ဂျပန်နိုင်ငံမှ ဂျပန်-မြန်မာအသင်း (JMA)၏ ဥက္ကဋ္ဌ ဦးဆောင်သည့် စီးပွားရေး လုပ်ငန်းရှင်အဖွဲ့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဈေးကွက် သစ်များ လာရောက် ရှာဖွေမည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။
ထို့ပြင် စီးပွားရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန်အ တွက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်(UMFCCI)၊ စက်မှုဝန်ကြီးဌာနနှင့် JMA တို့ ပူးပေါင်း၍ တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း UMFCCI ထံမှ သိရသည်။
ယင်းကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ လာရောက်မည်ဖြစ်ပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် များနှင့် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းပေါ်ရှိ UMFCCI တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့၌ တွေ့ဆုံမည်ဖြစ်ကြောင်း UMFCCI ထံမှ သိရသည်။
“ဒီလိုလာရောက် တွေ့တာတွေဟာ နှစ်ဦးနှစ်ဖက်လုံးအတွက် ကောင်းမွန်တဲ့ တွေ့ဆုံမှုတွေ ဖြစ်မှာပါ။ အရင်လို တွေ့ရုံပဲ မဟုတ်တော့ဘဲ တ ကယ်ဖြစ်မြောက်အောင် လုပ်ကြမယ့် တွေ့ဆုံခြင်းတွေဖြစ်မှာပါ”ဟု ကုန်သည်/စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက မှတ်ချက်ပြုသည်။
ဂျပန်နိုင်ငံ JMA ဥက္ကဋ္ဌ Mr. Hideo Watanabe ဦးဆောင်သော စီးပွားရေး လုပ်ငန်းရှင် ကိုယ်စားလှယ်အဖွဲ့တွင် စတီးပစ္စည်းလုပ်ငန်း၊ စက်ရုံသုံးပစ္စည်း ထုတ်လုပ်သောလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဘိလပ်မြေနှင့် ဆက်စပ် လုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်ငန်း၊ အိုင်တီလုပ်ငန်းရှင်များ ပါဝင်လာ ကြမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။
UMFCCI နှင့် ဂျပန်နိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Dr. Akio Mimura ဦးဆောင်သည့် ဂျပန်စီးပွားရေး လုပ်ငန်းရှင် ၇၀ ခန့် ည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်ခရီးစဉ် အ တွင်း ရရှိခဲ့သည့် ချေးငွေကိစ္စ အပါအဝင် စီးပွားရေးအရ နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်မည့် ကိစ္စများကို ဇန်နဝါရီလ ၂၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ သည်။
Credit: The Voice