အရစ်ကျနဲ့ ရောင်းချတဲ့ ပိုင်ရှင်တချို့ ပြဿနာအခက်အခဲ ကြုံနိုင်

အရစ်ကျနဲ့ ရောင်းချတဲ့ ပိုင်ရှင်တချို့ ပြဿနာအခက်အခဲ ကြုံနိုင် - Property News in Myanmar from iMyanmarHouse.com
24 Feb 2017 10:10 am တွင် တင်ခဲ့သည်
2126 ကြိမ် ကြည့်ရှု့ပြီး
တိုက်ခန်းတွေကို အရစ်ကျစနစ်တွေနဲ့ ရောင်းချလာတာတွေ အခုနောက်ပိုင်းမှာ ခေတ်စားလာတာ ဖြစ်ပါတယ်။ သည်လို အရစ်ကျ ရောင်းချတဲ့ အခါမှာ ကန်ထရိုက်တာတွေ ရောင်းတာတွေ ရှိသလို ပိုင်ရှင်တွေကိုယ်တိုင်က အရစ်ကျ ရောင်းလာတာတွေလည်း ရှိလာပြီး အရစ်ကျ ရောင်းချတဲ့ ပိုင်ရှင်တွေအနေနဲ့ ပြဿနာတွေ အခက် အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

“ပိုင်ရှင်တွေ ရောင်းတဲ့အခါကျတော့ သူတို့က ဘယ်လိုပုံစံတွေနဲ့ ရောင်းနေတာလဲ ဆိုတာတော့ မသိဘူး၊ တချို့ ဆိုရင် ၃၀ ရာခိုင်နှုန်းသွင်းပြီးရင် ကျန်တာတွေကို ဆက်သွင်းရမယ် ဘယ်နှလ၊ ဘယ်နှနှစ် အရစ်ကျဆိုပြီးတော့ စာချုပ်စာတမ်းတွေနဲ့ ရောင်းတာတွေလည်း ရှိလာတယ်။ ခင်တဲ့ သူတွေဆိုရင် စာချုပ်မထားတော့ဘူး၊ သူတို့က ပြဿနာတွေက အဲ့ဒီမှာ စတာပါ၊ ကန်ထရိုက်တာတွေ ရောင်းတာတွေက အရစ်ကျဆိုရင်တော့ စာချုပ်စာတမ်း တွေ သေချာလုပ်ပြီးမှ ရောင်းတာလေ၊ ပြဿနာ မရှိဘူး” လို့ ချမ်းမြေ့ဆောက်လုပ်ရေးက တာဝန်ရှိသူ မအေမီ က ပြောပါတယ်။

ပိုင်ရှင်တွေဘက်က အရစ်ကျနဲ့ ရောင်းချတဲ့အခါမှာ အလိမ်ခံရတာတွေ၊ လချင်းပေးရမှာတွေကို မပေးတာတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ တချို့ပိုင်ရှင်တွေက စာချုပ်စာတမ်းတွေ လုပ်ပြီး ရောင်းချကြပေမဲ့ တချို့တွေက နားလည်မှုနဲ့ စာချုပ်စာတမ်း မချုပ်ဘဲ ရောင်းချကြပါတယ်။

“အရစ်ကျနဲ့ ရောင်းပေးတယ်ဆိုတာ ယုံကြည်မှုတစ်ခုနဲ့ လုပ်တာပါ၊ သူတို့ ဝယ်ယူသူတွေလဲ အဆင်ပြေနိုင် အောင်လို့ ရောင်းပေးတာပါ၊ အခုကျတော့ အစပိုင်းမှာတော့ မှန်မှန်သွင်းတယ်၊ နောက်ပိုင်းကျတော့ နှစ်လတစ် ခါ ခွဲခွဲပြီး သွင်းတယ်၊ နောက်ပိုင်း အိမ်ပေါ်တတ်တောင်းမှ ရတော့တယ်၊ အဲ့လိုမျိုး ဖြစ်နေတာပေါ့၊ အခုကျတော့ သူတို့ ဝယ်တာ မတန်ဘူး၊ အားနာလို့ ဝယ်ရတာတွေကို လာပြောနေတယ်ဆိုတော့ တော်တော်တော့ စိတ်ပျက် ဖို့ ကောင်းတယ်။ နောက်ဆိုရင် စာချုပ်စာတမ်းကိုသာ ရအောင်ချုပ်ပါ။ လူရင်းပဲဖြစ်ဖြစ် သူစိမ်းပဲဖြစ်ဖြစ်ပေါ့၊ မ ဟုတ်ရင်တော့ ပြဿနာ တတ်လာနိုင်တယ်” လို့ တိုက်ခန်း အရစ်ကျ ရောင်းချသူ ဒေါ်အေးမြင့်က ပြောပါတယ်။

ပိုင်ရှင်တွေဘက်က ရောင်းချတဲ့ တိုက်ခန်းတွေကို ဝယ်ယူသူတွေက လစဉ် ပုံမှန်ငွေမသွင်းတာတွေ၊ သော့အပ် ပြီးချိန်မှ သွင်းရမယ့် ငွေကို ဆက်မသွင်းချင်တော့တာကြောင့် အရစ်ကျ ရောင်းချတဲ့ ပိုင်ရှင်တွေက အခက်အခဲ တွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။

ရောင်းချတဲ့အခါ စာချုပ်စာတမ်းတွေနဲ့ ရောင်းချတယ်ဆိုရင် တရားစွဲဆိုတာတွေ၊ တိုင်ကြားတာတွေ ပြုလုပ်နိုင် မှာ ဖြစ်ပေမဲ့ စာချုပ်စာတမ်း မရှိတာကြောင့် ပြဿနာတွေ ဖြစ်ပြီး အခက်ခဲ ဖြစ်နေရတာ ဖြစ်ပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

imyanmarmarket
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service