စားဝတ်နေရေးမှာ နေရေးက နံပါတ်သုံး အဆင့် နေရာမှာ
ရှိပါတယ် ။ နေရေးဆိုတာက လက်ရှိ ကျွန်တော်တို့ ဘ၀တွေမှာ ပထမဆုံး နေရာကို ရောက်လို့လာပါပြီ ၊ ဗုဒ္ဒဘာသာ အများစု နေထိုင်တဲ့ နိုင်ငံဖြစ်တဲ့အတွက် စားရေး အတွက်ကတော့ ဘုန်းတော်ကြီးကျောင်းတွေ မှာဘဲဖြစ်ဖြစ် ယုတ်စွ အဆုံး အပြင်ထမင်းဆိုင်တွေမှာဘဲဖြစ်ဖြစ်
ချေချေငံငံ ပြေပြေလည်လည်ပြောပြတက်ရင် ထမင်းတနပ်
အတွက်ကတော့ သိပ်ပူစရာမလိုပါဘူး ၊ ၀တ်ရေးဆိုလည်း သိန်းနဲ့ ချီ တန်တဲ့ အ၀တ်စားကနေ တစ်ထောင်တန် အ၀တ်အစားထိ ဈေးနှုန်းအမျိုးမျိုး ရှိလို့ ကိုယ့်ငွေကိုယ့်အင်အားနဲ့
အိုကေ သလောက် အလုပ်ဖြစ်ပါတယ် ။
နေရေးကျတော့ စကားတွေက ပြောလာပါပြီ ၊ ရန်ကုန်လို နေရာမှာ လူတစ်ယောက် ကျောချစရာ နေရာရဖို့ အတွက် ဘယ်လောက်ခက်ခဲမှန်း နယ်ကလူတွေ မဆိုထားနဲ့ ရန်ကုန်မှာမွေး ရန်ကုန်မှာ ကြီးတဲ့ ရန်ကုန်သားစစ်စစ် တွေ
ွ အတွက်တောင် ခေါင်းကျိန်းရတဲ့ ပြသဖြစ်ပါတယ် ။
လူတစ်ခုပူမှုရယ်တဲ့ ဆယ်ကုဋေ ၊ အကြွေးတင် ကျွန်ဖြစ် ၊ သေရေထက် နေရေးခက်တယ်ဆိုတဲ့ ရှေးစကားပုံတွေက အခုအချိန်မှာ ရေပေါ်ဆီ လူ့မလိုင်လူတန်းစား အိချို့ က လွှဲလို့ ကုမ္မဏီဝန်ထမ်း ၊ လခစားအစိုးရ၀န်ထမ်း ၊ အခြေခံလူတန်းစား တွေ အတွက်ကတော့ ၁၀၀ ရာခိုင်နှုန်း
ကွက်တိမှန်ပါတယ်။
လူတစ်ဦးချင်း ၀င်ငွေက အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ရင် နိမ့်ကျနေပေမယ့်လည်း ကျောချစရာနေရာတစ်ခု အတွက် ပေးရတဲ့ ငွေကြေးကတော့ အိမ်နီးချင်းနိုင်ငံတွေထက် များပါတယ် ၊ လူတစ်ဦးရဲ့လစဉ်ဝင်ငွေ ထဲက ၁၀ ရာခိုင်နှုန်းလောက်ကိုဘဲ နေရေး အတွက်သုံးရင် အဆင်ပြေနိုင်ပေမယ့် ကျနော်တို့ ဆီမှာတော့ ၀င်ငွေရဲ့ဘယ်နှစ်ရာခိုင်းနှုန်းလို့ တိတိကျကျ မသိရတဲ့ အခြေအနေ တစ်ခုအထိ နေရေးအတွက် သုံးနေရပါတယ် ။
အိမ်ဝယ်နိုင်ဖို့ မဆိုထားနဲ့ အိမ်ဌားခ ဈေးတွေ ကြီးလို့ ဌားနေဖို့တောင် အခက်အခဲရှိတဲ့ ၀င်ငွေနည်း ပြည်သူတွေ ၊ တစ်နေ့လုပ်တစ်နေ့စား မိသားစု တွေအတွက်ကတော့ ဘယ်နေရာမှာဘဲဖြစ်ဖြစ် အဖီအဆွယ်လေးဘဲ ရရ ၊ တဲကလေးတစ်လုံးလောက်ဘဲ ထိုးရထိုးရ နေဖို့နည်းလမ်းတွေ ရှာလာမှာဖြစ်ပါတယ် ၊ ဆင်းရဲချမ်းသာကွာဟချက်ကြီးမားတဲ့ နိုင်ငံမှာ လူတစ်ယောက်ထဲကနေ အိမ် အလုံး ၃၀ လောက်ပိုင်တဲ့ လူတွေရှိသလို တစ်ဖက်မှာလည်း မနက်မပြောနဲ့ ညနေဘာနဲ့ စားရမလဲ ဆိုတဲံ လူတန်းစားတွေကလည်း ထုနဲ့ထေးရှိပါတယ် ၊ ယောင်္ကျားပြန်လာမှ
ရလာမယ့် လုပ်အားခလေးနဲ့ ဆန်ပြေးဝယ်ပြီူး ဘ၀ကိုဖြတ်သန်းနေရတဲ့ မိသားစုဘ၀ တွေကလည်း အများကြီးရှိပါတယ် ။
ပညာအရည်အချင်း နိမ့်ကျခဲ့တယ့် အပြင် နှစ်ပေါင်းများစွာ တခါးပိတ်စီးပွားရေး ၊ ကိုယ်ကျိုးစီးပွားရှာခဲ့တဲ့ လူတစ်စု ရဲ့လုပ်ရက်ကြောင့် အရှေ့တောင်အာရှမှာ အလှပဆုံး နဲ့ ဖွံ့ဖြိုးတိုးတက်မှု အရှိဆုံးနိုင်ငံ နဲ့ ရန်ကုန်မြို့တော်ကြီး အခုအချိန်မှာ စင်ကာပူ မဆိုထားနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက ဘန်ကောက်မြို့လိုဖြစ်အောင်တောင် အနည်းဆုံး အချိန်
ဆယ်စုနှစ်တစ်ခု သို့မဟုတ် နှစ်ခု လောက်ယူရမှာဖြစ်ပါတယ်။
အဓိက ပြသနာဖြစ်တဲ့ လူတစ်ဦးချင်းဝင်ငွေတိုးတက်ဖို့ ၊ ဆင်းရဲမွဲတေမှု နှုန်းလျှော့ချဖို့ ဆိုတာ အပြောလွယ်သလောက်အလုပ်ခက်ပါတယ် ၊ ရန်ကုန်ကလွှဲလို့ နယ်မြို့တော်တော်များများမှာ လူငယ်တွေ အလုပ်အကိုင်မရှိလို့ မိဘပိုက်ဆံလက်ဖြန့်တောင်းပြီး လ္ဘဖက်ရည်ဆိုင်ထိုင်တဲ့လူကထိုင် ၊ ဒါမှမဟုတ်ရန်ကုန်က အဆက်အသွယ်သူငယ်ချင်းတွေနဲ့ ချိတ်ပြီး အလုပ်ရတာနဲ့ ရန်ကုန်တက် အလုပ်လုပ်ဖို့ ကြံဆနေတဲ့ လူငယ်တွေ အများကြီးရှိပါတယ်။
တစ်ယောက်တည်း အတွက်ဆိုရင် အဆောင်ဌားနေရင်အဆင်ပြေနိုင်လောက်ပေမယ့် မိသားစုလိုက် တက်လာပြီဆိုရင်တော့ ကျောချစရာနေရာတစ်ခုအတွက် ရတဲ့နည်းလမ်းပေါင်းစုံ နဲ့ လေးတိုင်စင် အိမ်ကလေးဘဲဖြစ်ဖြစ် ၊ ငွေသောင်းဂဏန်းလောက် ရင်းလိုက်ပြီး လမ်းဘေးမှာ ကျုးကျော်တဲကလေး ထိုးပြီး အလွယ်တကူ ဖြေရှင်းလိုက်ကြပါတော့တယ် ၊ အိမ်ဌားခဈေးတွေမြင့်လို့ ကျုးကျော်တဲမှာ တစ်လလောက်ကလေးနေခွင့်ရလိုက်ရင်တောင် မနည်းဘူး ၊ နောင်ခါလာနောင်ခါဈေး ကျမှ ရှင်းမယ်ဆိုပြီး နေကြတဲ့ မိသားစုတွေကလည်း မနည်းလှပါဘူး ။
တစ်ရွာ ထုတ်ကုန်တစ်မျိုး ဈေးကွက်အရောက်ပို့ဆိုတဲ့ စနစ်ကလည်း ရေပေါ် အရုပ်ရေးသလို လူကြားကောင်းအောင်ပြောတဲ့ စီမံကိန်းတွေသာဖြစ်ပြီး မွန်ပြည်နယ် ၊ ပဲခူးတိုင်း ၊ တနင်္သာရီ နဲ့ ကရင်ပြည်နယ်က ရွာတွေမှာ လူငယ်တော်တော်များများ တစ်ဖက်နိုင်ငံ သူတို့အခေါ် ရှမ်းပြည်မှာ သွားအလုပ်လုပ်နေရတုံးဖြစ်ပါတယ် ။ နယ်မြို့တော်တော်များများမှာ အခုအချိန်သွားကြည့်ရင် အသက်ကြီးကြီး အဖိုးကြီး အဖွားကြီးတွေနဲ့ မိန်းမနဲ့ ကလေးငယ်တွေဘဲ ကျန်ပါတော့တယ် ၊
လောဘ ၊ ဒေါသ ၊ မောဟ ၊ အာဃာတ တရားတွေနဲ့ ပြည့်နေတဲ့ လောကကြီးမှာ လူသားတိုင်း သူတော်စင်သူတော်ကောင်း မဖြစ်နိုင်ပေမယ့် ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေ ရပ်တည်ရန်ခက်ခဲတဲ့ ဘ၀ပေးအခြေအနေလိုအပ်ချက်အရ လမ်းဘေးမှာ ကျုးကျော်တဲလေးတစ်လုံးထိုးပြီး မိသားစု နေရေးကို ဖြေရှင်းကြတာ ကို အပြစ်မပြောလိုပါဘူး ၊ အခုနောက်ပိုင်း ၀ိသမ လောဘသားတွေပါ ကျုးကျော်တဲတွေကြား ရောင်တော်ပြန်လွှတ်လာတဲ့ ကိစ္စကတော့ တော်တ်ေလေးအရုပ်ဆိုးသလို နေစရာ အမှန်အကန် မရှိလို့ ကျုးကျော်တဲထိုး မိသားစု ဘ၀ကို အေးအေးဆေးဆေးဖြတ်သန်းနေရတဲ့ လူတွေ အတွက်လည်း ဂုဏ်သိက္ခာကျဆင်းလာစေပါတယ် ။
အစ်ကိုအတွက်တဲတစ်လုံး ၊ ညီအတွက် ၊ညီမအတွက် ၊ အဖေအမေ အတွက် ဆိုပြီ တဲတစ်လုံးကို ငွေသုံးသောင်းလောက်အကုန်ခံ နေရာဦးယူထားတဲ့ ကိစ္စတွေက အရုပ်ဆိုးပါတယ် ၊ ကျုးကျော်စမတ်ကဒ်များ ထပ်ထုပ်ပေးမလားဆိုပြီး မျှော်လင့်ချက်တွေနဲ့ လုပ်စားတာဖြစ်ပါတယ် ၊ နေရာကောင်းတဲ့ ကျုးစမတ်ကဒ် အရောင်းအ၀ယ်က သိန်း ၂၀ အထက်မှာ ရှိကြောင်း မီဒီယာတွေကလည်း ဖော်ပြထားပြီးပါပြီ ။
အခုနောက်ပိုင်းမှာ ကျုးကျော်တဲဆိုပြီး ထိုးထား နေစရာမရှိတဲ့လူတွေကို ပြန်ဌားစားတာတို့ ၊ တဲထိုးပြီး တဲကို ပြန်ရောင်းစားတာတို့ လုပ်လာကြသလို လူတစ်ယောက်ချင်းကနေ တဲဆယ်လုံးလောက် ထိုးပြီး လုပ်စားတဲ့ အကွက်တွေ ဖြစ်လာလို့ အမှန်ကျုးလား ၊ အင်ကျုးလား ၊ စီးပွားဖြစ်ကျုးလား ၊ ကျုးခရိုနီလားဆိုပြီး ကျုးတောင်မှ အဆင့်အတတန်းခွဲ စီစစ်ရမယ့် အပေါက်တွေ ဖြစ်လာပါပြီ ၊ ဖျတ်မယ် သိမ်းမယ် ဘူဒိုဇာနဲ့ ရှင်းမယ်ဆိုရင် စီးပွားရေး သမားတွေအတွက်က ဘာမှမဖြစ်နိုင်ပေမယ့် နေစရာမရှိလို့ အမှန်တကယ် တဲလေးတစ်လုံးထိုြး့ပီး ဘ၀ကို ဖြတ်သန်းနေရတဲ့ မိသားစုတွေ အတွက်ကတော့ ဘ၀ပျက်သွားမှာ သေချာပါတယ် ။
ဒါကြောင့် အင်ကျုးတွေ ၊ စီးပွားဖြစ်ကျုးတွေ ၊ လုပ်ကျုးတွေ ၊ ကျုးခရိုနီတွေ အနေနဲ့လည်း နေစရာမရှိလို့ အမှန်ကျူးနေရတဲ့ မိသားစုတွေရဲ့ ထမင်းအိုး မျက်ရည်တွေကို ကိုယ်ချင်းစာတရားအနည်းငယ်ထားလို့ စဉ်းစားသင့်သလို မိသားစုကျုးတွေ အနေနဲ့လည်း တန်ဆေးလွန်ဘေး သဘောမျိုးနဲ့ လောဘဒေါသမောဟကို ထိန်းသိမ်းဖို့ လိုအပ်လာပြီဖြစ်ပေါကြောင်း တိုက်တွန်းတင်ပြလိုက်ပါတယ် ။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com