နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်း၊ တံ တား)မှ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်တွင် ပြည်သူများ သွားလာမှု လွယ် ကူစေရန်နှင့် ရေစီးရေလာ ကောင်းမွန်ပြီး၊ မိုးရာသီ တွင် ရေ၀ပ်ခြင်း၊ ရေ လျှံခြင်းများ မဖြစ်ပေါ်စေရေး အတွက် ရေ၀ပ်သောနေရာ များနှင့် ရေလျှံ တတ် သည့် နေရာများ၌ ရေနုတ်မြောင်းများ၊ ကွန်ကရစ် တံတားများ တည်ဆောက်ပေးလျှက် ရှိသည်။
ထို့သို့ တည်ဆောက်ရာတွင် ပျဉ်းမနားမြို့တွင်းရှိ ဆင်ရတနာကွေ့၊ ရွှေချီ (၉)လမ်း၊ ရွှေချီ(၆)လမ်း၊ တောင်သာမြို့ပတ်လမ်းနှင့် ဗိုလ်တာရာလမ်း တွင် နှစ်စဉ်နှစ်တိုင်း မိုးရာသီတွင် ရေ၀ပ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်း ပါက ရေလျှံခြင်းများ ဖြစ်သောကြောင့် အဆိုပါနေရာများတွင် အုတ် စီရေနုတ်မြောင်း ပေ(၅၅၀)နှင့် ကွန်ကရစ်တံတား (၁၆)စင်းကို တည်ေ ဆာက်ပေးလျက်ရှိသည်။
အဆိုပါ ရေနုတ်မြောင်းနှင့် ကွန်ကရစ်တံတား တည်ဆောက်ရာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ နေပြည်တော်စည်ပင် သာယာရေးကော်မ တီ ငွေလုံးငွေရင်း(ဖြည့်စွက်)ရန်ပုံငွေ ကျပ်(၆၃.၈၁)သန်းဖြင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊ တံတား)မှ တာဝန် ယူ ဆောက်လုပ်လျှက်ရှိကြောင်း သိရသည်။
Credit: MOI Webportal Myanmar