ကမ္ဘောဒီးယားဝန်ကြီးချုပ်နေအိမ်ရှေ့တွင် ဆန္ဒပြခဲ့မှုဖြင့် မြေယာအရေးလှုပ်ရှားသူ မိန်းကလေးထောင်ဒဏ်ချမှတ်ခံရချိန် တရားရုံးရှေ့ ရဲနှင့်ဝန်းရံသူများ ထိပ်တိုက်တွေ့

ကမ္ဘောဒီးယားဝန်ကြီးချုပ်နေအိမ်ရှေ့တွင် ဆန္ဒပြခဲ့မှုဖြင့် မြေယာအရေးလှုပ်ရှားသူ မိန်းကလေးထောင်ဒဏ်ချမှတ်ခံရချိန် တရားရုံးရှေ့ ရဲနှင့်ဝန်းရံသူများ ထိပ်တိုက်တွေ့ - Property News in Myanmar from iMyanmarHouse.com
24 Feb 2017 12:26 pm တွင် တင်ခဲ့သည်
3706 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင်း ဝန်ကြီးချုပ် ဟွန်ဆန်၏နေအိမ်ရှေ့တွင် ၂၀၁၃ ခုနှစ်အတွင်း ဆန္ဒပြခဲ့ရာ၌ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်မှုများပြုလုပ်ခဲ့သည်ဟူသော စွဲချက်ဖြင့် ကမ္ဘောဒီးယားနာမည်ကျော် မြေယာအရေးလှုပ်ရှားသူ အမျိုးသမီး တက်ပ် ဘန်နီကို ဖေဖော်ဝါရီ ၂၃ ရက်နံနက်ပိုင်းက ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်လိုက်ရာ ဘန်နီကို ထောက်ခံဝန်းရံသည့် တက်ကြွလှုပ်ရှားသူ များနှင့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဖနွမ်းပင်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

ပရမ်ပီ မာကာရာခရိုင်ရဲတပ်ဖွဲ့ဝင်များသည် ဖနွမ်းပင်မြူနီစပယ်တရားရုံးအပြင်ဘက်တွင် စုရုံးရောက်ရှိနေသော မြေယာအရေးလှုပ်ရှားသူ များနှင့် တက်ပ်ဘန်နီကို ထောက်ခံသူများအား တွန်းထိုးခြင်း၊ တရွတ်တိုက်ဆွဲခြင်းများ ပြုလုပ်ကာ လမ်း၏အခြားတစ်ဘက်သို့ တွန်းပို့ခဲ့ ကြသည်။

ဘိုအန်ကက်အရပ်မှ တက်ကြွလှုပ်ရှားသူ ၂ ဦးနှင့် ဘိုရိုင် ကိုင်လာဒေသမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိသွားကြသည်။
မော်ဆိုချိအမည်ရှိ အငှားယာဉ်မောင်းတစ်ဦးကိုမူ ဆန္ဒပြသူများကို အကာအကွယ်ပေးရန် ကြိုးပမ်းသောကြောင့်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင် ၆ ဦးခန့်က ပြေးလိုက်ခဲ့ကြပြီး အနီးရှိ ဈေးဝယ်စင်တာအတွင်းတွင် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်ဟု ဆိုသည်။

“တက်ပ်ဘန်နီကို ထောင်ကိုပို့မယ်ဆိုတာကြားလိုက်တော့ ကျွန်တော်တို့ရဲ့ ထောက်ခံအားပေးမှုကို ပြချင်ခဲ့တာဖြစ်ပါတယ်။ အာဏာပိုင်တွေက ဒါကိုမလိုလားတာကြောင့် ရိုက်နှက်ပြီး တရားရုံးနဲ့ဝေးရာကို နှင်ထုတ်ခဲ့တာပဲဖြစ်ပါတယ်” ဟု တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သူ ဆောင် စရိုင်လိက ပြောကြားသည်။

တရားသူကြီး လောင်ကီဆော် ပီရမ်က တက်ပ်ဘန်နီအား ပရေးဆာအကျဉ်းထောင်တွင် ထောင်ဒဏ် လပေါင်း ၃၀ ကျခံရန် အမိန့်ကြေညာလိုက်ချိန်တွင် တရားရုံးခန်းမ အမှတ် ၃ အတွင်း တက်ပ်ဘန်နီထောက်ခံသူများက ကြွေးကြော်သံများ သံပြိုင်ဟစ်အော် ခဲ့ကြသည်ဟု ဆိုသည်။

ထောင်ဒဏ်အပြင် တက်ပ်ဘန်နီကို ဒဏ်ငွေအဖြစ် ကမ္ဘောဒီးယားငွေ ၅ သန်း (ကန်ဒေါ်လာ ၁၂၄၀) နှင့် တရားလိုရဲတပ်ဖွဲ့ဝင် ၂ ဦးဖြစ်သော ဟောင်ဟိုအန်နှင့် အွတ်ရာတနာတို့နှစ်ဦးကို လျော်ကြေးအဖြစ် ကမ္ဘောဒီးယားငွေ ၉ သန်း (ကန်ဒေါ်လာ ၂၂၄၀) ပေးအပ်ရန်လည်း အမိန့်ချမှတ်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကထွက်ဆိုရာတွင် ၂၀၁၃ ခုနှစ်၊ မတ်လ ၁၃ ရက်က ဆန္ဒပြမှုအတွင်း လူပေါင်း ၁၀၀ ခန့်ပါဝင်ခဲ့ကြကြောင်းနှင့် အာဏာပိုင်တို့အပေါ် အကြမ်းဖက်ကြရန် တက်ပ်ဘန်နီက အမိန့်ပေးသည်ကို ကြားလိုက်ရကြောင်း ထွက်ဆိုသွားကြသည်။

တရားခံ၏ရှေ့နေ ဆမ် ဆိုခွန်သီယာက လျှောက်လဲခဲ့ရာတွင် လုံခြုံရေးတို့၏ ထွက်ဆိုချက်တွင် အမှန်တရားမရှိကြောင်း၊ တရားလိုပြသက်သေတို့၏ထွက်ဆိုချက်များမှာ ယုံကြည်စိတ်ချဖွယ်မရှိကြောင်း၊ တရားစွဲဆိုသည့်အဖွဲ့နှင့် တရားလိုပြသက်သေတို့ အတူတူဖြစ်နေသည်မှာ ပူးပေါင်းကြံစည်မှုဖြစ်ဟန်ရှိကြောင်း ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

imyanmarmarket
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service