credit: Democracytoday