ပုံမှန်ရောင်းနေတဲ့ဈေးထက် ဈေးတွေလျှော့ပြီးရောင်းနေတဲ့ တိုက်ခန်းတွေ ကို ဝယ်ယူတော့မယ်ဆိုရင် သိထားသင့်တာတွေ ရှိနေပါတယ် ။
အရည်အသွေးမကောင်းတဲ့ တိုက်ခန်းတွေကို တချို့တွေ က ဈေးလျှေြာ့ ပီး ရောင်းချတာတွေ ရှိလာပါတယ် ။ ငွေပေါ်ချင်လို့ရောင်းတာရှိသလို အခန်း ကျဉ်းလေးတွေ ၊ နောက်ဖေးလှေကားမပါတဲ့ တိုက်ခန်းတွေ ၊ ဆောက်လုပ် တာ သေသပ်မှုမရှိတဲ့ တိုက်ခန်းတွေကို ရောင်းချတာတွေလည်း ရှိတတ် ပါတယ် ။
ဆောက်လုပ်တဲ့အခါမှာ အသုံးပြုတဲ့ ပစ္စည်းတွေက အရည်အသွေး မပြည့်ဝ တာတွေ ၊ ဥပမာ - အတွင်းမှာ အသုံးပြုထားတဲ့ ဓါတ်ကြိုးတွေ ၊ ရေတိုင် ကီတွေကို အရည်အသွေးမမီတာတွေ အသုံးပြုထားတာ လည်း ဖြစ်နိုင်ပါ တယ် ။ တချို့အိမ်တွေက ဘိလပ်မြေနည်းတာတွေကြောင့် ငလျင်ဒဏ် ၊ မိုး ဒဏ်လေဒဏ်တွေကို မခံနိုင်တာတွေကိုလည်း တွေ့ရပါတယ် ။
ဒါကြောင့် ဈေးလျှော့ရောင်းတဲ့ တိုက်ခန်းတွေ ဝယ်မယ်ဆိုရင် နားလည် ကျွမ်းကျင်သူတွေနဲ့ လိုအပ်ချက်တွေကြည့်ပြိး ဝယ်သင့်မဝယ်သင့် ဆုံးဖြတ်ဖို့ လိုပါတယ် ။
Credit: The Modern