ကွာလာလမ်ပူ-စင်္ကာပူ မြန်နှုန်းမြင့်ရထားလမ်း (HSR) စီမံကိန်းအတွက် ပူးတွဲဖော်ဆောင်သူမိတ်ဖက်အဖြစ် WSP Engineering Malaysia၊ Mott MacDonald Malaysia နှင့်ကမ္ဘာတစ်ဝန်း ရုံးခွဲများစွာ ဖွင့်လှစ်ထားသော Ernst & Young Advisory Services တို့ ယာယီပူးပေါင်းထားသည့် အကျိုးတူအဖွဲ့အစည်းကို စင်္ကာပူကုန်းလမ်းပို့ဆောင်ရေး
အာဏာပိုင်အဖွဲ့နှင့် မလေးရှား MyHSR ကော်ပိုရေးရှင်းတို့က ပြီးခဲ့သည့် ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၁၆) က ရွေးချယ်လိုက်ပြီဖြစ်သည်။
ကမ္ဘာ့အကြီးဆုံးမြန်နှုန်းမြင့်ရထားလမ်းများအနက် တစ်ခုဖြစ်လာမည့် HSR သည်မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူ၏ ဘန်ဒါမလေးရှားစီမံကိန်းမြို့နှင့် စင်္ကာပူ၏
Jurong Lake (ဂျူရုံးလိက်ခ်) ခရိုင်တို့အကြား သွယ်တန်းမည်ဖြစ်သည်။
အကျိုးတူကိစ္စကြောင့် ယာယီပူးပေါင်းထားသော ထိုအဖွဲ့အစည်းသည် HSR စနစ်များနှင့် လုပ်ငန်းလည်ပတ်မှုများနှင့်ပတ်သက်၍ စီမံကိန်းစီမံခန့်ခွဲမှုနှင့် နည်းပညာအကြံပေးမှု
တို့ကို ပံ့ပိုးပေးရမည်ဖြစ်သည်။ စီမံကိန်းအတွက် အသုံးပြုမည့် နည်းပညာနှင့် လုံခြုံရေးစံချိန်စံညွှန်းများကိုလည်း ဖော်ဆောင်ပေးရမည်ဖြစ်သည်။
စင်္ကာပူကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့နှင့် မလေးရှား MyHSR ကော်ပိုရေးရှင်းတို့က ဖွဲ့စည်းထားသည့် စီမံကိန်းအဖွဲ့
အတွက်လည်း စီမံကိန်းပူးတွဲကဏ္ဌများနှင့် ဆက်စပ်
သည့် လာမည့် တင်ဒါများအတွက် လိုအပ်သော စာရွက်စာတမ်းများကို ပြင်ဆင်ပေးခြင်း
ဖြင့် ကူညီရမည်ဖြစ်သည်။
မလေးရှားအစိုးရနှင့် စင်္ကာပူအစိုးရတို့သည် ထိုမြန်နှုန်းမြင့်ရထားစီမံကိန်းအတွက်
၂၀၁၆ ခုနှစ် ဒီဇင်ဘာလက သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။
၂၀၂၆ ခုနှစ်တွင်ပြီးစီးရန်လည်း သူတို့က မျှော်လင့်ထားကြသည်။
"HSR ဆောက်လုပ်မှုက အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကို ဖန်တီးပေးမှာမို့ စီမံကိန်းပြီးသွားရင် ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဌတွေမှာများစွာအကျိုးဖြစ်ထွန်းမှာပါ" ဟု မလေးရှား၏ အများပြည်သူကုန်းလမ်းပို့ဆောင်ရေး
ကော်မရှင်ဥက္ကဋ္ဌ ဆေးယက်ဟာမစ်က ပြောကြားထားသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com