အခွန်ပေးရမည့်သတင်းကြောင့် ရွှေအဝယ်လိုက်

အခွန်ပေးရမည့်သတင်းကြောင့် ရွှေအဝယ်လိုက် - Property News in Myanmar from iMyanmarHouse.com
27 Feb 2017 10:00 am တွင် တင်ခဲ့သည်
2561 ကြိမ် ကြည့်ရှု့ပြီး
လာမည့်ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်နေ့တွင် ရွှေဝယ်ယူခြင်းအတွက် အခွန် ၁ ရာခိုင်နှုန်း စတင် ပေးဆောင်ရမည့်အတွက် ယခုရက်ပိုင်းအတွင်း
ရွှေဝယ်ယူမှု ယခင်ကထက် များပြားကြောင်း ရွှေ လုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိတွင်ရွှေဈေးမှာ အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ်ကိုးသိန်းကျော်ပြီး ဈေးမြင့်နေသော်လည်း ရွှေ အရောင်းအဝယ် ကောင်းလျက်ရှိကြောင်း၊ ရွှေအခေါက်ထက် လက်ဝတ် ရတနာများမှာ ပိုမို ရောင်းကောင်းနေပြီး ပန်းထိမ်လုပ်ငန်းများမှာလည်း ယခင်ကထက် ဝင်ငွေ တိုးလာကြောင်း မြန်မာနိုင်ငံ
ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။

“အခွန်ဆောင်ရတော့မယ်။ အခုတည်းက ရွှေကြိုဝယ်မယ်ဆိုတဲ့ အနေအထားတွေ တွေ့ရတယ်။ တချို့ဝယ်တဲ့သူတွေက ကျွန်တော်တို့ကို တိုက်ရိုက်မေးတယ်။ အခွန် ဆောင်ရပြီလား။ ဆောင်ရမယ်ဆိုရင်တော့ နောက်မှ ဝယ်တော့မယ် ဆိုပြီးပြောတယ်”ဟု ၎င်းကပြောဆိုသည်။

ရွှေအခွန်မှာ ယခင်ကုန်သွယ် လုပ်ငန်းခွန် ဥပဒေ ထွက်ရှိပြီးကတည်းက ဝယ်ယူသူများက မပေးဆောင်ရသော်လည်း လုပ်ငန်းရှင်များက ပေးဆောင်ရကြောင်း၊ ၂၀၁၇ ခုနှစ် အခွန်အကောက် ဥပဒေတွင် ရွှေနှင့် လက်ဝတ် ရတနာများမှာ အခွန်ဆောင်ရမည်ဟူသည့် အပိုဒ် တစ်ပိုဒ် သီးသန့် ထည့်လိုက်သောကြောင့် ဝယ်ယူသူများက တိုက်ရိုက် အခွန်ပေးဆောင်ရခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင် ဦးဌေးလွင်က ရှင်းပြသည်။

အခွန်အကောက် ဥပဒေကြမ်း စတင် ရေးဆွဲစဉ်က ရွှေအခွန်ကို ၃ ရာခိုင်နှုန်း ပေးဆောင်ရမည်ဟု ထည့်သွင်းထားရာ ယင်းကဲ့သို့ ၃ ရာခိုင်နှုန်း ပေးဆောင်ရမည် ဆိုပါက ရွှေအရောင်းအဝယ် အေးစက် သွားနိုင်သည့်အတွက် ရွှေလုပ်ငန်းရှင်များ စုပေါင်း၍ အခွန် ၁ ရာခိုင်နှုန်းသာ ကောက်ရန် စာတင်သောကြောင့် ယခုကဲ့သို့ ၁ ရာခိုင်နှုန်း ကောက်ခံရန် လွှတ်တော်က ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွှေအခွန်နှင့်ပတ်သက်၍ လူအများစုမှာ ပေးဆောင်ရန် ကြောက်ကြသော်လည်း ၁ ရာခိုင်နှုန်း ပမာဏမှာ တွက်ကြည့်လျှင် အခွန်နည်းသေးကြောင်း ရွှေဝယ်ယူသူ ဦးအောင်ကိုဝင်းက ပြောကြားသည်။

“၁၀ သိန်းဖိုးဝယ်မှ တစ်သောင်း ပေးရတာ ပေးပျော်ပါတယ်ဗျာ”ဟု ၎င်းကဆိုသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
Villa Shukhinthar
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service