မန်ချက်စတာမြို့ရဲ့ ဘောလုံးအသင်း မန်ချက်စတာယူနိုက်တက်မှာ ငယ်မွေး ခြံပေါက် ဖြစ်ခဲ့ပြီး ဘောလုံးဇာတ်ခုံပေါ်မှာ ကျင်လည်ကာ အောင်မြင်မှုပေါင်း များစွာ သိမ်းပိုက်နိုင်ခဲ့သူတွေထဲမှာ ရိုင်ယန်ဂစ်နဲ့ ဂယ်ရီနဗီးလ်တို့လည်း ပါဝင်ခဲ့ပါသည်။ သူတို့နှစ်ဦးက စတော့အိပ်ချိန်း အဆောက်အအုံဟောင်း ကြီးကို ဝယ်ခဲ့သည်။ ဟိုတယ်ဆောက်ပြီး လူနေ အဆောင်တွေ ဖြစ်ေ အာင် ပြုပြင်ခဲ့ကြသည်။ ဆောင်းရာသီ ရာသီဥတု အခြေအနေတွေ ဆိုးလာ တဲ့အခါ အိမ်ခြေမဲ့တွေခမျာ သေလုမြောပါး အအေးဒဏ်ကို ခံကြရခြင်းမှာ ထုံးစံဖြစ်သည်။
အိမ်ခြေမဲ့အရေး ဆောင်ရွက်နေသူများကတော့ အဆောက်အအုံ အလွတ် များကို ဝင်ရောက်ပြီး အိမ်ခြေမဲ့များကို ခိုလှုံရာ စီစဉ်ပေးလေ့ ရှိသည်။ ပြီးခဲ့ တဲ့ ဆောင်းရာသီ ရာသီဥတု ကြမ်းချိန်မှာတော့ ရိုင်ယန်ဂစ်နဲ့ ဂယ်ရီန ဗီးလ်တို့ဟာ မန်ချက်စတာက စတော့အိပ်ချိန်း အဆောက်အအုံဟောင်း သူတို့ နေအိမ်ကြီးထဲကို အိမ်ခြေမဲ့ပေါင်း မြောက်မြားစွာ ကို ပေးဝင်နေ ထိုင်စေခဲ့ပါသည်။ ဟိုတယ်ဆောက်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် တစ်ဆောင်း တွင်းလုံးကိုတော့ အိမ်ခြေမဲ့တွေအတွက် ခိုလှုံရာအဖြစ် အသုံးပြုနိုင်ခဲ့ကြ သည်။
Credit: The Voice