အမေရိကန်ပြည်ထောင်စု၊ မီယာမီကမ်းခြေရှိ အပန်းဖြေနေအိမ်တစ်လုံးသည် လေလံတင်ရောင်းချရာတွင်
၅မိနစ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၀၂၅ သန်းဖြင့်
ရောင်းထွက်သွားကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မီယာမီကမ်းခြေ၊ Marine Pde ၊ အမှတ် ၁၁၄ ရှိ အဆိုပါနေအိမ်၏ အကျယ်အဝန်းမှာ ၄၀၅ စတုရန်းပေ ဖြစ်သည်။
ယင်းနေအိမ်ကို ဒေသတွင်းမှ ဝင်ရောက်လေလံဆွဲသူ ၁၀ ဦးရှိခဲ့သည်။
ကန်ဒေါ်လာ ၂ ဒသမ ၇ သန်းဖြင့် စတင်လေလံဖွင့်ခဲ့ပြီး
၂ ဒသမ ၉၅ သန်းတွင် အတန်ငယ်တန့်နေပြီးနောက်
လေလံဆွဲသူနှစ်ဦးမှ ဆက်လက်ယှဉ်ပြိုင်လေလံဆွဲရာတွင်
ဒေါ်လာ ၃ သန်းကျော်အထိ ရောက်ရှိသွားခြင်း ဖြစ်သည်။
Apollo Auctions မှ လေလံအရာရှိ ဂျပ်စ်တင် နစ်ကာဆန်က ပိုမိုဈေးပေးမည့်သူရှိ၊ မရှိ မေးမြန်းခဲ့သော်လည်း
ဆက်လက်ယှဉ်ပြိုင်မည့်သူ မရှိခြင်းကြောင့် ၃ ဒသမ ၀၂၅ သန်းဖြင့် ရောင်းချကြောင်း ကြေညာလိုက်ခြင်း ဖြစ်သည်။
နေအိမ်တွင် အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၃ ခန်းပါဝင်ပြီး ဈေးကွက်အရောင်းမြှင့်တင်ရေးလုပ်ငန်း
လုပ်ကိုင်နေသည့် လူငယ်ဇနီးမောင်နှံမှ ဝယ်ယူသွားခြင်း ဖြစ်သည်။
အဆိုပါဇနီးမောင်နှံက ပြောကြားရာတွင် ယခုနေအိမ်ရှေ့မှ ကြိမ်ဖန်များစွာ ဖြတ်သွားခဲ့ဖူးကြောင်း၊ ဤနေရာသည် မိမိတို့၏ တတိယမြောက်ရင်သွေးကို ပြုစုပျိုးထောင်ရန်
အကောင်းဆုံးနေရာဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားသည်။
ယင်းနေအိမ်ကို လွန်ခဲ့သော ၁၀ နှစ်ခန့်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဘရစ္စဘိန်းမှ မိသားစုတစ်ခုက ပိုင်ဆိုင်ခဲ့ပြီး အားလပ်ရက်အပန်းဖြေရန် အသုံးပြုခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)