တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သည် ပြီးခဲ့သည့်နှစ် (၂၀၁၆ ခုနှစ်) ၏ စတုတ္ထသုံးလပတ်တွင်
အာရှပစိဖိတ်၌ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခံမှုရမှုအများဆုံး ထိပ်တန်းနေရာဖြစ်လာခဲ့ပြီး ထို ၂၀၁၆ တစ်နှစ်တာလုံးအတွက်မူ နှစ်ကုန်ပိုင်းရောင်းအား မှန်မှန်ကောင်း
ခဲ့မှုကြောင့် ကမ္ဘာ့အဆင့်၌ ပဉ္စမနေရာတွင် ရပ်တည်ခဲ့ကြောင်း နိုင်ငံတကာအိမ်ခြံမြေ
ဝန်ဆောင်မှုကုမ္ပဏီ JLL က ထုတ်ပြန်ခဲ့သည်။
ရင်းနှီးမြှုပ်နှံခံရမှုအများဆုံးနေရာအပိုင်းတွင် ရှန်ဟိုင်း ထိုသို့ရပ်တည်နိုင်ခဲ့ခြင်းမှာ ARA ပိုင်ဆိုင်မှုစီမံခန့်ခွဲမှု၏ ပြီးခဲ့သည့် အောက်တိုဘာလက Century Link ၀င်းကြီးတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၁ ဘီလျံရင်းနှီးမြှုပ်နှံမှု ကဲ့သို့သော အထင်ကရအရောင်းအ၀ယ်ကြီးများစွာကြောင့် ဖြစ်သည်။ ဥပမာအဖြစ် ကောက်နုတ်ဖော်ပြပေးခဲ့သော ယင်း
အရောင်းအ၀ယ်သည် အာရှပစိဖိတ်တွင် ပြီးခဲ့သည့်နှစ်က အကြီးဆုံးအိမ်ခြံမြေအရောင်းအ၀ယ်ဖြစ်ခဲ့သည်။
နယူးယောက်၊ လန်ဒန်၊ လော့စ်အိန်ဂျလိစ်နှင့် ပဲရစ်တို့က ထိုကမ္ဘာအဆင့်၌ ရှန်ဟိုင်း၏အထက်မှ ရပ်တည်ခဲ့သည်။
"များသထက် များပြားလာတဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ ဥရောပသမဂ္ဂကနေ ဗြိတိန်ခွဲထွက်မှုနဲ့ အမေရိကန်ရဲ့ အံအားသင့်ဖွယ် ရွေးကောက်ပွဲရလဒ်လိုမျိုး နိုင်ငံရေး
ကသောင်းကနင်းဖြစ်မှုတွေကြောင့် အာရှပစိဖိတ်ကို ဓာတ်ကျလာကြပါတယ်။ အဲ့မှာမှအထူးသဖြင့်တော့ တရုတ်ကိုပေါ့" ဟု JLL China ၏ သုတေသနခေါင်းဆောင် ဂျိုးကျိုး
က ပြောကြားခဲ့သည်။
"ပြည်တွင်းငွေကြေးကလည်း ၂၀၁၆ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတွေ
ရဲ့ အဓိကမောင်းနှင်သူဖြစ်ခဲ့ပါတယ်။ ဈေးကွက်ဖွံ့ဖြိုးချိန်တန်ပြီမို့
တရုတ်ဟာအထူးသဖြင့်တော့ အဓိကပထမတန်းစားမြို့ကြီးတွေပေါ့ အဲ့တွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံ
သူတွေကို ဆက်လက်ဆွဲဆောင်အားကောင်းနေဆဲဖြစ်မယ်လို့
ကျွန်တော်တို့ ယူဆပါတယ် " ဟုလည်း သူက ပြောကြားခဲ့သည်။
ရှန်ဟိုင်းတွင် ပြီးခဲ့သည့်နှစ်က သိသာထင်ရှားသော အိမ်ခြံမြေအရောင်းအ၀ယ်များတွင်
China Vanke ကုမ္ပဏီက Blackstone အုပ်စုထံမှ SCPG ဦးပိုင်အိမ်ခြံမြေလုပ်ငန်းကို
အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလျံဖြင့် ၀ယ်ယူခဲ့ခြင်းနှင့် Chongbang Developmentက Jinqiao Life Hub ၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၈၂၅ သန်းဖြင့်ဝယ်ယူခြင်းတို့ ပါဝင်သည်။
အာရှပစိဖိတ်တွင် ပြီးခဲ့သည့်နှစ်က အိမ်ခြံမြေအရောင်းအ၀ယ်ပမာဏ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စတုတ္ထသုံးလပတ်တစ်ခုတည်းတွင် ၂၀၁၅ စတုတ္ထသုံးလပတ်ကထက် ၂၁
ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း JLL က ထုတ်ပြန်ခဲ့သည်။
အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအတွက် အာရှပစိဖိတ်၏ ရှေ့အလားအလာသည်
ယခု ၂၀၁၇ ခုနှစ်တွင်လည်း ဆစ်ဒနီ၊ တိုကျိုနှင့် စင်္ကာပူတို့ကဲ့သို့သော အဓိကဈေးကွက်များကဲ့သို့ပင်ရင်းနှီးမြှုပ်နှံသူများကို ဆက်လက်ဆွဲဆောင်နိုင်မည်ဟု ခန့်မှန်းကြောင်းလည်း JLL က ထုတ်ပြန်ခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com