သီလ၀ါ အထူးစီးပွားရေးဇုန် Zone A တွင် လက်ရှိအချိန်၌ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ အပါအ၀င် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိ ကန်ဒေါ်လာ တစ်ဘီလျံကျော်အထိ ရှိနေကြောင်း သီလ၀ါ အထူးစီး ပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။
“Zone A မှာ ရင်းနှီးမြှုပ်နှံမှု ပမာဏက တစ်ဘီလျံကျော် ဆိုတော့ Zone B မှာလည်းပဲ Demand တွေ များမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Investment Policy အနေနဲ့ Zone B မှာ ၀င်လာမယ့် Investor တွေက အလုပ်အကိုင် အခွင့်အလမ်းကို ပိုမိုပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံ သူတွေနောက် ပြီး ပို့ကုန်များများ လုပ်နိုင်မယ့် ရင်းနှီးမြှုပ်နှံသူတွေ နောက်ပြီး ဇုန်အပြင် ဘက်က Local Industry တွေနဲ့ ပေါင်းစပ်နိုင်မယ့် ရင်းနှီးမြှုပ်နှံသူတွေကို ပိုပြီးဦးစားပေးမယ်လို့ Investment Policy ချထားပါတယ်” ဟု ဦးဆက်အောင်က ပြောကြားသည်။
သီလ၀ါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၈ ခုက ၎င်းတို့၏ စက်ရုံများ ကုန်ထုတ်လုပ်ခြင်းနှင့် ထောက်ပံ့ ပို့ဆောင်ရေး ဆိုင်ရာ လုပ်ငန်းများအတွက် သီလ၀ါ အထူးစီးပွားရေးဇုန် နေရာကို မျက်စိ ကျကာ ရွေးချယ်ခဲ့ကြပြီး ယခုအခါတွင် ထို ၇၈ ကုမ္ပဏီထဲမှ ၂၄ ခုမှာ စတင် လည်ပတ်လုပ်ကိုင်နေပြီဖြစ်သည်။
သီလ၀ါ အထူးစီးပွားရေးဇုန် တစ်ခုလုံးတွင် အကောင်အထည်ဖော်မည့် ဧရိယာမှာ ဟက်တာ၂၄၀၀ ရှိပြီး Zone A တွင် ဟက်တာ ၄၀၀ ပါဝင်ေ ကြာင်း၊ လက်ရှိ အချိန်၌ Zone A မှာ ၉၆ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ Zone A ၏ တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးသဖြင့် Zone B ထပ်မံ တည်ဆောက်ရန် ၁၀၁ ဟက်တာ စီမံကိန်း တည်ဆောက်မှု စတင်တော့ မည်ဖြစ်သည်။
သီလ၀ါ အထူးစီးပွားရေးဇုန် Zone B ၏ ပထမအဆင့် ၁၀၁ ဟက်တာ (ဧက ၂၅၀)ကို ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် တည်ဆောက်မှု ပြီးစီး ရန် မျှော်မှန်းထားပြီး အချို့သော မြေနေရာများကိုမူ ၂၀၁၇ ခုနှစ်နှောင်း ပိုင်းလောက် ကတည်းက ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ငှားရမ်းနိုင် မည်ဖြစ်သည်။
“Zone B တည်ဆောက်ရေးက တစ်နှစ်ခွဲလောက် ကြာမှာပါ။ Zone B မပြီးခင်မှာ ရင်းနှီးမြှုပ်နှံသူတွေကို စတင်လက်ခံမှာ ဖြစ်ပါတယ်။ အခုေ လာလောဆယ် Zone B မစသေးခင်မှာ လာပြီး ရင်းနှီးမြှုပ်နှံဖို့ ဆက်သွယ် ထားပြီး ဖြစ်ပါတယ်။ Zone B တည်ဆောက်ရေး ပြီးသွားမှ ဒီရင်းနှီးမြှုပ်နှံ သူတွေရဲ့ စတင် စက်ရုံတွေ တည်ဆောက်ရမှာ ဖြစ်ပါတယ်” ဟု ဦးဆက်ေ အာင်က ဆက်လက်ပြောကြားသည်။
သီလ၀ါ အထူးစီးပွားရေးဇုန် Zone B တည်ဆောက်ပြီးစီးပါက အလုပ် အကိုင်ပေါင်း ၄၀၀၀၀ ကျော်ကိုလည်း ဖန်တီးပေးနိုင်မည်ဟု သိရသည်။
လက်ရှိ အကောင်အထည်ဖော် ပြီးစီးနေသည့် Zone A ရှိ စက်ရုံများတွင် သန်လျင်နှင့် ကျောက်တန်းဒေသရှိ ဒေသခံပြည်သူများ ၀င်ရောက် လုပ်ကိုင် လျက်ရှိပြီး အဆိုပါ အလုပ်အကိုင် ၀င်ရောက်လုပ်ကိုင်နေသူများ အနက် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ရှိသူ အများစု ပါဝင်ပြီး ဘွဲ့ရများလည်း ပါဝင်ကြောင်း ဦးဆက်အောင်က ဆိုသည်။
Credit: Eleven Media Group