ရန်ကုန် အိမ် ခြံ မြေ ဈေးကွက်ရဲ့ တစ်လတာ
ရောင်းဝယ်ငှားဈေးကွက်ဟာ တစ်ရိပ်ရိပ်မြင့်တက်လာခဲ့ရာကနေ အတန်ငယ်ပြန်လည်အေးဆေးသွားခဲ့ပါတယ်။ ရန်ကုန်ရဲ့ တစ်လတာ ဈေးကွက်ကိုလေ့လာကြည့်မယ်ဆိုရင် ဇန်နဝါရီလ အရောင်အဝယ်ပိုင်းမှာအဆောက်အဦးပါ နေရာတွေထက်၊
မြေဈေးကွက်သီးသန့်ကပိုမိုအားကောင်းခဲ့ပေမယ့် ဖေဖော်ဝါရီလ
အတွင်းမှာတော့ အိမ် ခြံ မြေ ဈေးကွက်က အတန်ငယ်ပြန်လည်အေးစက်လာခဲ့ပါတယ်။
ထူးထူးခြားခြား ဈေးကွက်မှာ ပုံမှန်ဆက်ရှိနေတာကတော့ အငှားဈေးကွက်ပဲဖြစ်ပါတယ်။ ဒဂုံလေးမြို့နယ်ကတော့နေရာပေါများမှု၊
ရေရှည်ရင်းနှီးမြုပ်နှံမှုအတွက် အလားအလာကောင်းတဲ့ အတွက် ဈေးကွက်အရအသာစီးရနေတယ်လို့သိရပါတယ်။
ဇုန်ေ့မြအနေအထားမှာလည်း အသုံးပြုဖို့အဆင်သင့်ဖြစ်နေတဲ့ ဇုန်မြေတွေအားလုံး အလားအလာကောင်းနေတယ်လို့သိရပြီး အနည်းငယ် အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။ဒီတစ်လရဲ့ ဈေးကွက်အားကောင်းမောင်းသန် ဖြစ်တဲ့နေရာတွေကို သုံးသပ် ဖော်ပြပေးလိုက်ပါတယ်။
"ယခုလအတွင်းအငှားအားကောင်းခဲ့သည့် တိုက်ခန်းများ""
ဒီလထဲမှာတော့ တိုက်ခန်းတွေအငှားအတော်ဖြစ်ခဲ့တယ်။တိုက်ခန်း ၊ လုံးချင်း ၊ ကွန်ဒိုတွေ အကုန်လုံးအငှားကပိုဖြစ်တယ်။အရောင်းအဝယ်ကတော့ နည်းတယ်။ဘယ်လိုနေရာတွေမှာဖြစ်သလဲဆိုရင်တော့ Developed Area တွေပေါ့။Developed area ကလည်း Downtown တွေမှာဘဲရှိတော့ လှည့်ဖြစ်နေတာပေါ့။အရောင်းအဝယ်ကတော့ downtown မှာ မဖြစ်သလောက်ပဲလို့ပြောရမယ်
""စီမံကိန်း မြေများ""
စီမံကိန်း မြေဧရိယာတွေကတော့ မျှော်လင့်ချက်ထားလို့ကောင်းတဲ့
အတွက် အရောင်းအဝယ်ပုံမှန်အနေအထားမှာရှိနေပါတယ်။လတ်တလော အဖြစ်များတဲ့ စီမံကိန်း မြေဧရိယာတွေကတော့ ကော့မှုး၊
ကွမ်းခြံကုန်း ၊ တိုက်ကြီး အစရှိတဲ့မြေနေရာတွေဟာ အရောင်းအဝယ်ပုံမှန်ဖြစ်ထွန်းနေပြီး ရေရှည်ရင်းနှီးမြုပ်နှံလို
သူတွေမျက်စိကျနေတယ်လို့သိရပါတယ်။
"""ဈေးတက်တဲ့မယ့်လမ်းစနဲ့ သန်လျင်""
တံတားသစ်စီမံကိန်း ၊ သီလဝါစက်မှုဇုန် အစရှိတဲ့မြေနေရာတွေဟာ.ဈေးတက်ဖို့ လမ်းစနဲ့ ရင်းနှီးမြုပ်နှံဖို့အလားအလာကောင်းတဲ့နေရာတွေဖြစ်ပေမယ့် လက်ရှိကာလအထိတော့ အရောင်းအဝယ်ပါးနေဆဲဖြစ်ပါတယ်။ဈေးနှုန်းအရလည်း
ပြောပလောက်အောင် ဈေးနှုန်းမြင့်တက်ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။
"''ဇုန်မြေ ''''
ကျူးကျော်ပြသနာတွေနဲ့ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ဇုန်မြေတွေကြောင့် မြေပိုင်ဆိုင်သူတွေအနေနဲ့ စိတ်အနှောင့်အယှ က်ဖြစ်စေခဲ့ပါတယ်။ဒါပေမယ့် စက်မှုဇုန်မြေဈေးကွက်ဟာလည်း အရောင်းအဝယ်အခြေအနေနဲ့ ဈေးနှုန်းအရအားကောင်းနေတယ်လို့သိရပါ
တယ်။ အဖြစ်များတဲ့ဇုန်မြေနေရာတွေကတော့ တောင်ဒဂုံ ၊ ရွှေလင်ဗန်း ၊ လှိုင်သာယာ စတဲ့ အရံသင့်သုံးဖို့အဆင်သင့်ဖြစ်နေတဲ့
နေရာတွေမှာ အရောင်းအဝယ်ဖြစ်နေပါတယ်။
ဈေးနှုန်းအရ တစ် ဧက လျှင် ကျပ်သိန်းတစ်ထောင်ဝန်းကျင်မှ သိန်းတစ်သောင်းဝန်းကျင်အထိ ဈေးကွက်အ
တွင်းပေါက်ဈေးရှိနေတယ်
ဆိုပေမယ့် ဈေးတက်တဲ့ဖြစ်ရပ်မျိုးမရှိခဲ့ကြောင်း ယခုလအတွက်တင်ပြလိုက်ရပါတယ်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com