မန္တလေးတိုင်းအတွင်းမှာ လယ်ယာမြေတွေကို လက်လွှဲရောင်းစားနေ တာတွေကို ဖော်ထုတ်ဖို့ ဥပဒေနဲ့အညီ အသုံးချမှုမရှိတဲ့ လယ်ယာမြေ စာရင်းကောက်ယူမှုတွေကို အခုနှစ်မတ်လအတွင်းမှာ ပြီးစီးအောင် လုပ်ဆောင်နေတယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့က သိရပါတယ် ။
‘မြို့နယ် စကောက်နေပြီ ၊ မြေလွတ်မြေရိုင်းဆိုရင် ဖေဖော်ဝါရီမှာ အပြီးကောက်ရမယ် ၊ အဲဒါတွေ ကောက်ပြီးရင် ပြည်ထောင်စု ကို တင်ပြရ မယ် ၊ မြေလွတ်မြေရိုင်းတွေကို လုပ်ပိုင်ခွင့်အရင်တုန်းက ရထားတယ် ၊ ဒါပေမယ့်မြေပြင်မှာ လုပ်မထားဘူး ၊ အဲဒီစာရင်းတွေ ကောက်နေတယ်’ လို့ မန္တလေးတိုင်း အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမြင့်တင်က ပြောပါတယ် ။
ဥပဒေနဲ့ မညီတဲ့ မြေယာစာရင်းကောက်ယူမှုတွေကို မြို့နယ် ၊ ခရိုင်အလိုက် လုပ်ဆောင်နေတာဖြစ်ပြီး မြို့နယ် အချို့ကတော့ ကောက်ယူမှုပြီးနေပြီလို့ သိရပါတယ် ။
ဦးမြင့်တင်ပဲ ‘များတဲ့မြို့နယ်တွေ ကတော့ သူ့သတ်မှတ်ရက်မှရမှာ ၊ ပြင်ဦး လွင် ဆိုရင်များတယ် ၊ လယ်နဲ့ ပတ်သက်လာရင် မန္တလေး စည်ပင် နယ်နိမိတ် ဆိုများတယ် ၊ ပုသိမ်ကြီးတို့ ၊ အမရပူရ ၊ များတဲ့ဆီတွေကတော့ ကာလစည်းကမ်းသတ်မှတ်ရက် ရောက်မှရမယ်’ လို့ ပြောပါတယ် ။
မန္တလေးတိုင်းအတွင်းက မြေယာတွေကို ဥပဒေနဲ့အညီ လုပ်ဆောင်ဖို့ မန္တလေးတိုင်းအစိုးရအနေနဲ့ သတိပေးကြေညာချက်တွေ ထုတ်ပြန်နေပြီး ဥပဒေနဲ့အညီ လုပ်ဆောင်ခြင်းမရှိ တဲ့ မြေယာတွေကို ပြန်လည်သိမ်း ယူ မှာ ဖြစ်တယ်လို့ အသိပေး ကြေညာချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ် ။
Credit: The Modern