အကောင်ထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းဒေသများ အိမ်ခြံမြေဈေးကွက် အေးသော်လည်း ဈေးတက်ဟု ဆို

အကောင်ထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းဒေသများ အိမ်ခြံမြေဈေးကွက် အေးသော်လည်း ဈေးတက်ဟု ဆို - Property News in Myanmar from iMyanmarHouse.com
22 Feb 2017 9:31 am တွင် တင်ခဲ့သည်
1271 ကြိမ် ကြည့်ရှု့ပြီး
ယခု ဖေဖော်ဝါရီလကုန်တွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်း တည်ရှိရာဒေသများတွင် အိမ်ခြံမြေဈေးကွက် အရောင်းအ ဝယ်အေးနေသော်လည်း အနည်းငယ်ဈေးတက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်အချို့က မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်း စီမံကိန်းဒေသအနီးရှိ ကံရွာမှ အိမ်ခြံမြေ အကျိုးေ ဆာင် လုပ်ငန်းကို ၁၀ နှစ်ကြာ လုပ်ကိုင်လာသူ ကိုခင်ဇော် က ဈေးတက် ရန် အလားအလားရှိနိုင်ကြောင်း ပြောသည်။

“ ဈေးက သတ်မှတ်ထားတဲ့အတိုင်းဆို တက်ဖို့ အလားအလာတော့ ရှိတာပေါ့။ သတ်မှတ်ချက်ကတော့ တိတိကျကျပြောလို့မရဘူး။ ၂၀၀ ၀န်း ကျင် သတ်မှတ်ထားတာလေ။ အရောင်းအ၀ယ်ဖြစ်နေတာကတော့ ၁၉၀၊ ၂၀၀ ၀န်းကျင်တွေပဲ ဖြစ်နေတာ” ဟု ကိုခင်ဇော်က ပြောသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ယင်းစီမံကိန်းနှင့် ပတ်သတ်ပြီး မြေတန်ဖိုး တက်လာနိုင်ဖွယ်မရှိကြောင်း၊ မြေတန်ဖိုးလျော့နည်းလာအောင် တိုင်းဒေ သကြီးအစိုးရက လုပ်ဆောင်နေကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့က UMFCCI ၌ ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် ပြောထားပြီး ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ကြည့်မြင်တိုင်၊ တွံတေးနှင့် ဆိပ်ကြီးခနောင်တို့ မြို့နယ် များတွင် တည်ဆောက်သွားရန် လျာထားခြင်း ဖြစ်ပြီး ရန်ကုန်မြို့သစ်စီမံ ကိန်းကို ကြည့်မြင်တိုင်မြို့နယ် တစ်ဘက်ကမ်းတွင် ယခု ဖေဖော်ဝါရီလ ကုန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော် မည် ဖြစ်သည်။

အရောင်းအ၀ယ်အေးကာ ဈေးတက်နေသော်လည်း ရောင်းမည့်သူ ရှား ပါးနေသည်ဟု တွံတေးမှ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်သူ ဦးအောင်သိုက်ထွဋ် က ပြောသည်။

"ပြီးခဲ့တဲ့ တစ်လ၊ နှစ်လ အတွင်းမှာတော့ ကွာခြားမှုမရှိ ဘူး။ ပြောရမယ် ဆိုရင် ၂၀၁၄၊ ၂၀၁၅ လောက်က ဈေးကွက်အတိုင်းပဲ။ သိပ်ပြီးတော့ အဝယ် မလိုက်သလို သိပ်ပြီးတော့ ရောင်းမယ့်လူလည်း ရှားပါးပါတယ်" ဟု တွံတေး မှ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူ ဦးအောင်သိုက်ထွဋ် က လက်ရှိအခြေ အနေကို ပြောသည်။ ယခုပြုလုပ်မည့် ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန် စည်ပင်သာယာရေးကော်မတီနှင့် JICA တို့ ပူးပေါင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ် အပါဝင် မြို့သစ် ၇ ခု ပါဝင်သည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

CarsDB
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service