ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်အငှားဈေးကွက်အားကောင်းနေသော်လည်း လုံခြုံရေးကောင်းမွန်သည့်ကွန်ဒိုနှင့်
လုံးချင်းများမှာ ငှားရမ်းမှုပိုမိုများပြားလာကြောင်းသိရသည်။
""လတ်တလောကတော့ အငှားအားကောင်းတယ်။နေရာစုံ မြို့နယ်စုံဖြစ်တယ်။ဒါပေမယ့် ပုံမှန်အငှားဖြစ်နေကျနေရာမျိုးတွေထက် လုံခြုံရေးစနစ်အားကောင်းတဲ့ ကွန်ဒိုတွေ ၊ အိမ်ရာဝင်းတွေမှာ ပိုငှားလာကြတယ်။အဓိကကတော့ မကြာခဏဖြစ်နေတဲ့ မှုခင်းတွေကြောင့်လည်း ပါတယ်။နောက်ပြီး fully furniture ငှားတဲ့သူတွေက ဖော်ရိန်နာတွေများတယ်လေ။အဲဒါကြောင့် လုံခြုံရေးစနစ်ကောင်းတဲ့ဟာတွေကို ပိုစိတ်ဝင်စားကြတယ်။""ဟု ရန်ကုန်အခြေစိုက်အကျိုးဆောင်များကဆိုသည်။
လုံခြုံရေးစနစ်အပြင် သွားလာရလွယ်ကူမှု၊မြို့နယ်အနေအထားနှင့် ဈေးနှုန်းများကိုပါ ငှားရမ်းသူများကစနစ်တကျရွေးချယ်လာကြကြောင်းလည်းစုံစမ်းသိရှိရသည်။
ဗဟန်း ရွှေတောင်ကြား
မရမ်ကုန်း ပြည်ထောင်စုရိပ်မွန် အစရှိသည့်နေရာများမှ ကွန်ဒိုနှင့် လုံးချင်းများမှာ ငှားရမ်းမှုအားကောင်းမွန်လျက်ရှိသည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com