လုပ်ငန်းများရပ်တန့်နေသည့် မြောက်ဦး လေယာဉ်ကွင်းစီမံကိန်းအား ပြည် ထောင်စုဘဏ္ဍာငွေခွင့်ပြုရန်ပုံငွေ ဖြင့် တည်ဆောက် သင့်ကြောင်းပြည်ေ ထာင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ပြည်နယ်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။ မြောက်ဦးမြို့နယ်မဲ ဆန္ဒ နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်တင်သွင်းခဲ့သည့် ယင်းအဆိုကို ဖေဖော်ဝါရီ ၂ဝ ရက်တွင် စတင်ကျင်းပသည့်ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး ပထမနေ့တွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ ထောက်ခံမှုဖြင့် ယခုကဲ့သို့ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။
''မြောက်ဦးလေယာဉ်ကွင်းအား ဆက်လက် တည်ဆောက်ခြင်း ဖြင့် ဒေသ ခံပြည်သူများ၏လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးများကို များစွာ အထောက် အကူပြုနေပါသဖြင့် ရပ်ဆိုင်းလျက်ရှိနေသော မြောက်ဦး လေယာဉ်ကွင်း တည်ဆောက်ရေးကို ပြည်ထောင်စုဘဏ္ဍာမှ မည်သည့်ရန် ပုံငွေဖြင့်ဖြစ်စေ၊ မဖြစ်မနေဆောင်ရွက်သင့်ကြောင်း ရခိုင်ပြည်နယ်အစိုးရ မှတစ် ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုအားတင် သွင်းအပ် ပါတယ်''ဟု အဆိုရှင် ဦးထွန်းသာစိန်က ပြည်နယ်လွှတ်တော်တွင် တင်ပြခဲ့ သည်။
မြောက်ဦးလေယာဉ်ကွင်းကို မြောက်ဦးမြို့၏ အရှေ့ဘက်ခြောက် မိုင်ခန့် အကွာစစ်တွေ-ရန်ကုန်ကား လမ်းဘေးရှိ နန်းကျားကျေးရွာအနီးတွင် ၂ဝ၁၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှ စတင်ကာတည်ဆောက်နေခြင်းဖြစ်သည်။ ၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ်သန်း နှစ်ထောင်နှင့် ၂ဝ၁၆ -၂ဝ၁၇ ဘဏ္ဍာ ရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ်သန်း နှစ်ထောင် စုစုပေါင်း ကျပ်သန်း လေးထောင်ဖြင့် ဆုထူးစံကုမ္ပဏီက တာဝန်ယူတည်ဆောက် ခဲ့သော်လည်း လက်ရှိတွင် ဘဏ္ဍာငွေလိုငွေပြနေ၍ စီမံကိန်းရပ်တန့်နေ ရကြောင်း အဆိုရှင်ကပြောသည်။
Credit: Democracy Today