ရန်ကုန်မြို့က စီမံကိန်း နာမည်သာ ရှိပြီး မြေပြင်မှာ တည်ဆောက်ထားတာ မရှိတဲ့ အိမ်ရာစီမံကိန်း အဟောင်း တွေကို လာမယ့်မတ်လအတွင်း ပြန်လည် မတ်လအတွင်း ပြန်လည် တည်ဆောက်သွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ရန်ကုန်မြို့ ပတ်ချာလည်မှာ စီမံကိန်း နာမည်သာ ရှိနေပြီး မြေကွက် အတိုင်းသာ ရှိနေသေးတဲ့ အိမ်ရာစီမံကိန်း တွေ အကုန်လုံးကို မတ်လအတွင်း စတင်ဆောင်ရွက်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စတင်ဆွေးနွေး နေပြီလို့ သိရပါတယ်။
ရန်ကုန်မြို့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဂျပန်၊ တရုတ်၊ ကိုးရီးယား စတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက် မယ့် အစီအစဉ်တွေ ရှိပါတယ်။ ကြီးမားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေကို အစိုးရအချင်းချင်း ဆောင် ရွက်တဲ့ ပုံစံနဲ့ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဘာကြောင့်လဲဆိုတော့ အစိုးရဘတ်ဂျက်ရဲ့ ပြင်ပမှာ ဆောင်ရွက်မှာ ဖြစ်ပါတယ်၊ အစိုးရဘတ်ဂျတ်နဲ့ ဒီလုပ်ငန်းတွေကိုပါ ထည့်လုပ်မယ်ဆိုရင် ဆောင်ရွက်နိုင်ဖို့ အ ရမ်း နောက်ကျသွားမှာ ဖြစ်ပါတယ်၊ ဒီအစိုးရ ဘတ်ဂျက်ရဲ့ ပြင်ပကနေ အစိုးရ အချင်းချင်းဆောင်ရွက်ပြီး ပုဂ္ဂလိ က ပါဝင်မှုတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
သည်စီမံကိန်းတွေကို လာမယ့် ဧပြီလ ၁ ရက်နေ့ကနေ ဘတ်ဂျက်ကနေ စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လာမယ့် ဘတ်ဂျက် အတွင်းမှာ ဆောင်ရွက်မယ့် အမျိုးသာ စီမံကိန်းတွေကို ပွင့်လင်းမြင်သာစွာ ချပြသွားမှာ ဖြစ်ပြီး လုပ်ငန်းရှင်တွေအားလုံး ပူးပေါင်း ပါဝင်နိုင်အောင်လို့ အသိပေး ဆောင်ရွက်မယ်လို့ သိရပါတယ်။
Credit: The Modern