အမျိုးသမီး ဖက်ရှင်အ၀တ်အထည်စတိုးဆိုင် လုပ်ငန်းတစ်ခုဖြစ်တဲ့
Intermix ရဲ့ ပိုင်ရှင်ဟောင်းဖြစ်တဲ့ Khajak Keledjian ဟာ
၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ သူ့ရဲ့ တရားထိုင်ခြင်း အလေ့အထက
နေအကျိုးအမြတ်ကောင်းကျိုးတွေ များစွာ ရရှိနေပြီ ဖြစ်ပါတယ်။
သူဟာ ယခုအခါ နယူးယောက်အခြေစိုက် Inscape လို့ခေါ်တဲ့
တရားထိုင်စတူဒီယို တစ်ခုကို ဖွင့်လှစ်ထားပြီးတော့ ယင်းကနေ
တဆင့် ကမ္ဘာကြီးကို စိတ်အေးချမ်းတည်ငြိမ်စေတဲ့ အလေ့အထကို
ပြန့်ပွားမိတ်ဆက်စေဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
တရားထိုင် စတူဒီယို ဈေးကွက်ဟာလည်း ယခုဆိုရင် ဒေါ်လာ
၁ ဘီလီယံထိ ကြီးမားကျယ်ပြန့်လာနေကာ အများအကြား
ပေါ်ပြူလာဖြစ်လာနေတဲ့အပြင် ယနေ့နည်းပညာခေတ်ထဲမှာလည်း
ခေတ်မီဆန်းပြားတဲ့အထောက်အကူပြု နည်းပညာ
အက်ပလီကေးရှင်းတွေကပါ ယင်းလုပ်ငန်းကို များစွာ
ထောက်ပံ့ပေးထားနိုင်ပြီ ဖြစ်ပါတယ်။
Khajak Keledjian ရဲ့ Inscape ကတော့ တရားထိုင် ခြင်း
အလေ့အထကို လုပ်ဆောင်လိုသူတွေအတွက် ကျွမ်းကျင်
နားလည်သူတွေက လမ်းညွန်ပြသမှုတွေနဲ့ အတူ အုပ်စုလိုက်
သင်တန်းအစုအဖွဲ့တွေနဲ့ပါ လုပ်ဆောင်နိုင်မယ့် နေရာကောင်း
တစ်ခု ဖြစ်နေပြီ ဖြစ်ပါတယ်။
Inscape ရဲ့ ဧည့်ခန်းကိုတော့ ယောဂစတူဒီယို တစ်ခုအတိုင်း
ဖွဲ့စည်းပြင်ဆင်ထားပါတယ်။ စာအုပ်တွေ၊ ဖယောင်းတိုင်တွေ
ကိုလည်း ၀ယ်ယူရရှိနိုင်မှာဖြစ်သလို လော့ကာတွေ၊ နားနေခန်း
တွေလည်း အနောက်ဘက်မှာ ရှိနေပါတယ်။
လမ်းညွန်ပြသပေးမယ့်ဆရာဆရာမတွေကလည်း ဒီကို ရောက်လာ
သူတိုင်းကို တိတ်ဆိတ်တည်ငြိမ်စွာနဲ့ပဲ ကြိုဆိုပေးလာမှာ ဖြစ်ပါတယ်။
စိတ်ကို တည်ငြိမ်ပြေလျော့သက်သာစေဖို့အတွက် ယောဂ
ဘောင်းဘီနဲ့ ချောင်ချိတဲ့ အကျီတို့ကိုပါ ၀တ်ဆင်နိုင်ပါတယ်။
ယင်းမှာ တက်ရောက်နိုင်တဲ့ အတန်းတွေ အမျိုးမျိုး ရှိနေပြီး
နှစ်သက်ရာ ရွေးချယ်တက်ရောက်နိုင်ပါတယ်။ "Focus" ဆိုတဲ့
အတန်းမှာဆိုရင် တက်ရောက်သူတွေကို တစ်ခုတည်းအပေါ်မှာပဲ
စိတ်ကို နှစ်ထားစေတဲ့အလေ့အကျင့်ကို ပြသပေးမှာဖြစ်တယ်လို့
သိရပါတယ်။
Inscape ဟာ တရားထိုင်ခြင်းနဲ့ပတ်သက်တဲ့ အခြားသော
လေ့ကျင့်မှုအပိုင်းတွေကိုပါ သင်ကြားပြသပေးမှာဖြစ်ပြီး
ယင်းတို့ထဲမှာတော့ သတိတရားကို ထိန်းကပ်မှု၊ စိတ်မှာ
ရုပ်လုံးဖော်မြင်ယောင်မှု စတာတွေ ပါဝင်မှာဖြစ်ပါတယ်။
ဒီထဲကို ရောက်လာသူတွေရဲ့ စိတ်တွေကို တည်ငြိမ်စေဖို့အတွက်
သင်ကြားပြသသူ က နည်းလမ်းပြသပေးမှာဖြစ်ပါတယ်။ အသက်ကို
တည်တည်ငြိမ်ငြိမ် မှတ်ပြီး ရှုရှိုက်ဖို့၊ ၀င်သက်ထွက်သက်
တစ်ခုပေါ်မှာပဲ မှတ်သားဖို့ ပြသပေးမှာဖြစ်ပါတယ်။
Inscape ကနေ ပြန်သွားမယ်ဆိုရင် ယခင်ကထက် ပိုမိုစိတ်
တွေ ပြေလျော့သက်သာနေတာကို တွေ့ရနိုင်မှာဖြစ်ပြီးတော့
နယူးယောက်မှာ တွေ့ရဖို့ခက်တဲ့ တကယ်ပဲဆိတ်ငြိမ်
အေးဆေးတဲ့နေရာကနေ အကျိုးကျေးဇူးတွေ များစွာ ရရှိဖို့ရှိနေပါတယ်။
Credit: Business Insider