အဆမတန် မြင့်တက်ခဲ့တဲ့ အိမ်ခြံမြေဈေးနှုန်းတွေ အမှန်တကယ် ကျမှာလား

အဆမတန် မြင့်တက်ခဲ့တဲ့ အိမ်ခြံမြေဈေးနှုန်းတွေ အမှန်တကယ် ကျမှာလား - Property News in Myanmar from iMyanmarHouse.com
23 Feb 2017 12:23 pm တွင် တင်ခဲ့သည်
3008 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေဈေးနှုန်းများ ကြီးမြင့်နေမှုအပေါ် တဖြည်းဖြည်းထိန်းနိုင်ရန် ရန် ကုန်တိုင်းဒေသကြီးအစိုးရက ကြိုးပမ်းမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက် ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ
တွေ့ဆုံခဲ့သည့်ပွဲတွင် ၄င်းက ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

''ဒါကို ပွင့်ပွင့်လင်းလင်းအသိပေးပါရစေ။ ဘယ်လိုလဲဆိုတော့ မြေအပေါ် မှာ မျှော်လင့်ချက်ဖြစ်နေမှာကို ကျွန်တော် စိုးရိမ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြေတန်ဖိုး ရန်ကုန်မှာ တဖြည်းဖြည်း ထိန်းနိုင်အောင် ကြိုးပမ်းသွား ပါ့မယ်''ဟု ဦးဖြိုးမင်းသိန်းက ပြောခဲ့သည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေလုပ်ငန်းသည် ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အတွင်း အိမ်ခြံမြေလောက၏ ရွှေခေတ်ဟု တင်စားခေါ်နိုင်သည်အထိ အိမ်ခြံမြေ အရောင်းအဝယ်များကောင်းခဲ့ပြီး အိမ်ခြံမြေဈေးနှုန်းများ အမြင့်ဆုံး အနေအ ထားများထိ ရောက်ရှိခဲ့သည်။

အိမ်ခြံမြေလုပ်ငန်း အကောင်းဆုံး ရင်းနှီးမြှုပ်နှံနိုင်သည့် မြို့တော်ကြီးများတွင်
အိမ်ခြံမြေအရောင်းအဝယ်များ ပိုဖြစ်ကာ အထူးသဖြင့် အစိုးရနှင့် ပုဂ္ဂလိက
ဖွံ့ဖြိုးရေးစီမံကိန်းများရှိသည့် ရန်ကုန်မြို့တွင် မြေယာဝယ်ယူ ရင်းနှီးမြှုပ်နှံမှု များ ပိုများခဲ့သည်။ ကွန်ဒိုတိုက်ခန်းအရောင်းအဝယ်၊ အငှားများ စုံလင်စွာဖြင့် ဝယ်လိုအားများ မြင့်တက်ခဲ့ကာ ဈေးနှုန်းများမှာလည်း အဆမတန် မြင့်ခဲ့ သည်။

ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်တွင် အစိုးရ၏ စီမံကိန်းနေရာများသည် စီမံ ကိန်းစတင်မည်ဟု သတင်းထွက်ပေါ်သည့် အချိန်းများက ပင် မြေကစားသူ များကြောင့် ယင်းနေရာရှိ မြေယာတန်ဖိုးများမှာ အလွန်ကွာဟ သည့် ဈေးနှုန်း အတက်အကျများ ဖြစ်ပေါ်ခဲ့သည်။

ထိုအခြေအနေများသည် နိုင်ငံစီးပွားရေး တိုးတက်မှုအခြေအနေနှင့် နှိုင်းယှဉ် လျှင်ကောင်းမွန်သည့် စီးပွားရေး တိုးတက်မှုနှုန်း တစ်ခုမဟုတ်ဘဲ ဈေးကွက် အနေအထားပေါ်လိုက်၍ အပြောင်းအလဲ အတက်အကျနှင့် ဈေးကစားမှု များစွာ ပါဝင်နေသည့်အတွက်ရေရှည်တည်တံ့သည့် စီးပွားရေးတိုးတက်မှု မဟုတ်ဟု လုပ်ငန်းရှင်များက ဆိုကြသည်။

ယင်းဖြစ်စဉ်များနှင့်အတူ လုပ်ငန်းအလွန် ကောင်းခဲ့သည့် အိမ်ခြံမြေဈေး ကွက်သည် ဆက်လက်ကောင်းမွန်မနေဘဲ ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် နှစ်ကုန် ပိုင်းမှစ၍ လက်ရှိအချိန်ထိ ဈေးကွက်အတွင်း အရောင်းအဝယ်များ မရှိ သလောက်အထိ နည်းလာခဲ့သည်။ သို့သော် အိမ်ခြံမြေဈေးနှုန်းများမှာမူ ယခင်အမြင့်ဆုံးအခြေအနေတွင် ရှိနေသည့်အတိုင်း ငြိမ်သက်နေ ဆဲဖြစ် သည်။

ထိုကဲ့သို့သော ယခင်က ရှိနှင့်ခဲ့သည့် အမြင့်ဆုံးဈေးနှုန်းများနှင့် အိမ်ခြံြေ မဈေးကွက်ကိုဈေးနှုန်းများ တဖြည်းဖြည်းထိန်းနိုင်ရန် လုပ်ဆောင်မည် ဆိုသော ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောဆိုခဲ့သည့်အချက်အပေါ် မည်ကဲ့သို့ ပုံစံမျိုးဖြင့် ပြုလုပ်မည်ကို အိမ်ခြံမြေအကျိုးဆောင်များက စိတ်ဝင်စားမှု ရှိနေ ကြသည်။

''ဘယ်လိုပုံစံနဲ့လုပ်မှာလဲဆိုတာ စိတ်ဝင်စားတယ်။ ကျွန်တော်တို့လို အိမ်ခြံမြေအကျိုးဆောင်လုပ်တဲ့သူတွေကလည်း ပုံမှန်လေး အရောင်းအ ဝယ်ဖြစ်နေတာကို လိုချင်ကြတယ်။ သူကဈေးကျမယ်၊ ဈေးကိုဆွဲချမယ် အများကြီး မမျှော်လင့်နဲ့ဆိုတာက ဘယ်လိုနည်းဗျူဟာ ချမှတ်မလဲဆိုတာ ကိုတော့ စိတ်ဝင်စားကြတယ်။ လက်ရှိအရောင်းအဝယ်ကတော့
ထုံစံအတိုင်း အေးလာရာကနေ အရမ်းထူးထူးခြားခြား တက်တာမရှိဘဲ အရောင်းအဝယ်မဖြစ်တဲ့အချိန် အငှားတွေကတော့ ပုံမှန်ဖြစ်နေတယ်''ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ကိုဟိန်းဇံက ပြောသည်။

အိမ်ခြံမြေဈေးနှုန်းများ၊ မြေတန်ဖိုးများ ကျဆင်းရန်မှာ နိုင်ငံတော်အနေဖြင့် လက်ရှိ နေရာထိုင်ခင်း လိုအပ်ချက်ကို အနိမ့်ဆုံးတန်ဖိုး၊ ဈေးနှုန်းတို့ဖြင့် ဖန်တီးပေးနိုင်မှသာ ဖြစ်နိုင်ကြောင်း ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်က ဦးခင်မောင်အေးက မြန်မာတိုင်း(မ်)ကို ပြောသည်။

''ဖြစ်သင့်သလောက်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အများကြီး ဈေးချဖို့ ဆို တာကတော့ မဖြစ်နိုင်ပါဘူး။ ရန်ကုန်မြို့ရဲ့ လူဦးရေထူထပ်တာနဲ့ ရှိသင့်ရှိ ထိုက်တဲ့ အိမ်ရာဖွံ့ဖြိုးမှုတွေ မရှိသေးတာကျတော့ လုပ်မပေးနိုင်တဲ့ အချိန် အတွင်းတော့ အိမ်ခြံမြေဈေးဆိုတာကတော့ ကျဖို့သိပ်မလွယ်ပါဘူး။ ကျတော့ ကျမယ် အဆုံးထိကျဖို့ သိပ်မလွယ်ပါဘူး။ အိုးမဲ့အိမ်မဲ့တွေ၊
အိမ်ခြေရာမဲ့တွေ မြို့ရဲ့ရာခိုင်နှုန်း တော်တော်များများက အိမ်ငှားဘဝနဲ့ အိမ်မဲ့ဘဝတွေက ရှိနေတာဆိုတော့ အဲဒီအပေါ်မှာ အစိုးရက စီမံကိန်း တစ် ခုခု အနည်းဆုံးထိအောင် ချပေးနိုင်မှသာလျှင် အိမ်ခြံမြေဈေးက ကျမယ်ဆို တာ ဖြစ်နိုင်သေးတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ပါးစပ်ပြောပုံစံမျိုး ဘာမှ မလုပ် ဘဲနဲ့ ဆိုရင်တော့ မကျနိုင်ပါဘူး'' ဟု ၄င်းက ပြောသည်။

ထိုသို့ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းရန်အတွက် အစိုးရက အိမ်ရာ လိုအပ် ချက်များကို များစွာဖြည့်ဆည်းပေးရန် လိုအပ်သလို မြို့သစ်များ ကိုဖော်ေ ဆာင်ကာ မူလနေရာဟောင်းများထက် သက်သာသည့် မြေဈေးနှုန်း မျာြး ဖင့် နေရာသစ်များဖန်တီးပေးခြင်းများကလည်း အိမ်ခြံမြေဈေးများ ကျနိုင်ကြောင်း ကိုဟိန်းဇံက ပြောသည်။

''မြို့သစ်စီမံကိန်းတွေက တကယ်တမ်း ဖွံ့ဖြိုးလာလို့၊ သွားလို့လာလို့ တ ကယ်လွယ်လို့ မြို့သစ်ကမြေတွေကို အရင်နေရာတွေ က မြေတွေ ထက် လျှော့ရောင်းတာတွေ ရှိရင်ပေါ့၊ လူတွေကတော့ အဲဒီဘက် ကို ဝယ်ရင်ဝယ်ကြမှာပေါ့။ အဲဒီလိုနည်းနဲ့ ဒီဘက်အခြမ်းက ဈေးတွေကို
ကျအောင် လုပ်မလားပေါ့။ ဥပမာ အရင်မြို့နယ်တွေက မြေဈေးတွေက သိန်း ၁,ဝဝဝ ဖြစ်နေတဲ့ အချိန်မှာ မြို့သစ်မှာ မြေဈေးသိန်း ၅ဝဝ လောက်နဲ့ အခြေခံ အဆောက်အအုံကလည်း ကောင်းမယ်၊နေထိုင်လို့ အဆင်ပြေ မယ်ဆို၊ သွားရေးလာရေးလွယ်မယ်ဆို အရင်နေရာကမြေဈေးတွေကလည်း
ဘာဖြစ်ဖြစ် လျှော့ရောင်းကြမှာပဲ။ အဲဒီလိုနည်းတွေနဲ့ လုပ်ရင်တော့ ကျမ လား လို့ ထင်မိတာပါပဲ''ဟု ၄င်းက ပြောသည်။

သို့သော် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးနှုန်းသည် အိမ်ခြံမြေဈေးကွက်ငြိမ်သက် ကျဆင်းနေသည့်အချိန်မှ လက်ရှိအနေအထားထိ ဈေးနှုန်းမှာမှု သိသာစွာ ထိုးဆင်းကျဆင်းသွားခြင်းမရှိဘဲတောင့်ခံငြိမ်သက်နေသေးသည့်အနေအထားတွင်သာ ရှိနေသည်။

ယင်းကဲ့သို့ဖြစ်နေရခြင်းများသည်ယခင်အိမ်ခြံမြေ ခေတ်ကောင်းခဲ့သည့်အချိန်များတွင် ရင်းနှီးမြှုပ်နှံသူ အများစုက ပိုလျှံငွေကြေးများဖြင့် ဈေးကစား မှုများေ ကြာင့် ဖြစ်ကြောင်း၊ငွေဖြူငွေမည်း ခဝါချရန်အတွက် ငွေမည်းစီးဆင်းမှုများ အားကောင်းခဲ့ခြင်းတို့ကြောင့် လက်ရှိတွင် အိမ်ခြံမြေ အရောင်းအဝယ်များ ငြိမ်သက်နေသော်လည်း ဈေးချကာ မရောင်းချင်ကြကြောင်း ကိုဟိန်းဇံ က ပြောသည်။

''များသောအားဖြင့်က အိမ်ဝယ်၊ မြေဝယ်တဲ့သူတွေက ဥပမာ ၁ဝ ယောက်ရှိ လို့ရှိရင် ကိုးယောက်က ငွေပိုလို့ ဝယ်ထားတဲ့သူတွေများတယ်။ အဲဒီလို လူတွေဖြစ်တဲ့အတွက် တကယ်တမ်း အိမ်ခြံမြေဈေးကွက် ကျသွားတာဖြ စ်ပေမဲ့လည်း သိပ်လျှော့ရောင်းဦးမှာ မဟုတ်သေးဘူး။ ပြီးတော့ မြန်မာနို င်ငံရဲ့ အိမ်ခြံမြေတန်ဖိုးကိုက မြင့်ပြီး ဒီထဲကို စီးဝင်လာတဲ့ ငွေမည်းတွေက လည်း တော်တော်များခဲ့တာဆိုတော့ အဲဒီပေါ်မှာပဲ ငွေတန်ဖိုးတွေက အရမ်း တက်ပြီး လျှော့ရောင်းဖို့ဆိုတာ တော်တော်ကြီး ခက်သွားတာ''ဟု ၄င်း က ပြောသည်။

ယခုကဲ့သို့ မြေတန်ဖိုးများ ကြီးမြင့်နေရခြင်းသည် မြေယာ၊ အိမ်ရာ လုံလောက်စွာ လက်တွေ့ ရရှိမှုမှာ လိုအပ်ချက်ထက် လျော့ နည်းနေ သည့် အ တွက် တန်ဖိုးများ ကြီးမြင့်နေရခြင်းဖြစ်သည်ဟု အိမ်ခြံမြေ လုပ်ငန်း ရှင် များက ဆိုသည်။

မည်သို့ပင်ဖြစ်စေ ယနေ့အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံထားသူများမှာ အိမ်ခြံမြေဈေးကွက်မကောင်းသော်လည်း ၄င်းတို့၏ မြှုပ်နှံထားသည့် အိမ်၊ မြေ၊ ကွန်ဒိုတိုက်ခန်းများ ကို ရှေ့လာမည့် နိုင်ငံစီးပွားရေး အခြေ အနေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မျှော်လင့်ကာ အိမ်ခြံမြေဈေးကွက်
တစ်ဖန်ပြန်ကောင်း လာမည်ဟု မျှော်လင့်ချက်ဖြင့် ဈေးကိုင် ကာ စောင့်နေ ကြကြောင်း အကျိုးဆောင်လုပ်သူများက ပြောသည်။

''ပြည်တွင်းငြိမ်းချမ်းရေးရပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာရင် ဈေးကွက်ပိုကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်ကအိမ်ခြံမြေ ဝယ်ထားတဲ့သူတိုင်းမှာ ရှိနေကြတယ်။ အရောင်းအဝယ်သွက်လာမယ်၊ငွေပြန်ပေါ်လာမယ်လို့ မှန်းထားတဲ့အတွက် တော်ရုံတန်ရုံ ငွေမလိုတဲ့သူက သူတို့အိမ်ခြံမြေ ကို ဈေးချပြီးတော့ ရောင်းမှာမဟုတ်ဘူး''ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက
ပြောသည်။


Credit: Myanmar Times
အဆမတန် မြင့်တက်ခဲ့တဲ့ အိမ်ခြံမြေဈေးနှုန်းတွေ အမှန်တကယ် ကျမှာလား - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
imyanmarmarket
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service