ဝန်ကြီးချုပ်ပြောဆိုမှုကြောင့် မြေဈေးကျဆင်းခြင်းမဟုတ်ကြောင်း အိမ် ခြံ မြေ အကျိုးဆောင်များပြောကြား

ဝန်ကြီးချုပ်ပြောဆိုမှုကြောင့် မြေဈေးကျဆင်းခြင်းမဟုတ်ကြောင်း အိမ် ခြံ မြေ အကျိုးဆောင်များပြောကြား - Property News in Myanmar from iMyanmarHouse.com
21 Feb 2017 9:32 am တွင် တင်ခဲ့သည်
1110 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေဖြင့် အိမ် ခြံမြေ ဈေးနှုန်းကြီးမြင့်နေမှုများအားကျဆင်းစေရန်ဆောင်ရွက်သွားမည်
ုပာုပြောကြားခဲ့သော်လည်း
လက်ရှိဈေးနှုန်းများကျဆင်းနေရခြင်းသည် ဝန်ကြီးချုပ်၏ ပြောဆိုချက်ကြောင့်မဟုတ်ဘဲ အရောင်းအဝယ်အေးစက်မှုကြောင့်သာဖြစ်ကြောင်း
အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေကြသူများမှ ထောက်ပြပြောဆိုသည်။

""ခုလက်ရှိအခြေအနေမှာလည်း အိမ် ခြံ မြေဈေးတွေကကျနေတာပါပဲ။ဒါပေမယ့် ဝန်ကြီးချုပ်ပြောလိုက်လို့ကျတာမဟုတ်ဘူး။သူ့ဘာသာသူ အရောင်းအဝယ်မဖြစ်လို့ဈေးကျနေတာပါ။၂၀၁၅ ကနေ ကနေ့အထိပြန်ကြည့်မယ်ဆိုရင် ၂၀ ရာခိုင်နှုန်းလောက်ကနေ ၃၀ ရာခိုင်နှုန်းလောက်အထိ ဈေးကျသွားတယ်။""ဟု ရန်ကုန်တိုင်းအိမ် ခြံ မြေ လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးစိုင်းခွန်နောင်မှ ပြောပြသည်။

လက်ရှိကာလအထိ ဈေးနှုန်းကျဆင်းနေရခြင်းမှာ ဝန်ကြီးချုပ်ပြောဆိုမှုကြောင့် ကျဆင်းခြင်းမဟုတ်ကြောင်း ၊ ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာခြင်းမရှိမှု၊ကမ္ဘာ့စီးပွားရေးကျသည့အတွက် ရိုက်ခတ်မှု၊ ရင်းနှီးမြုပ်နှံမှုဥပဒေကြမ်းထွက်ပေါ်လာမှုမရှိခြင်းစသည့် အချက်အလက်များကြောင့်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်မှဆက်လက်ပြောပြခဲ့သည်။အိမ် ခြံ မြေ ဈေးနှုန်းများအား ထိန်းချုပ်ခြင်းထက် လက်ရှိမြေဈေးအားတည်ငြိမ်အောင် အရင်ပြုလုပ်သင့်ကြောင်းလည်း အကျိုးဆောင်များကပြောသည်။

""တည်ငြိမ်မှုရှိပြီ၊တိုင်းပြည်ရဲ့ GDP လည်း မြင့်ပြီ၊တစ်ဦးချင်းဝင်ငွေလည်းထိုက်သင့်သလောက်ရှိပြီဆိုရင် ဒီလောက်ထိမူဝါဒတွေလိုက်လုပ်စရာမလိုဘူး။နောက်ပြီး တစ်ခြားသောအခွင့်အလမ်းတွေကနေ
ဝင်ငွေရအောင်ဖော်ဆောင်ပေးနိုင်ရင် ဘယ်သူကမှ မြေတစ်ခုတည်းမြုပ်နှံတော့မှာမဟုတ်ဘူး။ဒီနိုင်ငံမှာက တစ်ခြားသောရင်းနှီးမြုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတွေက နည်းနေတယ်။နောက်တစ်ခါ မြို့တွေကို develop ဖြစ်အောင်လုပ်တဲ့နေရာမှာ ရန်ကုန် ၊မန္တလေး ၊နေပြည်တော်တင်မဟုတ်ဘဲ ကျန်တိုင်းနဲ့ပြည်နယ်တွေကိုပါ တန်းတူ ဖွံ့ဖြိုးအောင်လုပ်နိုင်ရင်တော့စုပြုံတိုးပြီးရင်းနှီးမြုပ်နှံနေကြရာကနေ ပြန့်သွားမှာပေါ့။ဝန်ကြီးချုပ်ဦးဖြိုးမင်သိန်းပြောတာကလည်း သူတို့ဖြစ်စေချင်တဲ့ သူတို့ရဲ့ရည်မှန်းချက်ပေါ့လေ။ဝန်ကြီးပြောလို့မြေဈေးကျသွားတာတော့မဟုတ်ဘူး"""ဟု
ရန်ကုန်အခြေစိုက် အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းတစ်ခုမှ GM ဦးရွှေမောင်မှ ပြောဆိုသုံးသပ်သည်။

၂၀၁၆ နှစ်ကုန်ပိုင်းနှင့် ၂၀၁၇ နှစ်ဦးတွင် အတန်ငယ်ပြန်လည်ဦးမော့လာခဲ့သော အိမ် ခြံ မြေ အရောင်းအဝယ်မှာ ယခုအခါ ပြန်လည်အေးစက်လာပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ထက် အငှားဖြစ်မှုသာ ပိုမိုအားကောင်းလျက်ရှိသည်။လတ်တလော အရောင်းအဝယ်ဖြစ်နေသည့်နေရာများမှာ ဗဟန်း ၊ ရန်ကင်း ၊ မရမ်းကုန်း အစရှိသည့် မြို့နယ်များဖြစ်ပြီး မြို့သစ်များတွင်
သိန်း ၆၀၀ နှင့် သိန်း ၈၀၀ ကြား မြေကွက်များ အရောင်းအဝယ်ဖြစ်နေကြောင်းဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

Maha Nadi Condominium
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service