ဧရာဝတီမြစ်ဘေး မရမ်းခြံဆိပ်ကမ်းမှာ ဆိပ်ခံတံတားတစ်ခုနဲ့ Information Centre တစ်ခုတည်ဆောက်ဖို့အတွက် သက်ဆိုင်ရာကို မြေနေရာတောင်း ခံထားတယ်လို့ မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှု ဦးစီးဌာနက သိရပါတယ် ။
မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာနက လက်ထောက်ညွန်ကြားရေးမှူး ဦးစန်းယုက ‘မင်းကွန်းဘက်ကူးတဲ့နေရာ ၊ မရမ်းခြံဆိပ်မှာ ၊ Jetty လုပ်ဖို့ မြေနေရာတောင်းခံထားတယ် ၊ သူက ရေ အရင်းအမြစ်နဲ့ MCDC ကို တောင်းထားတယ် ၊ မြေနေရာရရင် ဒီနှစ်ထဲမှာ လုပ်မယ်’ လို့ ပြောပါတယ် ။
Jetty (ဆိပ်ခံတံတား) လုပ်ဖို့အတွက် ခရီးသွားလုပ်ငန်းမှာ ပါဝင်တဲ့ သူအား လုံး ပူးပေါင်းပြီး လုပ်ဆောင်မှာ ဖြစ်ကာ ခရီးသွားလုပ်ငန်းတွေ တိုးတက်ဖို့ အတွက်ဆိုရင် transporation ကောင်းဖို့ကလည်း အဓိကကျတဲ့ အရာတွေ ထဲမျာ ပါဝင်တာဖြစ်လို့ အခုလို လုပ်ဆောင်ရတာ ဖြစ်တယ် ။
မရမ်းခြံဆိပ်ကမ်းက စက်လှေသမားတစ်ဦးက ‘မရမ်းခြံဆိပ်မှာ ဆိပ် ခံဆောက်မယ်ဆိုရင် ကောင်းတာပေါ့ ၊ အဲဒီနေရာမှာက ဆိပ်ခံမ ရှိတော့ နိုင်ငံခြားသားတချို့ဆို ရေထဲပြုတ်ကျတာတောင် ရှိဖူးတယ်’ လို့ ပြောပါတယ် ။
မရမ်းခြံဆိပ်ကမ်းဟာ နိုင်ငံခြားသားတွေ အသုံးပြုမှုများတဲ့ ဆိပ်ကမ်း တစ် ခုဖြစ်ပြီး အခုလက်ရှိမှာ သစ်သားတံတားကို အသုံးပြုကာ အတက်အ ဆင်းပြုလုပ်နေရပါတယ် ။ အဲသည်ဆိပ်ကမ်းမှာ jetty တစ်ခုတည်ဆောက်ဖို့ ကို အရင်အစိုးရလက်ထက်က မန္တလေးတိုင်း လမ်းပန်းဆက်သွယ်ရေး ဝန် ကြီး ဦးကျော်ဆန်းကလည်း တိုက်တွန်းပြောကြားခဲ့ဖူးတယ်လို့ သိရပါတယ် ။
Credit: The Modern