အိမ်တန်ဖိုး တစ်ဝက်ပေးပြီးတာနဲ့ အခန်းသော့ အပ်နှံမယ့် iGreen Construction က တည်ဆောက်တဲ့ La Villa လုံးချင်းအိမ်ရာ စီမံကိန်းကို သည်လ ၂၅ ရက်နေ့က စတင် ရောင်းချမှာ ဖြစ်ပါတယ်။
La Villa လုံးချင်း အိမ်ရာက ငွေဆောင်ကမ်းခြေမှာ တည်ဆောက်မှာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ပြီးစီးမှာ ဖြစ်ပါတယ်။ Sea View လုံးချင်း အိမ်ရာ တိုက်ခန်း ကို ကျပ်သိန်း ၉၀၀ နဲ့ Sea View မဟုတ်တဲ့ လုံးချင်းတွေကိုတော့ ကျပ်သိန်း ၆၀၀ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။
ပထမဦးဆုံး အိမ်ရာ ဝယ်ယူဖို့အတွက် ကျပ်ကိုးသိန်း ပေးသွင်းရ မှာ ဖြစ် ပါတယ်။ ပထမ စာချုပ် ချုပ်တာနဲ့ အိမ်တန်ဖိုးရဲ့ ငါးရာခိုင်နှုန်း၊ လစဉ် အိမ် ခန်းတန်ဖိုး နှစ်ရာခိုင်နှုန်းနဲ့ ၁၄လ ပေးသွင်းရမှာ ဖြစ်ပြီး အခန်းသော့ အပ်နှံ တဲ့ အချိန်မှာတော့ အိမ်ခန်းတန်ဖိုးရဲ့ ၁၇ရာခိုင်နှုန်း စုစုပေါင်း ကျပ်သိန်း ၄၅၀ ပေးသွင်းရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ အခန်းတန်ဖိုးတွေကိုတော့ တစ်လ ကို ၁၈သိန်းနဲ့ ၂၁လ ပေးသွင်းတဲ့ ပုံစံနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။
Credit: The Modern