လမ်းဘေးဈေးသည် ပတ်ချာလည်နေတဲ့ မဟာရန်ကုန်

လမ်းဘေးဈေးသည် ပတ်ချာလည်နေတဲ့ မဟာရန်ကုန် - Property News in Myanmar from iMyanmarHouse.com
24 Feb 2017 10:45 am တွင် တင်ခဲ့သည်
2214 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင်းခြောက်မြို့နယ် အတွင်းမှာ လမ်းဘေးဈေးသည်တွေနဲ့ စည်ပင်ဝန်ထမ်းတွေ အကြား စကားများ အပြန်အလှန်ပြောဆိုမှု တွေ ၊ ပလက်ဖောင်းပေါ် အပြည့် ဈေးဗန်းတင်ရောင်းတဲ့ ကိစ္စတွေနဲ့ပက်သက်ပြီးရင်ဘဲဖြစ်ဖြစ် နေရာလုတာဘဲဖြစ်ဖြစ်
ဈေးသည်အချင်းချင်း စကားများကြတဲ့မြင်ကွင်းတွေကလည်း ရန်ကုန်အတွက်ထူးခြားတဲ့ မြင်ကွင်းတစ်ရပ်တော့ မဟုတ်ပါဘူး ။

ခေတ်အဆက်ဆက် လိုက်တမ်းပြေးတက် ကစားသလိုဘဲ စည်ပင်ဝန်ထမ်းတွေလာရင် လမ်းဘေးဈေးသည်တွေ က
ဈေးဗန်းလေးတွေ မပြီး ပြေးရင်ပြေး ၊ မပြေးလို့ စည်ပင်ဝန်ထမ်းက ပစ္စည်းသိမ်းရင် ပြန်လုယူတာတွေ ၊ အော်ဟစ်ဆဲဆိုတာတွေ
ကလည်း ခဏခဏ ဖြစ်နေတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ် ။ ပြီးရင် ဒုံရင်းဒုံရင်းအတိုင်းမူလနေရာမှာ ပန်းပန်လျက်ရောင်းချတာဘဲဖြစ်ပါတယ်။

လမ်းဘေးဈေးသည်များတွေ စည်းကမ်းမဲ့ရောင်းချခြင်းကလည်း ခေတ်အဆက်ဆက်မှာ အရိုးစွဲလာသလို ဖြစ်နေပြီး ညတစ်ချို့နေရာတွေမှာဆိုရင် စည်ပင်ပိုင် ပလက်ဖောင်းကို မိဘ အမွေအနှစ်ပေးထားသလို ဂရန် မဖောက်ထားရုံသဖွယ် အပိုင်စားလုပ် ၊ ရောင်းစားတဲ့ ကိစ္စဌားစားတဲ့ ကိစ္စတွေကလည်း
သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ခေတ်အဆက်ဆက်က လစ်လျုရှုခဲ့တဲ့ အကျိုးရလာဒ်တွေဘဲဖြစ်ပါတယ်။ တစ်ချို့ခေတ်တွေမှာဆိုရင် ဈေးကောက်ဆိုသလား အထိတောင်ကောက်ခဲ့ကြသလို ကဒ်ပြားတွေတောင် ထုတ်ပေးသွားတဲ့ အာစရိတွေ ရှိခဲ့ဖူးတယ့် အထိ လုပ်ခဲ့ကြပါတယ် ။

နှစ်ပေါင်းများစွာစည်းကမ်းမဲ့လမ်းဘေးမှာ ဈေးရောင်းတဲ့ ပြသနာတွေကို ထိထိရောက်ရောက်မဖြေရှင်းနိုင်ခဲ့တာဟာလည်းသက်ဆိုင်ရာတာဝန်ရှိသူများရဲ့အားနည်းချက်များကြောင့် ဖြစ်ပါတယ် ။ ပြီးခဲ့တာတွေကို နောက်ကြောင်းပြန် ချေးခြောက်ရေနှုးဖို့ ဆိုတာထက် ဘယ်လို စနစ်တကျ နဲ့ မြို့တော်လည်း သန့်ရှင်းသာယာလှပအောင် ၊ လမ်းဘေးဈေးသည်တွေလည်း စာဝတ်နေရေး အဆင်ပြေအောင် မျှတတဲ့နည်းလမ်းတစ်ခု ကြံဆောင်ကြဖို့လိုပါတယ်။

အစိုးရသစ်လက်ထက်မှာ အထင်ကရလမ်းတွေပေါ်မှာ
လမ်းဘေးဈေးသည် ရှင်းလင်းရေး စီမံချက်တွေချပြီး
လုပ်ကိုင်လာခဲ့သလို ဈေးသည်တွေ စားဝတ်နေရေး အတွက်လည်း ကမ်းနားလမ်းတစ်လျှောက်နဲ့မဟာဗန္ဓုလပန်းးခြံလမ်းရဲ့အစိတ်အပိုင်းတစ်ခုမှာတရာဝင်ဈေးရောင်းချခွင့်ပြုထားပါတယ် ၊ ဒါပေမယ့်လည်း သီးသန့်နေရာမဟုတ်တဲ့ အပြင် ကားလမ်းဧရိယာ အစိတ်အပိုင်းတစ်ခုကို သတ်မှတ်ရောင်းချခွင့်ပြုထားတဲ့ အတွက် ယာဉ်သွားလာမှုကိုလည်း အတိုင်းအတာ တစ်ရပ်အထိ ထိခိုက်စေပါတယ် ။

ဒါ့အပြင် ဖောက်သည်တွေနဲ့ ဝေးလို့ အရောင်းအ၀ယ်မကောင်းဘူးဆိုပြီး မူလနေရာကို တိတ်တိတ်လေး ပြန်သွားရောင်းဖို့ တာစူနေတဲ့ လမ်းဘေးဈေးသည်တွေလည်း ရှိလာတာကို
ည ၈ နာရီနောက်ပိုင်းမဟာရန်ကုန် ပလက်ဖောင်းပေါ်မှာပြန်မြင်လာရပြီဖြစ်ပါတယ် ။
လမ်းဘေးဈေးသည် ရှင်းလင်းရေး ၊ မြို့တော်သန့်ရှင်းသာယာလှပစေရေး ဆိုပြီး ကြွေးကြော်သံတွေနဲ့ ရန်ကုန်မြို့အတွင်းမှာရှိတဲ့ စည်းကမ်းမဲ့ရောင်းချနေတဲ့ လမ်းဘေးဈေးသည်တွေကို ခေတ်အဆက်ဆက်မှာသက်ဆိုင်ရာမှဖယ်ရှားရှင်းလင်းခဲ့ပါတယ်၊အပြကောင်းရုံသက်သက်လုပ်ခဲ့တာဖြစ်ပြီး
ခေတ်အဆက်ဆက်မှာ လူကြီးအကြိုက် အမြင်ကောင်းအောင် လုပ်ကိုင်ခဲ့ကြတာဖြစ်တဲ့အတွက်ကြောင့် မကြာခင် အချိန်အနည်းငယ် ကြာသွားရင်တော့ ဒုံရင်းဒုံရင်း မူလနေရာတွေမှာဘဲ ဈေးသည်တွေက ပြန်ပြန်ရောက်ရှိလာပါတယ် ။.

အစိုးရသစ်လက်ထက်မှာတော့ မြို့တော်သန့်ရှင်းသာယာလှပရေးလည်းဖြစ်အောင် ၊ လမ်းဘေးဈေးရောင်းချသူတွေရဲ့ စားဝတ်နေရေးလည်း အဆင်ပြေအောင်လို့ လမ်းဘေးဈေးသည်များတရာဝင်ရောင်းချနိုင်ဖို့ပြီးခဲ့နှစ်နိုဝင်ဘာလ(၂၃)ရက်နေ့မှာကမ်းနားလမ်းညဈေးတန်းကိုတရာဝင်ဖွင့်လှစ်ပေးခဲ့ပါတယ်။ တရားဝင်နေရာမှာ သွားရောင်းတဲ့ ဈေးသည်တွေ ရှိသလို တစ်ချို့ဈေးသည်တွေကတော့ လစ်ရင်လစ်သလို စည်းကမ်းမဲ့ ရောင်းချခြင်းတွေလည်း ရန်ကုန်ရဲ့လမ်းမတွေပေါ်မှာ ပြန်လည်မြင်တွေ့လာရပါပြီ ။

စည်းကမ်းမဲ့ဈေးသည်တွေကို စည်ပင်ဝန်ထမ်းတွေက ပစ္စည်းသိမ်းအရေးယူမှု တွေ ပြုလုပ်နေပေမယ့်လည်း မလိုလားအပ်တဲ့ ပြသနာ တွေ ၊ စကားများရန်ဖြစ်တာတွေကြောင့် အမှန်တကယ် အလုပ်ဖြစ်မယ့် အခြေအနေတစ်ခု ကိုဖန်တီးဖို့ လိုပါပြီ ။
လမ်းဘေးဈေးသည်များတရာဝင်ရောင်းချနိုင်ရန်လက်ရှိအစိုးရမှ ကမ်းနားလမ်းတစ်လျှောက်မှာ နေ့လည်(၃)နာရီမှ ည(၁၁)အထိအခမဲ့ရောင်းချခွင့်ပေးထားပါတယ် ၊၊

ဈေးသည်တွေနဲ့ လာရောက်စားသောက်သူတွေ အဆင်ပြေဖို့ အတွက်လည်း ရေ၊အိမ်သာနဲ့လျှပ်စစ်ဓာတ်အားကိုလည်းရရှိအောင်စီစဉ်ဆောင်ရွက်ပေးထားပါတယ် ၊ ဒါပေမယ့် တစ်ဖက်မှာလည်း အထင်ကရလမ်းမကြီး(၁၁)လမ်းမှာဈေးမရောင်းရနေရာအဖြစ်
သတ်မှတ်လိုက်ပြီး၊အဆိုပါနေရာများမှာရောင်းချပါကစည်ပင်ဥပေးနဲ့
အညီအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ အတိအလင်းကို ကြေငြာထားပြီး အရေးယူမှုတွေ စဉ်ဆက်မပြတ် ပြုလုပ်နေပါတယ် ။

ဈေးသည်ပေါင်း ၆၀၀၀ ကျော်ရှိကြောင်း စည်ပင်က စာရင်းကောက်ထားပေမယ့် ညဈေးတန်းမှာ နေရာချထားပေးနိုင်တာက ဈေးသည်ပေါင်း ၁၃၀၀ ကျော်သာသာလောက်ဘဲရှိလို့ ကျန်ရှိဈေးသည်တွေ အဆင်ပြေအောင် မကြာခင်မှာ ည ဈေးတန်းအသစ်တွေ ကိုထပ်မံဖော်ထုတ်ပေးဖို့
စီစဉ်နေကြပါပြီ ။

အလုပ်အကိုင်အခွင့်အလမ်း အတွက် ၇န်ကုန်ကို အခြေချသူတွေ များပြီး သူများအလုပ်မလုပ်ချင်တဲ့ လူတွေ အနေနဲ့ စက်ရုံအလုပ်ရုံတွေကိုမှာ လုပ်မယ့် အစား အရင်းအနှီးအနည်းငယ်လောက်နဲ့ လမ်းဘေးမှာ ဈေးရောင်းချတဲ့ အလုပ်ကို လုပ်လာကြပါတယ် ။ ၀င်ငွေကောင်းတဲ့လူက များပါတယ်။

လမ်းဘေးဈေးသည်တွေရဲ့ဝင်ငွေကလည်း အမျိုးမျိုးရှိပါတယ် ၊ သေချာတာတစ်ခုကတော့ စက်ရုံအလုပ်ရုံတွေမှာ သွားလုပ်တာထက် ပိုမိုတဲ့ ၀င်ငွေတွေ ရရှိလို့ဘဲဖြစ်ပါတယ် ၊ အသေအချာ စာရင်းကောက်ထားတာ မရှိပေမယ့် အနည်းဆုံး နေ့စဉ်အမြတ်ငွေ သောင်းဂဏာန်းအထိ ရတဲ့လူတွေ အများအပြား ရှိနေပါတယ် ။

မဟာရန်ကုန်မှာ လမ်းဘေးဈေးသည်အဖြစ် ဈေးရောင်းဖို့ ဆိုတာကလည်း မလွယ်လှပါဘူး ၊ အရင်းအနှီး တစ်ခုရှိရမယ့်အပြင် ပိုင်ရာဆိုင်ရာတွေ ကိုလည်းဆည်းကပ်ထားမှ နေရာလေးတစ်ခုမှာ ခေတ္တကွန်းခိုနိုင်မှာဖြစ်ပါတယ် ၊ တစ်ချိန်တုံးက ပလက်ဖောင်းဈေးဗန်တစ်နေရာ အတွက် သိန်းဆယ်ဂဏာန်းအထိ ပေါက်ခဲ့ပြီး ယခုလို ညဈေးတန်းတွေ အစိုးရက သတ်သတ်မှတ်မှတ်ထားလိုက်တဲ့ အချိန်မှာတော့ ဒီဈေးကွက်က ပျောက်သလောက်ဖြစ်သွားပါပြီ ၊ ဒါတောင် အနည်းအကျဉ်းရှိနေဆဲဖြစ်ပါတယ် ၊ အိမ်ရှေ့မျက်နှာစာမှာ ဈေးရောင်းတဲ့ အတွက် အိမ်ရှင်တောင်းသလောက်ကိုပေးရတဲ့ ကိစ္စတွေကတော့ ရှိနေဆဲဖြစ်ပါတယ် ။ အိမ်ပြန်ပစ္စည်းသိမ်းရင်လည်း ပစ္စည်းသိမ်းခ အတွက် အိမ်ရှင်ကို ပိုက်ဆံပေးရပါတယ် ၊ စည်ပင်က ပေးတဲ့ရေတောင် ဘာလီပုံးတစ်ပုံးကို ငွေတစ်ရာပေးရပါတယ် ။

ဒါကြောင့်လည်း အမြန်ဆုံး လမ်းဘေးဈေးသည်တွေ အတွက် ညဈေးတန်းတွေကို နေရာ အနှံ့ဖော်ဆောင်ပေးဖို့ အရေးကြီးပါတယ် ၊ နိုင်ငံတော်အတွက်လည်း အခွန်ဘဏ္ဍာ အထိုက်အလျောက် ရရှိစေသလို ပြည်သူတွေ အတွက်လည်း ကျန်းမာသန့်ရှင်းတဲ့ အစားအသောက်ကို စားသုံးခွင့်ရမှာဖြစ်ပါတယ် ၊ ဒါပေမယ့်
စည်ပင်ကော လမ်းဘေးဈေးသည်ကော စားသုံးသူကော အမှန်တကယ် အလုပ်ဖြစ်မယ့် နေရာလေးတွေမှာတော့ ညဈေးတန်းသစ်တွေ ထပ်ဖွင့်သင့်ပါပြီ ၊ အထက်လမ်းမှာ အလုပ်လုပ်တဲ့ လူတစ်ယောက် အောက်လမ်းတစ်မျှော်တစ်ခေါ်ကို အစားတစ်လုပ်အတွက် ဒုက္ခခံပြီး သွားစားမှာ မဟုတ်တဲ့ အတွက် ဈေးသည်လမ်းရောင်းရမှာ မဟုတ်ပါဘူး ၊ ဒါကြောင့်လည်း ခေတ်အဆက်ဆက် ကအမှားအယွင်းတွေကို သင်ခန်းစာယူပြီး အမှန်တကယ် အလုပ်ဖြစ်မယ့် နေရာမျိုးတွေမှာသာ ညဈေးတန်းကို ဖွင့်လှစ်သင့်ပါကြောင်း တိုက်တွန်းတင်ပြလိုက်ပါတယ် ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
CarsDB
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service