ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဥဿာမြို့သစ် ဟံသာဝတီ မြို့ရိုးနှင့် ကျုံး
ဟောင်းနေရာများတွင် အုပ်စုဖွဲ့ တုတ်ဓားလက်နက်များ ကိုင်ဆောင် ပြီး ရှေးဟောင်းသုတေသန ဦးစီးဌာနပိုင် မြေနေရာများနှင့် မြေ လွတ်မြေလပ်များကို ကျူးကျော်ကာ မြေကွက်ရိုက် ရောင်းချမှုများ ပိုမို များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းကဲ့သို့ ရောင်းချမှုမှာ လွန်ခဲ့သော သုံးလကျော် (၂၀၁၆ ခုနှစ် အောက် တိုဘာ)မှ စတင်ခဲ့ပြီး ယခင်က မြို့သစ်အနီးတစ်ဝိုက်တွင် ကျူးကျော် ကာ ရောင်းချခဲ့သော်လည်း ယခုအခါ ပဲခူးမြို့၏နေရာအနှံ့ကို ကျုးကျော် လာပြီး ရပ်ကွက်များအနီးပင် ရောက် လာကြောင်း ဒေသခံများ က ပြောကြားသည်။
“အရင်တုန်းက မြေလွတ်မြေလပ်နဲ့ ဌာနပိုင်မြေတွေကို ကျူးကျော်တာ။ အခု က ပိုင်ရှင်ရှိပြီး လူလာမစောင့်ရှောက်နိုင်တဲ့ မြေတွေကိုပါ သူတို့က အကွက်
တွေရိုက်၊ ခြံစည်းရိုးတွေ ခတ်ပြီး ရောင်းနေတာ၊ ခြံခတ်နေတာကို
မြင်လို့ မေးမြန်းရင် ရိုက်မောင်း ပုတ်မောင်းလုပ်သလို တိုင်ချင်ရာ တိုင် ပြော လွှတ်တယ်”ဟု ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး ၇ တွင် နေထိုင်သော ဦးတေဇာလင်းက ပြောကြားသည်။
ပဲခူးမြို့ပေါ်တွင် ကျုးကျော်နေထိုင်သူများမှာ သနပ်ပင်မြို့ရှိ ကျေးရွာအချို့မှ စစ်တောင်းမြစ်ကမ်းပါး ပြိုကျမှုကြောင့် ရွှေ့ပြောင်းလာသူများလည်းရှိပြီး အချို့မှာ စီးပွားရေး လုပ်ငန်းသဖွယ် အုပ်စုဖွဲ့ တုတ်ဓားများ ကိုင်ဆောင်ကာ ဝါးလုံးများဖြင့် ခြံခတ်ကာ တဲသာသာ လူနေအိမ်များဆောက် ကာ မြေ တစ် ကွက်လျှင် ကျပ်တစ်သိန်းမှ သုံးသိန်းအထိ သတ်မှတ်ကာ ရောင်း ချနေကြောင်း ယင်းနေရာများအနီးတွင် နေထိုင်သူများက ပြောဆိုသည်။
“အခု ကျူးကျော်နေတဲ့သူတွေက အရင်သုံးလေးနှစ်က တိုင်းအစိုးရ က ငွေကြေး ထောက်ပံ့တာ၊ မြေနေရာ အစားထိုး ပေးတာမျိုးလုပ်ပြီး ရှင်းမှာ ကိုမျှော်လင့်ပြီ အုပ်စုဖွဲ့ ကျူးနေတာ၊ ခုချိန်မှာ မြေနေရာ အစားထိုးပေးဖို့ မရှိ သလို ငွေကြေးလည်း ထောက်ပံ့ဖို့လည်း မရှိဘူး၊ ဥပဒေအတိုင်းပဲ ရှင်းလင်း သွားမှာပါ”ဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
ပဲခူးမြို့ ဟံသာဝတီမြို့ရိုးဟောင်း နန်းတော်ရာ ရပ်ကွက် ကျုံးဧရိယာနှင့် ကျွန်းသာယာရပ်ကွက်များမှ ကျုးကျော်နေထိုင်သူများကို ဖေဖော်ဝါရီလ တတိယပတ်ခန့်မှ စတင်ကာ ကျုးကျော်နေထိုင်မှု ရပ်ဆိုင်းရန် အကြောင်း ကြားစာ ပေးပို့ထားကြောင်း၊ မဖယ်ပေးပါက ဒုတိယအဆင့်အနေနှင့် တရား စွဲဆိုမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားမည်ဖြစ်ကြောင်း ပဲခူး တိုင်းဒေ သကြီး ကျူးကျော်ရှင်းလင်းရေး ကော်မတီမှ ထုတ်ပြန်ချက်အရ သိရှိရသည်။
ပဲခူးမြို့ပေါ်ရှိ ကျုးကျော် နေထိုင်နေသူများကို ဖယ်ရှားပေးရန် နို့တစ်စာ ထုတ်ပြန်ပေးထားပြီး တားမြစ်ချက်ကို ဖောက်ဖျက်ပါက တည်ဆဲ ဥပဒေ များဖြင့် အရေးယူမည်ဖြစ်ကြောင်း ကျူးကျော်ရှင်းလင်းရေး ကော်မတီအဖွဲ့ဝင် တိုင်းဥပဒေအရာရှိဦးအုန်းသန်းက ပြောကြားသည်။
ပဲခူးမြို့ နန်းတော်ရာရပ်ကွက် ဟံသာဝတီ မြို့ရိုးဟောင်းနှင့် ကျူံးနေရာ၊ ကျွန်း သာယာရပ်ကွက် ဒက္ခိဏသာခါ ဘုန်းတော် ကြီးကျောင်း နောက်ကျော ဖက် နေရာများတွင် ကျူးကျော်နေထိုင်သော အိမ်ခြေ တစ်ထောင်ခန်ရှိပြီး အများစုမှာ ပေ ၂၀၊ ပေ ၃၀ အထိ မြေကွက်ရိုက်ကာ ခြံစည်း ရိုးခတ်ပြီး မြေကွက် ရောင်းချနေသူများသာ ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
Credit: The Voice