ကမ္ဘာ့ပဉ္စမမြောက်အိမ်ငှားခဈေးအကြီးနေရာ၌ စင်္ကာပူ ဖော်ပြခံရ

ကမ္ဘာ့ပဉ္စမမြောက်အိမ်ငှားခဈေးအကြီးနေရာ၌ စင်္ကာပူ ဖော်ပြခံရ - Property News in Myanmar from iMyanmarHouse.com
24 Feb 2017 11:13 am တွင် တင်ခဲ့သည်
847 ကြိမ် ကြည့်ရှု့ပြီး
ငှားရမ်း၍ရနိုင်သော အိမ်များ၏ စာရင်းသွင်းထားသော ငှားရမ်းခနှုန်းထားများကို အခြေခံ
၍ ဗြိတိန်အခြေစိုက် အိမ်ခြံမြေရောင်းဝယ်ငှားဝက်ဘ်ဆိုက်ဒ်
Nested က ကမ္ဘာ့အိမ်ငှားခဈေးအကြီးဆုံးနေရာများစာရင်းအား ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၂) က ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ထိုစာရင်းတွင်
စင်္ကာပူက ကမ္ဘာ့ပဉ္စမမြောက် ဈေးအကြီးဆုံး
နေရာအဖြစ် အဆင့် ၅ နေရာတွင် ဖော်ပြခံခဲ့ရသည်။

စင်္ကာပူတွင် ပျမ်းမျှအားဖြင့် ၁ လငှားရမ်းခငှားရမ်းခနှုန်းထားသည် ၁ စတုရန်းပေလျှင် ပေါင် ၂ ဒသမ ၆၈ (စင်္ကာပူဒေါ်လာ ၄ ဒသမ ၇၃) ရှိပြီး တစ်ဦးချင်းစီအတွက် ပေါင် ၁,၁၂၅ (စင်္ကာပူဒေါ်လာ ၁,၉၈၅) ၀န်းကျင်ရှိကာ မိသားစုတစ်ခုအတွက် ပေါင် ၂၁၃၄
(စင်္ကာပူဒေါ်လာ ၃၇၆၆) ၀န်းကျင်ရှိသည်။

အဓိပ္ပါယ်မှာ တစ်ဦးချင်းစီအတွက် ထိုငှားရမ်းခကို တတ်နိုင်ရန် တစ်နှစ်လျှင် ၀င်ငွေ ပေါင် ၄၆,၅၄၂ (စင်္ကာပူဒေါ်လာ ၈၂,၁၂၇)
ရှိရန်လိုအပ်ပြီး မိသားစုတစ်ခုအတွက် ထိုငှားရမ်းခကို တတ်နိုင်ရန် တစ်နှစ်လျှင် ၀င်ငွေ ပေါင် ၈၈၃၁၀ (စင်္ကာပူဒေါ်လာ ၁၅၅,၈၃၀) ရှိရန်လိုအပ်သည်။

ထိုဝက်ဘ်ဆိုက်ဒ်၏ ကမ္ဘာ့အိမ်ငှားခအသက်သာဆုံးစာရင်းတွင်မူ ဆန်ဖရန်စစ္စကို၊ နယူးယောက်၊ ဟောင်ကောင်နှင့် ဒူဘိုင်းတို့ကို ထိပ်ဆုံးမှအစဉ်လိုက်တွေ့ရမည်ဖြစ်သည်။ ထို
မြို့လေးမြို့တွင် ၁ လပျမ်းမျှအိမ်ငှားခသည် ၁ စတုရန်းပေလျှင် ပေါင်
၃ ဒသမ ၉၈ မှ၂ ဒသမ ၈၃ အကြားသာ ရှိသည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၏ မြို့ဖြစ်သည့် ဆန်ဖရန်စစ္စကိုတွင်လူတစ်ဦးအတွက် ၁ လပျမ်းမျှအိမ်ငှားရမ်းခသည် ပေါင် ၁၆၇၀ ရှိပြီး မိသားစုတစ်ခုအတွက် ပေါင် ၃,၁၆၈ ရှိသည်။ Nested ၏ တွက်ချက်မှုများအရ ထိုမြို့တွင် လူလွတ်တစ်
ဦးအတွက် ထိုငှားရမ်းခကို တတ်နိုင်ရန် တစ်နှစ်ဝင်ငွေ ပေါင် ၆၉,၀၈၇ ရှိရန် လိုအပ်ပြီး မိသားစုတစ်ခုအတွက် ထိုငှားရမ်းခကို တတ်နိုင်ရန် တစ်နှစ်လျှင် ၀င်ငွေ ပေါင် ၁၃၁,၀၈၇ ရှိရန်လိုအပ်သည်။

စင်္ကာပူ၏ အိမ်နီးချင်း ကောင်ဟောင်တွင် ၁ စတုရန်းပေလျှင် ၁လပျမ်းမျှအိမ်ငှားခမှာ ပေါင် ၃ ဒသမ ၀၈ ရှိပြီး တစ်ဦးချင်းစီအတွက်
ပေါင် ၁၂၁၉ ၀န်းကျင်ရှိကာ မိသားစု
တစ်ခုအတွက် ပေါင် ၂,၄၅၂ ၀န်းကျင်ရှိသည်။ သို့ဖြစ်ရာ တစ်ဦးချင်းစီအတွက် ထိုငှားရမ်းခကို တတ်နိုင်ရန် တစ်နှစ်လျှင် ၀င်ငွေ ပေါင် ၅၃၄၈၁ ရှိရန်လိုအပ်ပြီး မိသားစုတစ်ခုအတွက် ထိုငှားရမ်းခကို တတ်နိုင်ရန် တစ်နှစ်လျှင် ၀င်ငွေ ပေါင် ၁၀၁,၄၇၇ ရှိရန်လိုအပ်သည်ဟု Nested က ခန့်မှန်းခဲ့သည်။

အထက်ပါ ၁ စတုရန်းပေအတွက် ၁ လပျမ်းမျှအိမ်ငှားခ နှုန်းများမှာ ကမ္ဘာတစ်ဝန်း မြို့ကြီး ၇၂ ခု၏ လက်ရှိဈေးကွက်စာရင်းများကို အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်သည်။
Nested သည် လန်ဒန်အာဏာပိုင်အဖွဲ့က ချမှတ်ထားသော တစ်ဦးချင်းစီအတွက်အနည်းဆုံးလိုအပ်သော နေရာအကျယ်အ၀န်း
သတ်မှတ်ချက် (၄၂၀ စတုရန်းပေ) နှင့်မိသားစုတစ်ခုအတွက် အနည်းဆုံးလိုအပ်သော နေရာအကျယ်အ၀န်းသတ်မှတ်ချက်
(၇၉၇ စတုရန်းပေ) တို့ကိုလည်း အခြေခံ၍ အထက်ပါတို့ကို တွက်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တစ်နှစ် အနိမ့်ဆုံးဝင်ငွေကိုမူ လာဘိုးရာတက္ကသိုလ်၏ သတ်မှတ်ချက်များကို ထည့်သွင်းတွက်ချက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

imyanmarmarket
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service