နည်းပညာရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်း ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ
လိုင်စင်ရကန်ထရိုက်တာများအသင်းနှင့် ဟောင်ကောင်
အခြေစိုက်လုပ်ငန်းရှင်အသင်းများ ပထမဆုံးအကြိမ် လုပ်ငန်းဆိုင်ရာ နှီးနှောဖလှယ်မှုတစ် ခုကို
ဖေဖော်ဝါရီ ၂၀ ရက်ကပြုလုပ်ခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းဝင်ကုမ္ပဏီများ ၏လုပ်ငန်း များတွင် နည်းပညာအရလည်းကောင်း၊ ရင်းနှီးမြှုပ် နှံမှုအရလည်းကောင်း ပူးပေါင်း ဆောင်ရွက်နိုင်ရန် Lion Myanmar International Co.,Ltd မှ ဟောင်ကောင်အခြေစိုက် Hong Kong Trade Development Council (HKTDC) ၊ China Real Estate Chamber of Commerce Hong Kong and International (CRE- CCHKI) အသင်းတို့ကို ဖိတ်ခေါ်ခဲ့ ခြင်းဖြစ်ပြီး လုပ်ငန်းဆိုင်ရာနှီးနှော ဖလှယ်ပွဲ ကို ဖေဖော်ဝါရီ ၂၀ ရက်က Sky Star Hotel ၌ကျင်းပပြု လုပ်ခဲ့ ကြောင်း သိရသည်။
မြန်မာနိုင်ငံ လိုင်စင်ရကန်ထ ရိုက်တာများအသင်း၏ဥက္ကဋ္ဌ ဦး ကျော်ဝင်းက
" နိုင်ငံခြားအသင်းအဖွဲ့နဲ့ ပထမဆုံးအကြိမ်တွေ့ ဆုံတာ ဖြစ်ပါတယ်။
အစိုးရ သစ်ပြောင်းလဲ ပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုတွေကို ကမ္ဘာကနေပို မိုစိတ်ဝင်စားလာကြပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ချင်ကြတယ်။ နိုင်ငံမှာလည်း
အခြေခံ အဆောက်အအုံ၊ လမ်း၊ တံတားတွေနဲ့ပတ်သက်ပြီး
လုပ်စရာအများ ကြီး ကျန်ပါသေးတယ်။ ရန်ကုန်မြို့မှာဆိုရင် ရေပေးဝေရေး ကိစ္စတွေ၊ လမ်းပန်းဆက်သွယ်ရေးမှာ ယာဉ်ကြောကျပ်တည်းမှုဖြစ်
တာတွေ မှာ ရင်းနှီးမြှုပ်နှံမှုတွေအများကြီးလို ပါတယ်။ အစိုးရအနေနဲ့လည်း
မြို့ သစ်စီမံကိန်းဆောင်ရွက်ဖို့လည်း စီမံနေတာတွေရှိတဲ့အတွက်
ဒါတွေ ကိုစိတ်ဝင်စားရင် ပူးပေါင်းဆောင် ရွက်လို့ရပါတယ်"
ဟု ယင်း လုပ် ငန်း ဆိုင်ရာနှီးနှောဖလှယ်ပွဲ၌ ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းအနေဖြင့် တရုတ် နိုင်ငံဟောင်ကောင်အခြေစိုက် Hong Kong Trade Development Council (HKTDC) ၊ China Real Estate Chamber of Commerce Hong Kong and
International (CRECCHKI) အသင်းတို့ အပြင် စင်ကာပူ၊ ထိုင်းနိုင်ငံများ မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်း များနှင့် လည်း တွေ့ဆုံနိုင်ရန် ကမ်း လှမ်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံ လိုင်စင်ရကန်ထ ရိုက်တာများအသင်း၏ဒုတိယဥက္ကဋ္ဌ ဦးတင်မောင်ဝင်း က " အခုက ဟောင်ကောင် အခြေစိုက် နိုင်ငံတကာ
လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီး လုပ်ငန်းဆိုင် ရာနှီးနှောမှုပြုလုပ်တာဖြစ်တဲ့အတွက် သူတို့ဆွေးနွေး လာမယ့်အပေါ်စောင့် ကြည့်ပြီးမှ လုပ်ငန်းတွေကိုဆွေးနွေး အကောင်အထည်ဖော်ရမှာ ဖြစ်ပါ
တယ်။ အသင်းအနေနဲ့ စင်ကာပူ၊ ထိုင်းနိုင်ငံတွေက ဆောက်လုပ်ရေး လုပ်ငန်းရှင်အသင်းတွေနဲ့လည်း ချိတ် ဆက်နိုင်ဖို့ ကမ်းလှမ်းထားပါတယ် " ဟု ဖေဖော်ဝါရီ ၂၀ ရက် က ဒီမိုက ရေစီတူဒေးသို့ပြောသည်။
ယင်းအပြင် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများ
အသင်းအနေဖြင့် အသင်းဝင်ကုမ္ပဏီများစုပေါင်း ကာအများပိုင် ကုမ္ပဏီလီမိတက် တစ်ခုအားတည်ထောင်ရန်
ဆောင်ရွက်လျက်ရှိပြီး အများပိုင်ကုမ္ပဏီလီမိတက်
တည်ထောင်ပြီးပါက ရန်ကုန်တိုင်းဒေသကြီး အပြင် ပြည်နယ် နှင့်
တိုင်းဒေသကြီးများတွင် လိုအပ်သည့်လုပ်ငန်းစဉ်များကို
အကောင် အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Credit: Democracytoday