၂ဝ၁၇ ခုနှစ်အတွက် အာဆီယံနိုင်ငံများ၏ စီးပွားရေး တိုးတက်မှုနှုန်းမျှော် မှန်းချက်တွင် မြန်မာနိုင်ငံက အမြင့်ဆုံးဖြစ်နေကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက အစီရင်ခံခဲ့ကြောင်း သိရ သည်။ ဖေဖော်ဝါရီ ၂ဝ ရက် ပြည် ထောင်စုလွှတ်တော် အစည်းအဝေး တွင် ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းသော ၂ဝ၁၇-၂ဝ၁၈ အမျိုးသား စီမံကိန်းဥပဒေကြမ်းအပေါ် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီက လေ့လာတွေ့ ရှိချက်အစီရင်ခံစာနှင့် သဘောထား မှတ်ချက်အစီရင်ခံစာတင်သွင်းရာ ယင်းသို့အစီရင်ခံခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့မှတင်သွင်းသော ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ ရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းတွင် အစိုးရသစ်ကစီးပွားရေးတိုးတက် မှုနှုန်းမျှော်မှန်းချက်ကို ၇ ဒသမ သုညအထိ တိုးတက်ရန်ထည့်သွင်းထား သည်။ ''၂ဝ၁၇ ခုနှစ် ကမ္ဘာ့နိုင်ငံအချို့နှင့် အာဆီယံနိုင်ငံများ၏ စီးပွားရေး တိုးတက်မှုနှုန်းမျှော်မှန်းချက်များတွင် မြန်မာနိုင်ငံ၏တိုးတက်မှုနှုန်းမျှော် မှန်း ချက်သည် ၇ ဒသမသုညဖြစ်၍ အာဆီယံနိုင်ငံများအတွင်း အမြင့် ဆုံြး ဖစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်''ဟု ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးကျော် စိုးဝင်းက ပြောသည်။ ထုတ်လုပ်မှုကဏ္ဍတွင် ၅၉ ဒသ မ ၇ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ၁၉ ဒသမ ၃ ရာခိုင်နှုန်း၊ ကုန် သွယ်မှုကဏ္ဍတွင် ၂၁ ဒသမ သုည ရာခိုင်နှုန်းဖြစ်ပေါ်လာရန် ရည်မှန်းထား ကြောင်း သိရသည်။
လယ်ယာကဏ္ဍတွင်၂၃ ဒသမ ၈ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၃၅ ဒသမ ၉ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ၄ဝ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်ပေါ်လာစေ ရန် အစိုးရသစ်က ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေ ကြမ်းတွင် ထည့်သွင်းထားကြောင်း သိရသည်။ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှ စ် အမျိုးသားစီမံကိန်းဥပဒေကြမ်းမှ အစိုးရသစ်လက်ထက် ပထမဆုံးရေးဆွဲ တင်သွင်းသည့်ဥပဒေကြမ်းဖြစ်ပြီး အမျိုးသားစီမံကိန်းဆိုသည်မှာ ဘဏ္ဍာနှစ် အလိုက် အစိုးရမှဆောင်ရွက်မည့် စီမံကိန်းများ၊ ရည်မှန်းချက်များ၊ လျာထား ချက် များပါရှိသော လုပ်ငန်းစဉ်များပါဝင်သည့် ဥပဒေကြမ်းဖြစ်သည်။ ယင်း သို့ စီးပွားရေးကဏ္ဍအလိုက် တိုးတက်မှုနှုန်းလျာထားချက်တွင် လယ်ယာ ကဏ္ဍ၊ သားငါးကဏ္ဍ နှင့် စွမ်းအင်ကဏ္ဍတို့အတွက် လျာထားသော တိုး တက် မှုနှုန်းမှာ အနိမ့်ဆုံးဖြစ်နေကြောင်း၊ လျာထားချက်တိုး မြှင့်ရန် ဥပဒေကြမ်းပူးပေါင်း ကော်မတီသဘောထားမှတ်ချက်ပေးထားသည်။
ထို့အပြင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ ပြင်ပမှဆောင်ရွက်သော အရှုံးေ ပ်ါနေသည့် မြန်မာ့အမျိုးသားလေကြောင်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးနှင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းတို့အတွက် လုပ်ငန်းရင်းနှီး မြှုပ်နှံမှု များ ကို ပြန်လည်စိစစ်သင့်ကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီက သဘော ထားပေးခဲ့သည်။ စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာေ ရးနှစ်ကုန်ပိုင်းမှ လုပ်ငန်းစတင်လည်ပတ်နေသော ပတ်ပင်းအမှတ်(၂)သံ မဏိ စက်ရုံ၊ လုပ်ငန်းလည်ပတ်နေပြီဖြစ်သော ကျောက်ဆည်မှန်ထုတ် လုပ်ရေးဌာန၊ လုပ်ငန်းလည်ပတ်နိုင်မှုမရှိသေးသော သာပေါင်း သတင်းစာ စက္ကူ စက်ရုံနှင့်အဆင့်မြင့်စက္ကူစက်ရုံတို့ အား ဆက်လက်ရင်းနှီးမြှုပ်နှံမှုပြုသင့်၊ မပြုသင့်၊ စီးပွားရေးအရ တွက်ခြေ ကိုက်မှုရှိ မရှိကိုလည်း ပြန်လည်စိ စစ်သုံးသပ်သင့်ကြောင်း အစီရင်ခံစာ တွင်ပါရှိသည်။
Credit: Democracy Today