ကျန်းမာရေးဝန်ထမ်းအိမ်ရာများ တည်ဆောက်ရန် ကျပ်ကိုးဘီလီယံကျော် သုံးစွဲမည်

ကျန်းမာရေးဝန်ထမ်းအိမ်ရာများ တည်ဆောက်ရန် ကျပ်ကိုးဘီလီယံကျော် သုံးစွဲမည် - Property News in Myanmar from iMyanmarHouse.com
24 Feb 2017 10:31 am တွင် တင်ခဲ့သည်
990 ကြိမ် ကြည့်ရှု့ပြီး
တစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများအတွက် အိမ်ရာတည်ဆောက်ရန် ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်တွင် ကျပ်ကိုးဘီ လီယံကျော် (ကျပ်သန်းပေါင်း ၉,၁၀၀) သုံးစွဲမည်ဟု ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ သတင်းရ ရှိသည်။

အစိုးရသစ်ကိုယ်တိုင် ရေးဆွဲသည့် ပထမဆုံးဘတ်ဂျက်၌ ဝန်ထမ်းအိမ် ရာ ဆောက်လုပ်ရန် ဘတ်ဂျက် ၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ တိုး တက်လာပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၌ ဝန်ထမ်း အိမ်ရာငါးထောင့်နှစ်ရာ တည် ဆောက်မည်ဟု အထက်ပါဝန်ကြီး ဌာန ဝန်ကြီးဒေါက်တာမြင့်ထွေး က ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြုလုပ်သော အမျိုးသား လွှတ် တော် အစည်း အဝေး၌ ပြောကြား သည်။

‘‘ဘတ်ဂျက်အားဖြင့် အခုဆို ရင် ၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း တက်လာ ပါတယ်။ ထို့အပြင် ကျွန် တော် ပြည်သူ့လွှတ်တော်မှာ တင် ပြတဲ့အတိုင်း လာမယ့် ဘဏ္ဍာ ရေးနှစ်များမှာတော့ ဒါထက်ပိုရ အောင် ပိုက်ဆံတောင်း မယ်။ ပိုက် ဆံတောင်းမယ်ဆိုတာ စုစုပေါင်း ဘတ်ဂျက်မှာ ပိုမတောင်းပါဘူး။ သို့သော် (ရထားတဲ့ ဘတ်ဂျက်) အတွင်းမှာ ဝန်ထမ်းအိမ်ရာကို ပို တောင်းဖို့ အစီအစဉ်ရှိပါတယ်’’ ဟု ၎င်းကပြောသည်။

မွန်ပြည်နယ် အမှတ်(၁) မဲ ဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းဟန်က မော်လမြိုင်မြို့နယ် ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှူးရုံး တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ် ရာ ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းမေးမြန်းရာ ပြည်ထောင်စု ဝန် ကြီးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့သည်။

ဦးအေးမင်းဟန်တင်ပြသော မော်လမြိုင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာန ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်တွင် ပါ ဝင်ခြင်းမရှိဘဲ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှသာ စတင်၍ ဦးစားပေးအစီအစဉ်၌ ထည့်သွင်း ဆောင်ရွက်မည်ဖြစ် ကြောင်း ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

အစိုးရသစ်လက်ထက်တွင် ဝန်ထမ်းအိမ်ရာတောင်းဆိုမှု ပိုမို များပြားနေေ ကြာင်းနှင့် အဖြစ်နိုင်ဆုံး လုပ်ဆောင်ပေးမည်ဖြစ် ကြောင်း ၎င်းကပြောသည်။

‘‘ဝန်ထမ်းနေရာမရတာ အများကြီးရှိပါတယ်။ ဒါကို ဖြစ်နိုင် မယ်ဆိုရင် တိုင်ြး ပည်နည်းနည်း ချမ်းသာလာမယ်ဆိုရင် Housing Allowance (နေစ ရိတ်ထောက်ပံ့ကြေး)ဝန်ထမ်းတွေကို ပေးဖို့လို မယ်ထင်ပါတယ်။ ဒါကိုတော့ ကျွန်တော်က ရေရှည်အနေနဲ့ သုံး သပ်ရမှာဖြစ်တယ်။ မဟုတ်ရင် ကျွန်ေ တ်ာတို့က နှစ်စဉ်နှစ်စဉ် ဝန် ထမ်းအိမ်ရာတွေ တောင်းလိုက် ပေး လိုက်၊ တောင်းလိုက်ပေး လိုက်နဲ့ လုံးဝမကောင်းတဲ့ကိစ္စဖြစ် ပါတယ်’’ဟု ဒေါက်တာမြင့်ထွေး က ပြောသည်။

ကျန်းမာရေးဝန်ထမ်းများအ တွက် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် အိမ်ရာ ၂၅၇ လုံး၊ ၂၀၁၂-၁၃ တွင် ၆၆၉ လုံး၊ ၂၀၁၃-၁၄ တွင် ၁,၅၃၇ လုံး၊ ၂၀၁၄-၁၅ တွင် ၂,၀၁၆ လုံး၊ ၂၀၁၅-၁၆ တွင် ၁,၁၃၁ လုံးနှင့် ၂၀၁၆-၁၇ တွင် ၃,၉၄၅ လုံးဆောက်လုပ်ပေးခဲ့ သည်ဟု ပြည်ထောင်စုဝန်ကြီးက လွှတ်တော်သို့ တင်ပြခဲ့သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service