ကျူးမျိုးသစ်၏ စိန်ခေါ်သံ

ကျူးမျိုးသစ်၏ စိန်ခေါ်သံ - Property News in Myanmar from iMyanmarHouse.com
22 Feb 2017 10:18 am တွင် တင်ခဲ့သည်
1671 ကြိမ် ကြည့်ရှု့ပြီး
လက်ရှိ တစ်နှစ်သားအစိုးရ၏ အရိပ်အာဝါသအောက်တွင် ရန်ကုန်တိုင်းဒေ သကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်၌ အလွန်ထူးခြားသော ကျူးမျိုးစိတ်သစ်တစ်မျိုး ကြီးထွားဖြစ်ထွန်းလာကြောင်း ကြားသိရ၏။ အမည် ကို ‘ပိတ်ဆို့ကျူး’ (Blockade Squatter)ဟု ခေါ်ဆိုနိုင်၏။ ဤကမ္ဘာမြေပေါ် တွင် မြန်မာနိုင်ငံတစ်နိုင်ငံတည်း၌သာ ထူးထူးခြားခြား ဖြစ်ထွန်း ရှင်သန် လာသည့် ကျူးမျိုးစိတ်ဖြစ်ကြောင်း တွေ့ရှိရ၏။

ယခင် ကျူးမျိုးစိတ်များကို ပြန်ပြောင်းပြောလိုပါသေးသည်။ ရိုးရိုးသားသား အိမ်ရာမဲ့ ကျူးကျော်များအား အစစ်အမှန်ကျူး (Real Squatter)ဟု ခေါ်၏။ ကျူးကျော်မည့် နေရာသို့ ဦးစွာရောက်ရှိပြီး နောက်မှ ရောက်လာသူများကို မိမိဦးထားသော နေရာအချို့အား ပြန်လည်ငှားရမ်းပြီး စားသောက်နေ ထိုင်ကြသော ကျူးအမျိုးအစားကို ဦးပိုင်ကျူး (Landlord Squatter)ဟု ခေါ်၏။ တတိယအမျိုးအစားမှာ ကျူးကျော်ရာမှာ တရားဝင် အခွင့်အရေး ရရှိ လျှင် ရောင်းစား၍ ကျူးအဖြစ် လုပ်စားနေသူများဖြစ်ပြီး စီးပွားဖြစ်ကျူး (Professional Squatter)ဟု ခေါ်ဆိုသူများ ဖြစ်ပေသည်။

စတုတ္ထအမျိုးအစားမှာ အုပ်စုလိုက် ဗြောင်ဝင်ကျူး၍ ‘လာမထိနဲ့ မီးပွင့်သွား မယ်’ဟု ဟစ်ကြွေးပြီး ဥပဒေအရ အရေးယူလျှင် တုတ်၊ ဓားကိုင်၍ အကြမ်း ဖက်ရင်ဆိုင်လေ့ရှိသော ‘မင်းမဲ့စရိုက်ကျူး’(Anarchistic Squatter) ဖြစ်၏။ ပဉ္စမမြောက်ကျူးမှာ ၂၀၁၂ ခုနှစ်လယ်ယာမြေဥပဒေအရ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်ရရှိသော်လည်း မြေငှားစာချုပ် ဆက်လက်လျှောက်ထား မှု မပြုတော့ဘဲ အဆောက်အအုံ ဆောက်လုပ် အသုံးပြုနေကြသူများဖြစ်ပြီး ၎င်းတို့အား စာရင်းဝင်ကျူး (Registered Squatter)ဟု ခေါ်ဆို၏။

ယခုနောက်ဆုံးပေါ် ကျူးမျိုး စိတ်သစ်မှာမူ စက်မှုဇုန်ရှိ စက်ရုံ ဝင်ပေါက်ရှေ့ ကွန်ကရစ်လမ်းမပေါ်၌ တဲထိုးပြီးနေသော ကျူးများဖြစ်၍ ‘ပိတ်ဆို့ကျူး’ဟု ဆို ရခြင်း ဖြစ်၏။ အမှန်စင်စစ် ၎င်းတို့သည် မိသားစုနေရေးအတွက် ရည်ရွယ် ကျူးကျော်ခြင်းမဟုတ်ဘဲ အခြားရည်ရွယ်ချက်တစ်ရပ်ဖြင့် ကျူးကျော်ခြင်း သာဖြစ်ကြောင်း တွေ့ရှိရပေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က စက်မှု ဇုန်တည်ထောင်စဉ် လယ်မြေအတွက် လျော်ကြေးမရရှိခဲ့၍ ယခုကဲ့သို့ စက်ရုံ များရှေ့တွင် ကျူးကျော်ပိတ်ဆို့ပြီး ကရုဏာကြေး သိန်း ၂၀၀ ခန့် တောင်းခံ သည်ဟု ဆိုကြ၏။ လူ ၁၀ ဦးမှ ၄၀ ဦးအထိရှိပြီး ငွေမရမချင်း မဖယ်ပေးနိုင်၊ အမှုဖွင့်လျှင်လည်း ဂရုမစိုက်၊ လယ်မြေများ အသိမ်းခံရခြင်းအတွက် စက်ရုံ ပိုင်ရှင်က ငွေပေးမှသာ ဖျက်သိမ်းမည်ဟု ငွေညှစ်သည့် သဘောဖြစ်နေ၍ ‘ငွေညှစ်ကျူး’ (Black nail Squa-tter)ဟုလည်း ခေါ်ဆိုနိုင်မည်ဖြစ်၏။

ရွှေလင်ဗန်းစက်မှုဇုန်ရှိ မြတ်ရွှေနဒီကုမ္ပဏီက ၎င်းတို့အား သိန်း ၁,၂၀၀ ပေး ခဲ့ရကြောင်း၊ United Beauty Palace က ကျပ်သိန်း ၁၉၀ ပေးခဲ့ ရကြောင်းနှင့် Ever Plastic စက်ရုံက ၂၅ သိန်း အသီးသီး ပေးခဲ့ ရကြောင်း လည်း သိရှိရ၏။ စက်ရုံတစ်ရုံရှေ့တွင် ပိတ်ဆို့၍ တဲထိုးခြင်းကြောင့် လုပ်ငန်း ထိခိုက်နစ်နာသဖြင့် ၎င်းတို့၏ လုပ်ရပ်ကို အရေးယူပေးရန် စက်ရုံအတွင်းရှိ အလုပ်သမားများက ဆန္ဒပြခဲ့ကြကြောင်းနှင့် အလားတူပိတ်ဆို့မှုများမှာ ၇ မှုမျှရှိနေပြီဟု စာရင်းချုပ်ပြီး ပြောသူကလည်း ပြောကြ၏။

အမှန်စင်စစ် ရွှေလင်ဗန်းစက်မှုဇုန် တည်ဆောက်ခြင်းအတွက် ဆောက် လုပ်ရေးဝန်ကြီးဌာန၊ မြို့အိုးဦးစီးဌာနသည် လွန်ခဲ့သော ၁၆ နှစ်ကာလ ၂၀၀၁ ခုနှစ်က လယ်မြေတစ်ဧကလျှင် လျော်ကြေးငွေ ကျပ် ၂၀,၀၀၀ နှုန်းဖြင့် စုစုပေါင်းဧက ၁,၁၀၀ အတွက် ငွေကျပ် ၃၇၃ သိန်းကျော် ကို လယ်သမားများအား ပေးအပ်ခဲ့ကြောင်း သိရှိရ၏။ လွန်ခဲ့သော ၁၆ နှစ် က ငွေကျပ် ၂၀,၀၀၀ ဟူသည် လက်ရှိအချိန်ကာလတွင် အဆပေါင်း ၁၀၀ နီးပါးနှင့်ပင် ညီမည်ထင်၏။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်ကာ လ ရွှေလင် ဗန်းကျေးရွာ၌ ဖော်ထုတ်ပေးခဲ့သော ၄၀ ပေ × ၆၀ ပေ အိမ်ရာမြေကွက် တစ်ကွက်၏ တန်ဖိုးသည် ၂ သိန်းခန့်သာရှိပြီး ယခုအခါ သိန်း ၂၀၀ ခန့် ရှိကြောင်း တွေ့ရှိရ၏။ ဤနေရာ၌ ပိတ်ဆို့ကျူးကျော်သည့် လယ်သမား ဆိုသူများအနက် အချို့က ၎င်းတို့သည် သီးနှံဖျက်ဆီးမှု လျော်ကြေးကိုသာ တစ်ဧကအတွက် ကျပ်၂၀,၀၀၀ ရရှိခဲ့ပြီး လယ်မြေလျော်ကြေး မရပါဟု ပြော ဆိုသံများ ကြားရ၏။ ဤအချက်နှင့်ပတ်သက်၍ ထိုစဉ်ကာလ နိုင်ငံတော်၏ ဘဏ္ဍာငွေစာရင်းမှ ထုတ်ပေးသော လျော်ကြေးငွေများသည် လယ်မြေလျော်ကြေး သာလျှင်ဖြစ်သဖြင့် ၎င်းတို့၏ ဆန္ဒအလျောက် ခေါင်း စဉ်ပြောင်း ပြောဆိုမရနိုင်ပေ။ ထို့အပြင် ရွှေလင်ဗန်းစက်မှုဇုန်ဟူသည် ရိတ်သိမ်းချိန်လွန်ကာလမှ ဖော်ထုတ်ခြင်းဖြစ်ပြီး စိုက်ပျိုးသီးနှံများ ဖျက်ဆီး ခံရခြင်းနှင့် ပျက်စီးခြင်းများ လုံးဝမရှိခဲ့ကြောင်းလည်း သိရှိရပြန်ပါသည်။ ထို့ကြောင့် သီးနှံများ ဖျက်ဆီးခံရခြင်းနှင့် ပျက်စီးခြင်းအ တွက် ပေးသော လျော်ကြေးဖြစ်ပါသည်ဟူသော ပြောဆိုချက်ကို လက်ခံ၍ မရနိုင်ကြောင်း တွေ့ရှိရ၏။

ထိုကဲ့သို့ ပိတ်ဆို့သူများသည် လွန်ခဲ့သော ၁၇ နှစ်က လယ်သမားအစစ်အမှန်များ ဟုတ်၊မဟုတ် အငြင်းပွားစေရန်အတွက် ဦးပိုင်အတွက် အမှတ်နှင့်တကွ လျော်ကြေးပေးအပ်ခဲ့သည့် စာရင်းဖြင့် တိုက်ဆိုင်စစ်ဆေးသင့်၏။ ၎င်းစာရင်းကို ထန်းတပင် မြေစာရင်းရုံးနှင့် လှိုင်သာယာ မယတတို့ ပြုစု အတည်ပြုခဲ့ခြင်းဖြစ်ပြီး စာရင်းလက်ခံများ၊ ငွေပေးချေမှုစာရင်းများ အခိုင်အမာ ရှိနေသေးကြောင်း၊ သိရှိရသဖြင့် မဖြစ်မနေ စစ်ဆေးသင့်သည်မှာ အမှန်ပင် ဖြစ်ပါသည်။ အကယ်၍ လယ်သမားဖြစ်ပါလျက် လုံးဝမရရှိဘဲ စာရင်းတွင် ကျန်ရစ်ခဲ့ခြင်းဖြစ်ပါမူ ထိုစဉ်က မည်သည့်အတွက် နစ်နာမှုကို အကြောင်းမကြားခဲ့သနည်းဟု မေးစရာရှိ၏။ ထို့အပြင် ၎င်းတို့ရရှိခဲ့ပြီးဖြစ်သော လျော်ကြေးကို မကျေနပ်၍ တဲထိုးပိတ်ဆို့ပြီး စက်ရုံပိုင်ရှင်များကသာ ၎င်းတို့အား ကျေနပ်သော အတိုင်းအတာတစ်ခုအထိ ပေးရမည်ဟု တောင်းဆိုခြင်းမှာလည်း ကျိုးကြောင်းဆီလျော်မှု လုံးဝမရှိပေ။ စက်ရုံပိုင်ရှင်များသည် သူတို့လက်ထဲသို့ မြေတွေ ရောက်ပြီး ချမ်းသာလာခြင်းဖြစ်၍ ဘဝဟောင်းက လယ်သမားကို ပြန်လည်ဖြည့်ဆည်းပေးရန် တာဝန်ရှိသည်ဟူသော ‘မူ’တစ်ရပ်ကို စွဲကိုင်ထားသည့်သဘော ဖြစ်နေ၏။ စာရေးသူတို့ ငယ်စဉ်က ရပ်ကွက်ထဲ၌ ကတ်သီးကတ်သတ် အရက်သမားကြီးတစ်ဦး ရှိခဲ့သည်ကို ပြန်လည်သတိရမိ၏။ သူ၏သမက် ချမ်းသာခြင်းသည် သူ့သမီးကို သူက ပေးလိုက်ရခြင်းကြောင့် ဖြစ်သည်ဟု အရက်မူးတိုင်း သမက်ထံ ပိုက်ဆံတောင်းလေ့ ရှိ၏။ ဤကိစ္စသည် ၎င်းအရက်မူးသမားကြီး၏ မူနှင့် တူသယောင်ရှိသည်ဟု ထင်မြင်မိ၏။

အစိုးရဌာနက ပေးအပ်ခဲ့သည်မှာလည်း လျော်ကြေးဟူသော ငွေသား (In Cash) မျှသာမဟုတ်။ နေရေးနှင့် အလုပ်အကိုင်အတွက် (In Kind) အခွင့်အရေးများလည်း ရှိခဲ့ကြောင်း တွေ့ရှိနိုင်၏။ ရွှေလင်ဗန်းကျေးရွာ ပြန်လည်အကွက်ချတည်ဆောက်ပြီး လျှပ်စစ်မီး၊ လမ်း၊ ရေပြွန် စသော အခြေခံအဆောက်အအုံများ အပါအဝင် ၄၀ ပေ × ၆၀ ပေ မြေကွက် ဖော်ထုတ်ချထားပေးခြင်း၊ လမ်းပန်းဆက်သွယ်ရေးအတွက် ရွှေလင်ဗန်းတံတား၊ ကျန်စစ်သားတံတားနှင့် ဗိုလ်အောင်ကျော်တံတား စသည့် သံကူကွန်တိုတံတား သုံးစင်းကို ရွှေလင်ဗန်းချောင်းအား ဖြတ်ကျော်တည်ဆောက်၍ လှိုင်သာယာမြို့နှင့် ဆက်သွယ်ပေးခြင်းအပြင် မူလတန်းကျောင်းအသစ်နှင့် အလယ်တန်းကျောင်းအသစ်များ ဆောက်လုပ်ခြင်း၊ ဘုန်းကြီးကျောင်းအသစ်နှင့် တိုက်နယ်ဆေးပေးခန်းအသစ် တည်ဆောက်ပေးခြင်း၊ စက်မှုဇုန်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ဦးစွာရရှိခြင်း စသည့် အခွင့်အရေးများ ဖြစ်၏။ ၎င်းတို့မှာ အိမ်ရာဖွံ့ဖြိုးရေး နည်းဗျူဟာအရ မည်သည့် ခေတ်ကာလ၌မဆို ဘဏ္ဍာရေးအခြေအနေပေါ် မူတည်၍ ဆောင်ရွက်ပေးရန် တာဝန်ရှိသည့် လုပ်ငန်းများဖြစ်ပြီး ရွှေလင်ဗန်းအတွက်လည်း လစ်ဟင်းမှုမရှိခဲ့ကြောင်းနှင့် အခြားစက်မှုဇုန်များထက် များစွာပိုမိုပြည့်စုံမှုရှိကြောင်း လေ့လာတွေ့ရှိရပေသည်။

အထက်ပါ ပိတ်ဆို့ကျူးကျော်များ ပေါ်ပေါက်မှု၏ အဓိက အကြောင်းရင်းကို ဆန်းစစ်ကြည့်သောအခါ လက်ရှိ စက်မှုဇုန်များ၏ မြေယာစီမံခန့်ခွဲမှုနှင့် စည်းကမ်းထိန်းသိမ်းမှု တာများ ကျိုးပေါက်သွားခြင်းကြောင့်ဖြစ်ကြောင်း အလေးအနက် ဖော်ပြလိုပါသည်။ သက်ဆိုင်ရာ မြို့နယ်တွင် မြေယာစီမံခန့်ခွဲမှုရုံး သီးခြားမရှိခြင်းနှင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီတွင် မြေစီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ခံအရာရှိတစ်ဦးအား သီးခြားတွဲဖက်အတွင်းရေးမှူး တာဝန်ပေးအပ်ဆောင်ရွက်စေခြင်း စသည့် လုပ်ငန်းများကို ယခင်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲမှု တာဝန်ယူခဲ့စဉ်က ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရ၏။ ၎င်းအစီအစဉ်ကြောင့် မြို့သစ်နှင့် စက်မှုဇုန်အသစ်များအတွင်း မြေယာစည်းကမ်းထိန်းသိမ်းရေးကိစ္စများ ဆောင်ရွက်ရာ၌ ပိုမိုထိရောက်မှု ရှိခဲ့၏။ ယခုအခါ အထက်ပါမြို့နယ် မြေယာစီမံခန့်ခွဲမှုတာဝန်ခံနှင့် ဇုန်ကော်မတီတွင် ပူးပေါင်းတာဝန်ယူပေးမည့် အရာထမ်းများ မရှိတော့ကြောင်း တွေ့ရှိရသဖြင့် မြေယာစီမံခန့်ခွဲမှု လုပ်ငန်းများတွင် များစွာ အားနည်းလာ၏။ ဤသည်ကို အခွင့်ကောင်းယူ၍ အမျိုးမျိုးသော စည်းကမ်းချိုးဖောက်မှုများ တစ်နေ့ထက်တစ်နေ့ တိုးပွားလာလျက် ရှိကြောင်းလည်း တွေ့ရှိနိုင်ပေသည်။

လက်ရှိ နောက်ဆုံးပေါ် ကျူးကျော်မှုသည် အစိုးရပိုင်နယ်မြေအတွင်း (စက်ရုံ၏ ခြံစည်းရိုးအပြင်ဘက် အစိုးရလမ်းမြေ)၌ ကျူးကျော်ခြင်းဖြစ်၍ အစိုးရ၏ လမ်းပန်းဆက်သွယ်ရေး အစီအစဉ်ကိုပါ ထိခိုက်နစ်နာအောင် ပြုမူရာ ရောက်၏။ စီးပွားရေးဖွံ့ဖြိုးမှုအတွက် စက်မှုထုတ်ကုန်များ ချောမွေ့စွာ စီးဆင်းမှု (Rapid and Smoth Flow of Products)ကိုလည်း ထိခိုက်စေ၏။ ထိုကဲ့သို့ နိုင်ငံတော်နှင့် အစိုးရအဖွဲ့အစည်းအပေါ် ကျူးလွန်မှုကို လျစ်လျူရှုပြီး စက်ရုံပိုင်ရှင်ကသာ မိမိပုဂ္ဂလိကနစ်နာမှုအတွက် အမှုဖွင့် တရားစွဲရမည်ဟုဆိုလျှင် မှန်ကန်လုံလောက်မျှတသော အရေးယူမှုဟု မယူဆနိုင်ပေ။ ဤကိစ္စနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့၌ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်သူများအသင်းတွင် စက်မှုဇုန်လုပ်ငန်းရှင်များ၊ ခြိမ်းခြောက် ငွေတောင်းခံရသူများနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အစိုးရအနေဖြင့် မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ဟူသော တိကျရေရာသည့် အဖြေရလဒ်များ ထွက်ပေါ်လာခြင်း မရှိသေးဟုသာ သိရှိရ၏။ ဤနေရာတွင် ကွယ်လွန်သူ စာရေးဆရာကြီး မောင်သာရ၏ ကျော်ကြားသည့် ဝတ္ထုအမည်တစ်ခုကို သတိရမိ၏။ ‘စီးပလေ့စေ မောင်မသုတ်နဲ့’ ဟူသော အမည်ဖြစ်ပါသည်။ ဘဝလမ်းကို လက်တွဲလျှောက်ရာ၌ ချွေးများ ဒီးဒီးကျပါစေ မောင်သုတ် မပေးပါနဲ့ဟု မိန်းမသားအားမာန်ကို ထင်ဟပ်သော အမည်ဖြစ်၏။ ယခုလတ်တလော ရွှေလင်ဗန်း အခြေအနေမှာလည်း ‘ပိတ်ပလေ့စေ မောင်မဖယ်နဲ့’ဟု ဟစ်ကြွေးပြီး စက်ရုံလုပ်ငန်းရှင်များကသာ အားနှင့်မာန်နှင့် တရားစွဲကြ၊ တရားရုံးမှာ ရင်ဆိုင်ကြရဦးမည့် အနေအထားဖြစ်နေကြောင်း သိရှိရ၏။

လှိုင်သာယာ ဟူသည် -

‘ရန်ကုန်မြို့တွင် အင်းလေးအင်း ပေါ်ထွန်းမည်။ အင်းစိန်၊ အင်းတကော်နှင့် အင်းတိုင်တို့ ပေါ်ထွန်းခဲ့ပြီး ယခုနောက်ဆုံး အင်းဂလိုင် (လှိုင်သာယာ) ပေါ်ထွန်းမည်’

ဟူသော မဆလခေတ်က ဒေသခံ ဆရာတော်ကြီးတစ်ပါး၏ အတိတ်ကောင်း၊ နိမိတ်ကောင်းနှင့် ဟောကြားချက်အတိုင်း အမှန်တကယ် ဖြစ်ထွန်းလာသော အစည်ကားဆုံး မြို့သစ်ကြီးတစ်မြို့ ဖြစ်၏။ စက်မှုဇုန်ပေါင်း ၁၁ ဇုန်၊ အိမ်ရာ စီမံကိန်းပေါင်း ၁၁ ခု၊ ပြန်လည်နေရာချထားသော ကျေးရွာပေါင်း ၁၁ ရွာနှင့် ‘ဆယ့်တစ်မီးငြိမ်း’မည့် မြို့ဟု စာရေးသူက ၂၀၁၅ ခုနှစ်တွင် ဆောင်းပါးတစ်ပုဒ်၌ ဂုဏ်ပြု ရေးသားခဲ့ဖူး၏။ သို့သော် လှိုင်သာယာ၏ဘဝကို အကျည်းတန်အောင် နည်းမျိုးစုံဖြင့် ပြုလုပ်နေကြသူများ ရှိနေ၏။ မြေယာစီမံခန့်ခွဲမှု တာကလည်း ‘တစ်စစီကျိုးပဲ့’ ရာမှ ပေါက်ထွက်မည်ကိုပင် စိုးရိမ်နေရ၏။ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ အထက်ပါပိတ်ဆို့မှုလုပ်ရပ်များသည် အခွင့်အရေးတောင်းဆိုခြင်းထက် တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်ခြင်းသို့ ဦးတည်နေပြီလောဟု စောကြောသင့်၏။

လှိုင်သာယာကတော့ ‘ပိတ်ပလေ့စေ မောင်မဖယ်နဲ့’ဟု အားတင်းပြီး ကိုယ့်အား ကိုယ်ကိုး၍ လျှောက်လှမ်းနေဦးမည်ထင်၏။ စာရေးသူသည် ‘အင်းဂလိုင် မယွင်းယိုင်ပါစေနှင့်’ဟု နေ့စဉ်မပျက် ဆက်လက်ဆုတောင်းပေးနေဦးမည်သာတည်း။


Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
Villa Shukhinthar
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service